May 20, 2012

မြန်မာယူ-၁၉ နိုင်ပွဲမရှိဘဲ အိမ်ပြန်လာ

ရန်ကုန်၊ နိုဝင်ဘာ- ၉

 

ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာရှယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာယူ-၁၉ အသင်းသည် နိုင်ပွဲတစ်ပွဲမှမရရှိခဲ့ဘဲ အုပ်စုအ ဆင့်မှထွက်ခဲ့ရသည်။

အသင်းငါးသင်းပါဝင်ခဲ့သည့် ၎င်းင်းအုပ်စုတွင် မြန်မာလူ ငယ်အသင်းသည် လာအိုနှင့် ဗီယက်နမ်အသင်းများအား ၂-၂ ဂိုးစီသရေနှင့် မြောက်ကိုရီးယားအသင်းအား ၂-၀ ဖြင့် ရှုံးနိမ့် ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင်လည်း မလေးရှားအသင်း ဂိုးမရှိသရေ ထပ်ကျခဲ့ပြီး သုံးပွဲသရေ တစ်ပွဲရှုံး ရမှတ် ၃မှတ်ဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။

အုပ်စုပွဲစဉ်များအပြီးတွင် မြောက်ကိုရီးယားအသင်းက ရမှတ် ၁၀မှတ်ဖြင့် အုပ်စုပထမ၊ အိမ်ရှင်ဗီယက်နမ်အသင်းက ရ မှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယရရှိပြီး အသီးသီး ခြေစစ်ပွဲအောင် မြင်ခဲ့သည်။

မြန်မာယူ-၁၉အသင်းမှ ကစားသမားအများစုပါဝင်သော အသင်းသည် ယခုခြေစစ်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပခဲ့သော အသက်(၂၁)နှစ်အောက်  BIDC   ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ့သည်။ ထို့ကြောင့် အဆိုပါအသင်းကို ခြေစစ်ပွဲအောင်ရန် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက အထူးမျှော်လင့်ခဲ့ကြသည်။ BIDC   ဖိတ်ခေါ်ဖလားတွင် ဗိုလ်စွဲခဲ့ခြင်းကြောင့်လည်း တခမ်းတနားဂုဏ် ပြုခဲ့ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကျော် ပေးအပ်ချီး မြှင့်ခဲ့သည်။ ထိုအသင်းမှာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံယူ-၁၉ ပြိုင်ပွဲတွင်လည်း ခြေစွမ်းမပြနိုင်ခဲ့ပေ။