ပြည်ပသို့ ပုံမှန်ကုန်သွယ်ရေးမှ ဆန်တင်ပို့ခွင့်လိုင်စင် လျှောက်ထားရာတွင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ထောက်ခံချက်ယူစရာမလိုဘဲ ဆောင်ရွက်ပေး
မည်ဟုဝန်ကြီးက ပြောသည်။“ဆန်တင်ပို့ချင်ရင် ချေးငွေပါပေးမယ်။ နေ့ချင်းပြီးလည်း လုပ်ပေးမယ်”ဟု ဦးဝင်းမြင့်ကဆက်လက်ပြောသည်။
သို့သော် နယ်စပ်မှ ဆန်တင်ပို့ပါက သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ ထိပ်တန်းအ ရာရှိကြီးတစ်ဦးက ပြောသည်။ယခင်က ဆန်တင်ပို့ရာတွင် ပြည်တွင်းရှိ ကုန်သည်ကြီးတချို့က လက်ဝါးကြီးအုပ်မှာ စိုးရိမ်ခြင်းနှင့် ကုမ္ပဏီငယ်များ တင်ပို့နိုင်စေရန်တွက် ဆန်တင်ပို့ခွင့်လိုင်စင်အား မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ထောက်ခံချက်ပေးမှာသာ သက်ဆိုင်ရာက လိုင်စင်ထုတ်ပေးခဲ့သည်။
ယခုလက်ရှိတွင်ဆန်စပါး တင်ပို့မှုမှာ၂၀၁၁မေလမှ၊ ယခုနှစ်ဇန်န၀ါရီအထိ ဆန်တန်ချိန်နှစ်သိန်းငါးသောင်းကျော်တင်ပို့ဖြစ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ဆန်နှင့်ပဲ ပြည်ပဈေးကွက်သစ်များရှာဖွေနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းဦးဆောင်သော ကိုယ်စား
လှယ်အဖွဲ့တစ်ဖွဲ့မှာ ပြည်ပသို့သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


