“ ပြည်သူတွေကို သတင်းစကားပါးရမယ်ဆိုရင် ...ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေမှာလည်းတာဝန်ရှိတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ နောက်ခုနက ပြောသလိုအန်တီရဲ့ဦးဆောင်မှုကို အားကိုးပါတယ်ဆိုတာ။ လူတစ်ဦး တစ်ယောက်ကို သိပ်ပြီးအားကိုးလို့ရှိရင် ဒီမိုကရေစီအတွက် မကောင်းပါဘူး။ ဒီမိုကရေစီရှင်သန်ဖို့၊ ဒီမိုကရေစီခိုင်မာဖို့ဆိုတာ ပြည်သူတွေက မိမိတို့ကိုယ်တိုင်ပါဝင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ချင်တဲ့စိတ်တွေ တိုးတက်လာဖို့လိုပါတယ်။ အဲဒါတွေအတွက်လည်း အန်တီတို့က ကြိုးစားရမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အဓိကလုပ်ငန်းဟာ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီမိုကရေစီစံနှုန်းထားတွေ ခိုင်ခိုင်မာမာဖြစ်လာဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီစံချိန်၊ စံနှုန်းထားတွေအရ လှုပ်ရှားသင့်တဲ့အချိန်မှာ လှုပ်ရှားရဲဖို့ အဲဒီလိုစိတ်တွေဖြစ်အောင်လို့ လုပ်ရမှာဖြစ်ပါတယ်”
-ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၁၄ ရက် သတင်းစကား


