May 20, 2012

မြန်မာပြည် လူနေမြို့ရွာပြဿနာများ

Photo
7Day News Journal

ဒေါက်တာကျော်လတ်
မြန်မာပြည်လူနေမြို့ရွာများ နှင့်ပတ်သက်၍ အဓိကကျသော ၀ိသေသနလက္ခဏာများမှာ (၁) ကျေးလက်ဒေသများမှ မြို့ပြ ဒေသများသို့ ပြောင်းရွှေ့နေထိုင် ခြင်းအားဖြင့် မြို့ပြဒေသများတွင် လူဦးရေတိုးနှုန်းမြင့်မားခြင်း၊ (၂) မြန်မာပြည်တွင် လူဦးရေအများဆုံးဖြစ်သော ရန်ကုန်မြို့သည် ဒုတိယအကြီးဆုံးဖြစ်သည့် မန္တလေးမြို့ထက် ငါးဆခန့် ပိုမိုကြီးလျက်ရှိခြင်း၊ (၃) မြန်မာပြည်၏ တောင်ပိုင်းဒေသများတွင် လူဦး ရေသိပ်သည်းမှုမြင့်မား၍ မြောက်ပိုင်းဒေသများတွင် လူဦးရေသိပ်သည်းမှုနည်းပါးခြင်း၊ (၄) မြန်မာပြည်၏တောင်ပိုင်းဒေသများတွင် မြို့ကြီးပြကြီးများနှင့် မြို့ပြဒေသ နေလူဦးရေများပြားခြင်းတို့ ဖြစ်ပါသည်။

တတိယအချက်ဖြစ်သည့် မြန်မာပြည်တောင်ပိုင်းဒေသများတွင် လူဦးရေသိပ်သည်းမှုမြင့်မား ခြင်းနှင့်ပတ်သက်၍ မြန်မာပြည်၏တောင်ပိုင်းဒေသများဟု သတ်မှတ်နိုင် သော ပဲခူးတိုင်းတောင် ပိုင်းတွင်ရှိသော တိုင်းဒေသကြီး နှင့်ပြည်နယ်များသည် ဧရိယာ အားဖြင့်  မြန်မာပြည်တစ်ပြည်လုံး ၏ ထက်ဝက်ခန့် (၅၃ ဒသမ ၇၈ ရာခိုင်နှုန်း)ရှိသော်လည်း လူဦးရေအားဖြင့် ၁၉၈၃ ခုနှစ်ခန့်တွင် ၂၂ သန်းခန့်နေထိုင်ပြီး မြောက်ပိုင်း ဒေသများတွင် ၁၃ သန်းခန့်သာ နေထိုင်ကြသဖြင့် သိပ်သည်းမှုအားဖြင့် တောင်ပိုင်းဒေသများ တွင် စတုရန်းတစ်မိုင်လျှင် လူ ၁၅၈ ဦးခန့်နှင့် မြောက်ပိုင်းဒေသ များတွင် စတုရန်းတစ်မိုင်လျှင် လူ ၁၀၈ ဦးခန့် နေထိုင်ကြပါသည်။ မြို့ပြဒေသ များတွင် နေထိုင်ကြ သောလူဦးရေနှင့် ပတ်သက်၍ မြန်မာပြည်တစ်ပြည်လုံးတွင် အဆိုပါ ၁၉၈၃ ခုနှစ်က မြို့ပြ ဒေသနေလူဦးရေ ၈ ဒသမ ၆၉ သန်းရှိခဲ့ရာ ၆ ဒသမ ၁၅ သန်းခန့် ရှိသော (သို့မဟုတ်) စုစုပေါင်း မြို့ ပြဒေသနေ လူဦးရေ၏ ၇၀ ဒသမ ၈ ရာခိုင်နှုန်းသည် တောင်ပိုင်းရှိ ၅၄ ရာခိုင်နှုန်းခန့်သော ဧရိယာ တွင် နေထိုင်ကြသည်။ ယင်းသို့ တောင်ပိုင်းဒေသများတွင် မြို့ပြ များပေါ်ပေါက်ပြီး လူဦးရေသိပ် သည်းမှုမြင့်မားသော်လည်း မြောက် ပိုင်းဒေသများတွင် လူနေကျဲ၍ အများစုမှာ  ကျေးလက်ဒေသ များတွင်သာ နေထိုင်ကြသည်။ထိုလက္ခဏာမှာ မြန်မာပြည်၏ မြောက်ပိုင်းနှင့်တောင်ပိုင်း ဖွံ့ဖြိုးမှုကွာခြားချက်ကို ဖော်ပြခြင်းဖြစ်သည်။

ရရှိသောစာရင်းဇယားများ အရ မြန်မာပြည်တွင် ၁၉၉၉ ခုနှစ် တွင်း မြို့များဟု သတ်မှတ်သော မြို့ပြဒေသများ ၄၀၀ နီးပါးခန့် ရှိသည်။ ထိုလူဦးရေတွင် တစ်သိန်း အထက်ရှိသော မြို့များမှာ ၁၆  မြို့ရှိ၍ လူဦးရေတွင် ငါးသောင်း နှင့်တစ်သိန်းအတွင်းရှိသော မြို့ များမှာ ၂၀ ရှိသည်။ ထိုလူဦးရေ တစ်သိန်းအထက်ရှိသော မြို့များ မှ ခြောက်မြို့သာ မြောက်ပိုင်း ဒေသများဖြစ်သော၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးကိုင်းတို့ တွင်သာရှိသည်။ မြန်မာပြည်၏ မြို့ပြဒေသလူဦးရေ ၇၁ ရာခိုင်နှုန်း ခန့်သည် မြန်မာပြည်တောင်ပိုင်း ဒေသများတွင်ရှိသည့်အပြင် လက် ရှိအကောင်အထည်ဖော်ရန် စီမံ ကိန်းကြီးတို့ကြောင့် တောင်ပိုင်း ဒေသတွင် လူဦးရေငါးသိန်းပတ် ၀န်းကျင်ခန့်ရှိမည့် မြို့ကြီးများ နောင်လာမည့်နှစ် ၄၀ ခန့်တွင် ထပ်မံတိုးပွားပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ယင်းတို့မှ အရေးအ ကြီးဆုံးသော ပေါ်ပေါက်မည့်မြို့ များမှာ  SEZ  ( Special Economic Zone ) ခေါ် အထူးစီးပွားရေးဇုန် တို့ဖြစ်သည်။ အကောင်အထည် ဖော်မည့် စီမံကိန်းကြီးများကြောင့် ထားဝယ်မြို့နှင့် ကျောက်ဖြူမြို့ တို့သည် တစ်သန်းပတ်ဝန်းကျင် ခန့်အထိ ကြီးပွားလာနိုင်သည်။ အထူးစီးပွားရေးဇုန်များတွင် လူဦး ရေတစ်သိန်းခန့်အတွက် အလုပ် အကိုင်များ ဖော်ထုတ်မည်ဆိုပါ လျှင် ထိုမြို့ ထိုဒေသသည် မိသား စုများနှင့် ပေါင်းစပ်လျှင် ငါးသိန်း ခန့်အထိ ကြီးထွားမည်ဖြစ်သည်။တစ်ဖန် ထိုလူဦးရေငါးသိန်းခန့်ကို ပံ့ပိုးမှုလုပ်ငန်းများအတွက် ထပ်မံ ၍ လူဦးရေသုံးသိန်းခန့် တိုးပွား မည်ဖြစ်သည်။ ထို့ကြောင့် လုပ် သားဦးရေ တစ်သိန်းခန့်အတွက် စက်ရုံ၊ အလုပ်ရုံများ ဖော်ထုတ်ပါလျှင် လူတစ်သန်းခန့်အထိပင် ကြီးထွား လာနိုင်သည်။

ယင်းတို့ကိုအခြေခံ၍ နောင် လာမည့်ဆယ်စုနှစ်များတွင် အထူးစီးပွားရေးဇုန်များဖြစ်သည့် ထားဝယ်နှင့် ကျောက်ဖြူမြို့တို့အပြင် ငါးသိန်းအထက်ခန့်ပင် ရှိမည့် မော်လမြိုင်မြို့၊ ပုသိမ်မြို့၊ ပြည်မြို့ အစရှိသည်တို့ကို ထည့်သွင်းတွက်ချက်ပါလျှင် မြန်မာပြည်တောင် ပိုင်းဒေသများသည် တစ်သန်းပတ် ၀န်းကျင်ခန့်ရှိသည့် မြို့ကြီးပေါင်း ၁၀ မြို့ခန့်ပင် ရှိနိုင်ပြီး မြောက် ပိုင်းဒေသများတွင်မူ မန္တလေးမြို့သည်သာ တစ်သန်းမှ နှစ်သန်းခန့် ရှိမည့်မြို့ဖြစ်ပေသည်။ မြောက် ပိုင်းဒေသရှိ အလုပ်အကိုင်နှင့် စီး ပွားရေးစွမ်းဆောင်မှုရှိသောမြို့ များဖြစ်သည့် လားရှိုးမြို့၊ တောင် ကြီးမြို့၊ မုံရွာမြို့နှင့် မြစ်ကြီးနားမြို့ တို့သည် လူဦးရေငါးသိန်းခန့်စီ ရှိသော မြို့ကြီးများအဖြစ် ၂၀၅၀ ခုနှစ်တွင်ပြောင်းလဲနိုင်ရန် အလားအလာရှိပါသည်။

မြန်မာပြည် လူဦးရေဖြန့် ဖြူးမှုနှင့်ပတ်သက်၍ ထိုသို့ တောင် ပိုင်းဒေသများတွင် မြို့ကြီးပြကြီး များပေါ်ပေါက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း စသည်တို့မှာ နိုင်ငံတော် စည်းလုံးညီညွတ်မှုအတွက် ကောင်းသော အလားအလာများ မဟုတ်ပေ။ ယင်းသည်ကို ရှေ့ရှု၍ မြန်မာပြည်မြောက်ပိုင်းဒေသတွင် ရှိသော မြို့ကြီးများဖြစ်သည့် မန္တ လေး၊ လားရှိုး၊ မုံရွာ၊ တောင်ကြီး၊ ဗန်းမော်နှင့် မြစ်ကြီးနားမြို့များကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားသင့်ပေသည်။               ။

    စဉ်    ပြည်နယ်/    လူဦးရေ    ဧရိယာ/    ဧရိယာ    လူနေသိပ်သည်းမှု
        တိုင်း        စတုရန်းမိုင်    ရာခိုင်နှုန်း    စတုရန်းမိုင်
    မြို့ပြ    ကျေးလက်    စုစုပေါင်း

    ၁။    ကချင်    ၀.၂၀    ၀.၇၀    ၀.၉၀    ၃၄၃၇၉    ၁၃.၁၆    ၂၆
    ၂။    ကယား    ၀.၀၄    ၀.၁၂    ၀.၁၇    ၄၅၃၀    ၁.၇၃    ၃၇
    ၄။    ချင်း    ၀.၀၅    ၀.၃၁    ၀.၃၇    ၁၃၉၀၇    ၅.၃၂    ၂၇
    ၅။    စစ်ကိုင်း    ၀.၅၃    ၃.၃၂    ၃.၈၆    ၃၆၅၃၄    ၁၃.၉၉    ၁၀၆
    ၆။    မန္တလေး    ၁.၂၁    ၃.၃၆    ၄.၅၈    ၁၄၂၉၅    ၅.၄၇    ၃၂၀
    ၉။    မကွေး    ၀.၄၉    ၂.၇၅    ၃.၂၄    ၁၇၃၀၅    ၆.၆၂    ၁၈၇
        မြန်မာနိုင်ငံ    ၂.၅၄    ၁၀.၅၈    ၁၃.၁၂    ၁၂၀၉၅၀    ၄၆.၃၀    ၁၀၈
        အထက်ပိုင်း
    ၇။    တနင်္သာရီ    ၀.၂၂    ၀.၇၀    ၀.၉၁    ၁၆၇၃၆    ၆.၄၁    ၅၅
    ၃။    ကရင်    ၀.၁၈    ၀.၈၈    ၁.၀၆    ၁၁၇၃၁    ၄.၄၉    ၉၀
    ၈။    ပဲခူး    ၀.၇၄    ၃.၀၆    ၃.၈၀    ၁၅၂၁၄    ၅.၈၂    ၂၅၀
    ၁၀။    မွန်    ၀.၄၇    ၁.၂၁    ၁.၆၈    ၄၇၄၈    ၁.၈၂    ၃၅၄
    ၁၁။    ရခိုင်    ၀.၃၀    ၁.၇၄    ၂.၀၅    ၁၄၂၀၀    ၅.၄၄    ၁၄၄
    ၁၂။    ရန်ကုန်    ၂.၇၁    ၁.၂၂    ၃.၉၇    ၃၉၂၇    ၁.၅၀    ၁၀၁၀
    ၁၃။    ရှမ်း    ၀.၇၉    ၂.၉၂    ၃.၇၂    ၆၀၁၅၅    ၂၃.၀၃    ၆၂
    ၁၄။    ဧရာဝတီ    ၀.၇၄    ၄.၂၅    ၄.၉၉    ၁၃၅၆၇    ၅.၁၉    ၃၆၈
        မြန်မာနိုင်ငံ    ၆.၁၅    ၁၅.၉၈    ၂၂.၁၈    ၁၄၀၂၇၈    ၆၃.၇၀    ၁၅၈
        အောက်ပိုင်း
        စုစုပေါင်း    ၁၁.၂၃    ၃၇.၁၄    ၄၈.၄၁    ၂၆၁၂၂၈    ၁၀၀.၀၀    ၁၈၅