May 20, 2012

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အားတက်စရာကောင်းကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ပြောကြား

Photo
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၉

ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်းအဘီဆစ်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသောတိုးတက်မှုများသည် အားတက်စရာကောင်းကြောင်းနှင့်  ထိုပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များကိုပြောကြားခဲ့သည်။

“တိုင်းပြည် အနာဂတ်အတွက်၊ ဒေသတွင်းအတွက် အလွန်အရေးပါတဲ့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းတွေကို ထောက်ခံဖို့ ရောက်လာတာပါ။ အခုဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေက ကျွန်တော်တို့ကို အားရစေပါတယ်။ ဆက်လက်ဖြစ်ပေါ်နေမယ်လို့လည်း ကျွန်တော်ယုံကြည်တယ်”ဟုအဘီဆစ်က ပြည်တွင်းသတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့်အဖွဲ့ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက တစ်နာရီကျော်ကြာ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ
နှင့် ထိုင်းနိုင်ငံတို့ ဒီမိုကရေစီခရီးလျှောက်လှမ်းရာတွင် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းဝန်ကြီးချုပ်ဟောင်းကို မြန်မာနိုင်ငံ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ယောက်ဟု ရည်ညွှန်းခဲ့ပြီး မြန်မာနိုင်ငံ၏ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်ထောက်ခံပေးသွားမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

အဘီဆစ်သည် ထိုင်းနိုင်ငံ၏၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ၌ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်မူ ယင်လပ်ခ်ရှင်နာဝပ်ကို ရှုံးနိမ့်ခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်အဖြစ်   လက်ရှိတာဝန်ယူထားသူဖြစ်သည်။