မြန်မာ့ဘဲဥများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
““ကျွန်တော်တို့ ဘဲဥတွေက သဘာဝအလျောက် အင်းအိုင် ဘေးမှာ လွှတ်ကျောင်းပြီးရော၊ ခြံနဲ့ရော မွေးတဲ့နေရာက ဥချတာ၊ အရသာကို တရုတ်နိုင်ငံကကြိုက်တယ်””ဟု အဆိုပါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းစိန်ကပြောကြားသည်။
ယခုလောလောဆယ်တွင် ဘဲဥရော ကြက်ဥပါ ပြည်တွင်းစားသုံးမှုကို လုံလောက်စွာဖြည့်စွမ်းနိုင်နေပြီး နောင်ကာလတွင်ပြည်ပတင်ပို့နိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
မွေးမြူရေးအသားကဏ္ဍအနေဖြင့် ပြည်ပသို့ အေးခဲအမဲသားကို အများဆုံးတင်ပို့နေရပြီး နောင်တွင် အေးခဲကြက်သားရော ကြက်ဥ၊ ဘဲဥများကိုပါ တင်ပို့နိုင်ရေး အစီအစဉ်ရှိကြောင်း ၎င်းင်းကပြောကြားသည်။
ရန်ကုန်မြို့တွင်းသို့ တစ်နေ့လျှင် ကြက်ဥ ၄၅၀\၀၀၀ ခန့်နှင့် ဘဲဥအလုံးရေ ၆၅၀\၀၀၀ ခန့်စီ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ ကြက်ဥတစ်လုံးလျှင် လက်ကား ဈေးနှုန်း ၈၅ကျပ်နှင့် ဘဲဥတစ်လုံးလျှင် လက်ကားဈေး ၉၂ကျပ် ၀န်းကျင်ရှိကြောင်းသိရသည်။ လက်လီဈေးများတွင်မူ ဘဲဥ၊ ကြက်ဥအကြီး တစ်လုံးလျှင် ၁၂၀ ကျပ်ပေးရသည်။
““မြန်မာ့ဘဲဥတွေ ပြည်ပတင်ပို့ဖြစ်ရင် တရုတ်နိုင်ငံ ဈေးကွက်က ကြီးမားတော့ သူ့ဆီ အရင်သွားဖြစ်မယ်””ဟု ဦးဝင်းစိန်ကပြော ကြားသည်။


