ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးကြပ်စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦး ဒေသအတွင်း ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်စေတီပုထိုး တော်အဆူ ၂၀ ကို အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်အညီ ပြန်လည် ပြုပြင် မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ပြုပြင်မွမ်းမံခြင်းလုပ် ငန်းများ ဆောင်ရွက်ရာ၌ စေတီတော်အဆူ ၁၂ ဆူအား ရှေးမူ လက်ရာမပျက် ဘက်စုံအင်္ဂါစုံပြု ပြင်မည်ဖြစ်ပြီး အလားတူ စေတီပုထိုး ၈ ဆူကိုလည်း ရှေးမူ လက်ရာများအတိုင်း စနစ်တကျ အနုစိတ်ပြုပြင်ထိန်းသိမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရ သည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပေါ များစွာ တည်ရှိနေသော မြောက်ဦးဒေသအတွင်း ဘုရား၊ ပုထိုး၊ စေတီအစရှိသော ယဉ်ကျေးမှုအမွေအနှစ်အချို့မှာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှုအားနည်းချက် များကြောင့် ဆယ် စုနှစ်ပေါင်းများစွာ ကြာမြင့်လာ သည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများရှိလာသည်။ ထိုသို့ ပျက်စီးယိုယွင်းမှုများကို နီးစပ်ရာဒေသခံအချို့မှာထိန်းသိမ်း ပြုပြင်လိုစိတ် သဒ္ဓါတရားထက်သန်စွာဖြင့် ကိုယ့် နည်းကိုယ့်ဟန် အစီအစဉ်များဖြင့် ပြန်လည် ပြုပြင်မွမ်းမံဆောင်ရွက်မှုများကြောင့် ရှေးမူလက်ရာ အနေအထားများ မတူကွဲပြားခြားနားလာသည်ဟုဆိုသည်။
“အခုယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်တိုင်ကြီးကြပ်စီစဉ်မှုနဲ့ ပြန်လည်ပြုပြင်မွမ်းမံမယ်ဆိုတော့ ကောင်းတာပေါ့။ မြောက်ဦးဒေသမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဘုရား၊ ပုထိုးစေတီတချို့ နှစ်ကာလသက်တမ်း ကြာလာ တာနဲ့အမျှ အစိတ်အပိုင်းတချို့ ယိုယွင်းပျက်စီးမှုတွေ ရှိလာပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကကိုယ်တိုင်ကြီး ကြပ်စီစဉ်ပြီး ပြန် လည်ပြုပြင်မွမ်းမံမယ်ဆိုတော့ ကောင်းတာပေါ့”ဟု မြောက်ဦးမြို့ခံ ဘုရားသမိုင်းသုတေသီက သူ့အမြင်အား သုံးသပ်ပြောသည်။ ယခုပြန်လည်ပြုပြင် မွမ်းမံလာမည့် စေတီပုထိုးတော်အဆူ ၂၀ မှာ ပြည်တွင်းဘုရားဖူးဧည့်သည်များနှင့် ကမ္ဘာလှည့်ခရီးသွားများသွားရောက်မှုများသော မြို့ ပြနှင့် မြို့မြဒေသ အနီးအနား နေမြေဧရိယာအတွင်း ကျရောက်တည်ရှိနေကြောင်းလူသူအရောက်ပေါက်နည်းသော ကျေးလက်ဒေသများရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဘုရား၊ပုထိုးစေတီ တော်အချို့ ယိုယွင်းပျက်စီးမှုများကိုလည်း စစ်တမ်းကောက်ယူပြီးပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်နေကြောင်းလည်း ၎င်းကဆက်လက် ပြောသည်။


