May 20, 2012

မြန်မာအာဆီယံဥက္ကဋ္ဌရာထူးရလျှင် ဘယ်လိုအကျိုးရှိမလဲ

7Day News Journal

အဲဒီအတွက် အခွင့်အလမ်းကိုသာ ကျွန်တော်တို့ ပီပီသသလုပ်နိုင်မယ်ဆိုရင် ၂၀၁၄ မှာ ဥက္ကဋ္ဌ ဖြစ်ရကြိုးနပ်မယ်လို့ ထင်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ဝန်နဲ့ လာမယ့်လှိုင်းလုံးနဲ့ ကျွန်တော်တို့လှေနဲ့ တန်ပါ့မလား။ လှိုင်းလုံးက ကြီးကြီး လှေက သေးနေရင်လှိုင်းကြီးအောက် လှေမြုပ်သွားနိုင်တယ်။ ကိုယ့်လှေကိုအရင်ကြီးအောင်လုပ်ထားဖို့လိုတယ်။  အထူးသဖြင့် ကျွန်တော်တို့ လှေ ပေါ်မှာပဲ့ ကိုင်တဲ့လူတွေ တော် မယ်ဆိုရင် လှိုင်းကြီးလှေကြီးပေ မယ့် အခက်အခဲမရှိနိုင်ဘူး။ ကျွန် တော်ထပ်တလဲလဲပြောနေတာလူ့ စွမ်းအားအရင်းအမြစ်နဲ့ စွမ်း ဆောင်ရည်က  အရေးကြီးလို့ပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

အာဆီယံဥက္ကဋ္ဌဖြစ်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိနိုင်သလဲဆိုတဲ့ မေးခွန်းကတော့ အန်တီအမြင်ကတော့ မြန်မာနိုင်ငံအတွက် တကယ်အကျိုးရှိနိုင်တဲ့ကိစ္စက အာဆီယံဥက္ကဋ္ဌဖြစ်ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည်သူတွေက ကျေနပ်ရေး၊ မကျေနပ်ရေးပဲဖြစ်တယ်။ ပြည်သူတွေက ငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာတယ်။ ငါတို့ရဲ့ဘ၀တွေဟာကောင်း မွန်လာတယ်ဆိုတာကို ခံစားရပြီဆိုရင် ဘယ်ဥက္ကဋ္ဌရာထူးနဲ့မှ နှိုင်းလို့မရတဲ့ဆုလာဒ်တစ်ခုပဲလို့ အန်တီကတော့ ဒီလိုပဲ မြင်တယ်။ 

 

ဦးမော်သန်း(စီးပွားရေးပညာရှင်)

အခွင့်အလမ်းအနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ အာဆီယံ အ၀န်းအ၀ိုင်းရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နိုင်မှာပေါ့။ အာဆီယံ အင်တီဂရေးရှင်းကလည်း ဥက္ကဋ္ဌသက်တမ်းဖြစ်တဲ့ ၂၀၁၅မှာရှိတဲ့အတွက် အာဆီယံရဲ့ကျယ်ဝန်းတဲ့ကိစ္စတွေအတွက် တာဝန်ကျရောက်လာမယ်။ ပိုပြီး တာဝန်ကြီးပါတယ်။

 

မှူးဇော်(နိုင်ငံရေးဆောင်းပါးရှင်)

အာဆီယံဥက္ကဋ္ဌနေရာ ရယူ ရေးသည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုင်းအ၀ိုင်း၌ တန်း တူရည်တူဖြစ်မှု၊ လူရာဝင်မှု၊  Image Promotion  နှင့်  Nation Branding   ပြုလုပ်နိုင်မှုကို ကိုယ်စားပြုဖော်ညွှန်းနေသည်။  အဓိကအချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာဖြစ်သည်။

မကြာတော့သည့် ကာလအတွင်း Global Power   အဆင့် ကူးပြောင်း တက်လှမ်းတော့မည့် အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားရှိ  The Land in the Clash of Civilization   ဖြစ်၍  အခွင့်အလမ်းရော စိန်ခေါ်မှုများပါ ရောယှက်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေ ရာရယူခြင်းသည်မိမိနှင့်ထိုက်တန်သည့် နေရာမှန်ကို ပြန်လည်ရယူ နိုင်ရန် တက်လှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်။