Feb 23, 2012

မြန်မာနိုင်ငံတွင် ကြံ့များ မျိုးသုဉ်းပျောက်ကွယ်

Photo
ရန်ကုန်၊ ဇန်န၀ါရီ- ၁၈

မြန်မာနိုင်ငံတွင် ရှားပါးကြံ့မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု တရားဝင်ထုတ်ပြန်ခြင်း မပြုသော်လည်းသဘာဝတောအတွင်းရှာဖွေတွေ့ရှိခြင်းမရှိတော့
သည့်အတွက် မျိုးသုဉ်းသွားပြီဟုပြောနိုင်ကြောင်း သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော
ကြားသည်။

“နောက်ဆုံးသိရတာက ထမံသီမှာတွေ့တယ်ဆိုတာပဲကြားပြီး အဲဒီနောက်မှာ ရှာမတွေ့တော့ပါဘူး”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံတွင် ဂျာဗားကြံှ့နှင့် ဆူမတြားကြံ့တို့ကို တွေ့ရှိ ခဲ့ရသော အထောက်အထားများနှင့် မှတ်တမ်းများရှိခဲ့သော်လည်း အခုအခါ လုံးဝတွေ့ရှိရခြင်းမရှိတော့ကြောင်း ဇီဝမျိုးစုံမျိးကွဲထိန်းသိမ်း
စောင့်ရှောက်ရေးပညာရှင်တစ်ဦးက ပြောကြားသည်။

ကမ္ဘာမှ ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းရေးပညာရှင်များ၏အဆိုအရ မျိုးစိတ်ပေါင်းများစွာ ရှိခဲ့သော ကြံ့မျိုးစိပ်ပေါင်းများစွာရှိသည့်အနက်မှာ နောက်ဆုံးလေ့
လာတွေ့ရှိ ချက်များအရသိရပြီး မြန်မာနိုင်ငံတွင်ထို ၅ မျိုးထဲမှ ၃ မျိုးတွေ့ရှိခဲ့ရသည်ဟုမှတ်တမ်းများရှိခဲ့ကာယခုအခါတွင်မူ လုံးဝပျောက်
ကွယ်သွားပြီဟု ပညာရှင်များက ခန့်မှန်းနေကြသည်။     ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင်
ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ အမေရိကန်ပညာရှင် ရောဘတ်တီဇက်ကလည်း သူ၏မြန်မာနိုင်ငံတွင်းမှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ရှင်းလင်းပြောကြား
ရာတွင်လည်းဂျာဗားကြံ့နှင့် ဆူမာတြား ကြံ့တို့ကိုမြန်မာ၌ မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ခန့်မှန်းရကြောင်း သူ၏ တင်ပြချက်တွင်ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသော ကြံ့မျိုးစိတ်များမှာ အိန္ဒိယကြံ့၊ ဂျာဗားကြံ့နှင့် ဆူမတြားကြံ့တို့ဖြစ်ကြောင်း ဘီဘီစီသတင်းဌာန၏သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်မှတ်တမ်းဖော်ပြချက်များအရ သိရသည်။ အိန္ဒိယ ကြံ့မျိုးစိတ်များမှာ ယခင်တွေ့ရှိချက် များအရအိနိယနိုင်ငံမြောက်ဘက် ခြမ်းဒေသဖြစ်သော ပါကစ္စတန်
နိုင်ငံ မှ မြန်မာနိုင်ငံအထိရှာဖွေတွေ့ခဲ့ပြီး ယခုအခါ အိန္ဒိယနှင့် နီပေါ နိုင်ငံတို့တွင်သာ အကောင်ရေအနည်းငယ်မျှကျန်ရှိတော့သည်။

ဂျာဗား ကြံ့မျိုးစိတ်များမှာလည်း ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊လာအို၊ မလေးကျွန်းဆွယ်နှင့် ဆူမတြားဒေသတို့တွင် တွေ့ရှိခဲ့ဖူးပြီး ယခုအခါထိုနေရာအားလုံးထဲမှ
နှစ်နေရာတွင်သာ တွေ့ရှိရတော့ပြီး အကောင်ရေမှာလည်း စိုးရိမ်ဖွယ်ရာေ လျာ့ကျလျှက်ရှိကြောင်းလေ့လာတွေ့ရှိချက်များကိုကိုးကား၍ ဘီဘီစီသဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။     ဆူမတြားကြံ့များမှာ မြန်မာနိုင်ငံတွင်းရှိဒေသအချို့ တွင်ကျက်စားဖူးကြောင်းမှတ်တမ်းများရှိခဲ့
ဖူးပြီး ယခုအခါ တစ်ကမ္ဘာလုံးတွင်အကောင်ရေ ၃၀၀ အောက်ပင် လျော့နည်းလျက်ရှိကြောင်းပညာရှင်များက ခန့်မှန်းထားကြပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးသော အ
ဆင့်ထက်ပင်ကျော်လွန်နေပြီဖြစ်ကြောင်း နိုင်ငံတကာ ဇီဝမျိုးစုံထိန်းသိမ်းရေးအဖွဲ့များမှ ထုတ်ပြန်ပြောကြားထားသည်။

ကြံ့များသည် ယင်းတို့၏ ဦးချိုများကြောင့် ကမ္ဘာတစ်ဝန်း တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး ဦးချိုများမှာ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရန် ဈေးကောင်းပေးဝယ် ယူသဖြင့် ကြံ့ဦးချိုရရှိရန် ဖမ်းဆီးသတ်ဖြတ်နှုန်းမှာ မြင့်မားလျက်ရှိသည်။    ကမ္ဘာ့ကြံ့အကောင်ရေမှာ စိုး ရိမ်ဖွယ်ကောင်းအောင် ကျဆင်းနေပြီးကမ္ဘာတွင်လုံးဝပျောက်ကွယ်
သွားမည်ကိုပင်စိုးရိမ်ရကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။