အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ငြိမ်းချမ်းရေးရရှိရန်အတွက် အရေးအကြီးဆုံးနှင့် ပထမဆုံးလုပ်ရမည်မှာ အပစ်အခတ်ရပ်စဲရေးနှင့် ရိုးသားပွင့်လင်း
သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ဖြစ်ကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
““ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းဖို့ဆိုရင် တန်းတူညီတူရေးဆိုတာရှိရမယ်။ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်ယုံကြည်ခြင်းဆိုတာ ရှိရမယ်။ ဒါတွေက နေ့ချင်းညချင်း ဖြစ်နိုင်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေထဲမှာ ဗမာကို ထည့်ထည့်ပြောရတယ်။ ကျွန်မ တိုင်းရင်းသားတွေကြားမှာ အေးချမ်းမှုဆိုတာ ဗမာတွေကလည်း အခြားတိုင်းရင်းသားတွေနဲ့ အတူတူပဲ။ အားလုံးက အေးအေးချမ်းချမ်းနေဖို့ဆိုရင် ကျွန်မတို့အင်မတန်ကြိုးစားပြီးလုပ်ရမယ့် ကိစ္စပါ။လွယ်လွယ်နဲ့တော့ဖြစ်မှာမဟုတ်ပါဘူး””
““ဘာဖြစ်လို့လဲဆိုရင် သမိုင်းအစဉ်အလာအရကို တစ်ယောက်နဲ့တစ်ယောက်ကိုမယုံကြည်တဲ့စိတ်တွေ၊ တစ်ယောက်နဲ့တစ်ယောက်ကို သံသယနဲ့မြင်တဲ့အလေ့အထတွေရှိနေတယ်ဆိုတော့ ဒါတွေကိုပေါက်မြောက်အောင်ဆိုတာ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ရဲ့နိုင်ငံရေးမူအရပြောရမယ်ဆိုရင် ပထမဆုံးစလုပ်ရမှာကတော့ တွေ့ဆုံဆွေးနွေးမှု၊ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်နိုင်မယ့် တွေ့ဆုံဆွေးနွေးရေးဆိုတာ အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ပစ်နေလို့တော့မဖြစ်ဘူးလေ။ အပစ်အခတ်ရပ်စဲရမယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
လက်ရှိ ကချင် ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ခိုက်မှုများမှာ စိုးရိမ်ဝမ်း နည်းစရာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကပြော သည်။ ထို့အပြင် ပြည်တွင်းငြိမ်း ချမ်းရေးအတွက် သူမအနေဖြင့် ကူညီရန်အသင့်ရှိကြောင်းကို လည်း အောက်ပါအတိုင်း ပြောကြားသည်။
““ဇူလိုင်လတုန်းကဆို သမ္မတ ကြီးဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတချို့ကို အိတ်ဖွင့် ပေးစာပေးပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အေး အေးချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး ပြ ဿနာဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါ တယ်။ ကျွန်မအနေနဲ့ ဘယ်နေရာ ကဖြစ်ဖြစ် ကူညီနိုင်လို့ရှိရင် ကူညီ ချင်ပါတယ်ပြောခဲ့ပါတယ်။ အခု လည်း ဒီအတိုင်းပါပဲ။ ဘယ်တော့ မဆိုကျွန်မတို့အနေနဲ့ ကျွန်မတစ် ယောက်တည်းအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သော်လည်း ကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်ထောင့်တစ်နေ ရာကနေ ကူညီနိုင်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ၀င်ရောက်ပါဝင် ကူညီဖို့ အသင့်ပါပဲလို့ပြောချင် ပါတယ်”” ။


