နေပြည်တော်ပျဉ်းမနားတွင် ယခုလ ၁၅ ရက်ညပိုင်းက ပြည့်တန်ဆာအိမ်တစ်အိမ်သို့ အမာခံသတင်းပေးကူညီသူအား ပြည့်တန်ဆာခငွေပေးစေပြီး ထောင်ချောက်ဆင်ဖမ်းဆီးမှုကြောင့် ပြည့်တန်ဆာခေါင်းအမျိုးသမီးတစ်ဦးနှင့် ပြည့်တန်ဆာကိုးဦးအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ရဲများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က အမာခံသတင်းပေးနှစ်ဦးအား ပြည့်တန်ဆာပျော်ပါးခနှစ်သောင်းကျပ်အား မိတ္တူဆွဲမှတ်တမ်းတင်ကာပေးပြီး ပြည့်တန်ဆာ
သတင်းရရှိထားသော နေပြည်တော်ပျဉ်းမနားပေါင်းလောင်း (၂)ရပ်ကွက် မေတ္တာလမ်းနေ ဒေါ်xxxx ၏ နေအိမ်သို့ ပြည့်တန်ဆာနှင့်ပျော်ပါးရန် ခေါ်ယူရွေးချယ်ခိုင်း လိုက်သည်ဟုဆိုသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် ဒေါ်xxxxထံမှ မိတ္တူဆွဲမှတ်တမ်းတင်ပေးထားသော ငွေနှစ်သောင်းအပြင် အခြားသောငွေကြေး များနှင့် ပြည့်တန်ဆာကိစ္စအလို့ငှာ ရောက်ရှိနေသည်ဟုဆိုသောမိန်းမငယ်ကိုးဦးတို့ကိုပါ တွေ့ရှိခဲ့ရသည်။သို့ဖြစ်၍ ပြည့်တန်ဆာခေါင်းပြုလုပ်သည်ဟုဆိုသော ဒေါ်xxxxxအား နေပြည်တော်ပျဉ်းမနားရဲစခန်း (ပ) ၄၉/၂၀၁၂ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၅(၁) အရလည်းကောင်း၊ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိ နေသော အမျိုးသမီးငယ်ကိုးဦးအား နေပြည်တော် ပျဉ်းမနားရဲစခန်းက (ပ) ၅၀/၂၀၁၂ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပုဒ်မ ၃(က) အရလည်းကောင်း အသီးသီးအမှု ဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရသိရသည်။


