May 20, 2012

၂၀၁၁ ခုနှစ် နိုင်ငံတကာ အမှတ်တရနေ့စွဲများ

Photo
7Day News Journal

ဇန်န၀ါရီ
ဇန်န၀ါရီ ၁ - အက်စ်တိုးနီးယား နိုင်ငံသည် ယူရိုငွေကြေးကို တရား ၀င် စတင်လက်ခံသုံးစွဲပြီး ယူရိုငွေ ကြေးသုံးစွဲသည့် ယူရိုဇုန်၏ ၁၇ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာ။
ဇန်န၀ါရီ ၁၁ - ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၉၀၃ ဦး သေဆုံး။
ဇန်န၀ါရီ ၁၄ - တူနီးရှားသမ္မတ ဇိုင်အယ်လ်အဘီဒင်းအလီ ဆော် ဒီအာရေးဗီးယားနိုင်ငံသို့ ထွက် ပြေးသွား၍ တူနီးရှားအစိုးရပြိုကွဲ။
ဇန်န၀ါရီ ၂၄ - ရုရှားနိုင်ငံ မော် စကိုမြို့ ဒိုမိုဒီဒိုဗိုနိုင်ငံတကာလေ ဆိပ်တွင် ဗုံးကွဲပြီး လူပေါင်း ၃၇ ဦးသေဆုံး၊ ၁၈၀ ဒဏ်ရာရ။

ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁၁ - ရာထူးမှ နုတ် ထွက်ရန် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အီဂျစ်သမ္မတဟို့စနီမူဘာရက် နုတ်ထွက်။ နိုင်ငံအား စစ်ဘက်ကောင်စီက ထိန်းချုပ်။

မတ်
မတ် ၁၁ - ဂျပန်နိုင်ငံအရှေ့ပိုင်း တွင် ပြင်းအား ၉ မဂနီကျူဒ်ရှိ မြေငလျင်လှုပ်ခတ်။   နောက် ဆက်တွဲ ဆူနာမီလှိုင်းများကြောင့် လူပေါင်း ၁၅၈၄၀ဦးသေဆုံးပြီး ၃၉၂၆ ဦးပျောက်ဆုံး၊ နျူဓာတ် ပေါင်းဖိုလေးလုံးတွင်လည်း အ ရေး ပေါ်အခြေအနေကြေညာ။
မတ် ၁၅ - ဘာရိန်းဘုရင်က နိုင်ငံ တွင် သုံးလအရေးပေါ်အခြေအ နေကြေညာ။ လူထုမငြိမ်သက်မှုကိုထိန်းချုပ်ရန် ပင်လယ်ကွေ့ပူး ပေါင်းဆောင်ရွက်ရေးတပ်ဖွဲ့ဝင် များ ဘာရိန်းနိုင်ငံသို့ရောက်ရှိလာ။
မတ် ၁၇ - အရပ်သားများအ ပေါ် လစ်ဗျားအစိုးရက ပြင်းပြင်း ထန်ထန်နှိမ်နင်းနေကြောင်း စွပ်စွဲ ချက်များကိုတုံ့ပြန်၍ လစ်ဗျားနိုင် ငံအပေါ် လေယာဉ်မပျံသန်းရ ဇုန် အကောင်အထည်ဖော်ရန် ကုလ သမဂလုံခြုံရေးကောင်စီက ၁၀-၀ မဲဖြင့် အတည်ပြု။
မတ် ၁၉ - ကုလသမဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ အရ လစ်ဗျားနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန်အကောင် အထည်ဖော်ရန် ပြင်သစ်တိုက် လေယာဉ်များ လစ်ဗျားနိုင်ငံပေါ် ပျံသန်း။

ဧပြီ
ဧပြီ ၁၁ - အိုင်ဗရီကို့စ်နိုင်ငံတွင် ရွေးကောက်ခံသမ္မတ အလက် ဆန်အိုတာရာအား ထောက်ခံသူ များနှင့် ပြင်သစ်တပ်ဖွဲ့ဝင်များက ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော် လည်း ရာထူးမှ ဆင်းပေးရန်ငြင်း ဆန်ပြီး တိုက်ပွဲဝင်နေသည့် သမ္မတဟောင်း လောရင့်ဂါဘိုအား ဖမ်းဆီး၊ အိုင်ဗရီကို့စ်ပြည် တွင်းစစ်အ ဆုံးသတ်။
ဧပြီ ၂၉ - မင်းသားဝီလီယံနှင့် ကက်သရင်းမစ်ဒယ်တန်တို့၏ မင်္ဂလာပွဲအား လန်ဒန်မြို့ ၀က်မင် စတာဘုရားကျောင်းတွင် ကျင်းပ။

မေ
မေ ၁ - အမေရိကန်သမ္မတ ဘား ရက်အိုဘားမားက စစ်သွေးကြ အယ်လ်ကိုင်ဒါအဖွဲ့တည်ထောင် သူနှင့် ခေါင်းဆောင် အိုစမာဘင် လာဒင်အား ပါကစ္စတန်နိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်၍ သတ်ဖြတ် နိုင်ခဲ့ကြောင်း ကြေညာ။
မေ ၁၆ - ပေါ်တူဂီနိုင်ငံငွေကြေး အကျပ်အတည်းအားကယ်တင်ရန် ယူရို ၇၈ ဘီလီယံ ပေးအပ်ရေး ဥရောပသမဂ္ဂသဘောတူ။
မေ ၂၆ - လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အလိုရှိနေသော ဘော့စနီးယား စစ်ဘက်တပ်မှူး ဟောင်း ရက်ကိုမလာဒီအား ဆာဘီးယားနိုင်ငံတွင်ဖမ်းဆီးရမိ။

ဇွန်
ဇွန် ၅ - သမ္မတနန်းတော်တွင် တိုက်ခိုက်ခံရပြီးနောက် ရရှိခဲ့ သောဒဏ်ရာကိုကုသရန် ယီမင် သမ္မတ အလီအဗဒူလာဆာလေး ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်။ ဒုတိယသမ္မတ အယ်လ် ဟာဒီက နိုင်ငံအား ထိန်းချုပ်။
ဇွန် ၁၂ - ဆီးရီးယားတပ်ဖွဲ့များ ၀ိုင်းလာ၍ ဟမ်းဒေသမှ ဆီးရီး ယား နိုင်ငံသား ထောင်ပေါင်း များစွာ တူရကီနိုင်ငံသို့ထွက်ပြေး။

ဇူလိုင်
ဇူလိုင် ၉ - တောင်ဆူဒန်ဒေသ သည် ဆူဒန်နိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးကြေညာ။
ဇူလိုင် ၂၀ - ကုလသမဂက ဆိုမာ လီယာနိုင်ငံ တောင်ပိုင်းတွင် ငတ် မွတ်ခေါင်းပါးမှုကြေညာ။ နှစ် ပေါင်း ၃၀ အတွင်း ပထမဆုံး အ ကြိမ်ကြေညာခြင်းဖြစ်။
ဇူလိုင် ၂၁ - အမေရိကန် အာ ကာသလွန်းပျံယာဉ် အတ္တလန် တစ် ကနေဒီအာကာသစင်တာ တွင် အောင်မြင်စွာသက်ဆင်း။ နာဆာ၏ အာကာသလွန်းပျံ ယာဉ်အစီအစဉ်ပြီးဆုံး။
ဇူလိုင် ၂၂ - နော်ဝေးနိုင်ငံ အော် စလိုမြို့တွင် အစိုးရရပ်ကွက်ဗုံးခွဲမှုနှင့်အနီးအနားရှိ ယူတိုးယားကျွန်း တွင် လက်ယာယိမ်းဝါဒရူးသွပ် နေသူတစ်ဦး သေနတ်နှင့်ပစ်ခတ် မှုကြောင့် လူ ၇၆ ဦးသေဆုံး။
ဇူလိုင် ၃၁ - ဆီးရီးယားနိုင်ငံတွင် အစိုးရက အကြမ်းဖက်သူများ အပေါ်  အင်အားသုံးနှိမ်နင်းမှုကြောင့် လူပေါင်း ၁၅၀ကျော်သေ ဆုံးသည့် သတင်းများထွက်ပေါ်။

သြဂုတ်
သြဂုတ် ၅ - အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိသော အထောက်အထားများကို အင်္ဂါဂြိုဟ်လေ့လာရေး ယာဉ်မှ   ဓာတ်ပုံရိုက်ယူနိုင်ခဲ့ ကြောင်း နာဆာကြေညာ။ ဂျူပီတာဂြိုဟ်လေ့လာ ရေးယာဉ်  Juno အား နာဆာလွှတ်တင်၊ ပထမဆုံး နေစွမ်းအင်သုံး အာကာသယာဉ် ဖြစ်လာ။

စက်တင်ဘာ
စက်တင်ဘာ ၅ - အိနိယနှင့် ဘင်္ဂ လားဒေ့ရှ်နှစ်နိုင်ငံအကြား နှစ် ပေါင်း ၄၀ ကြာ နယ်စပ်အငြင်းပွားမှုအဆုံးသတ်သည့် သဘော တူညီချက် လက်မှတ်ထိုး။
စက်တင်ဘာ ၁၂ - ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ရေနံပိုက် လိုင်းပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံး။

အောက်တိုဘာ
အောက်တိုဘာ ၄ - ထိုင်းနိုင်ငံ တွင် မုတ်သုံမိုးသည်းထန်စွာ ရွာ သွန်း၍ ရေကြီးရေလျှံရေလွှမ်းမိုးမှုများဖြစ်ပ်ါခဲ့ရာ သေဆုံးသူ ၆၅၇ ဦးရှိ။ ရေကြီးရေလျှံမှုများသည် နိုင်ငံ၏ ခရိုင်ပေါင်း ၇၇ ခုအနက် ၅၈ ခုအား ထိခိုက်စေ။ -ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါ ဒစ်ရှူးတွင် ကားဗုံးပေါက်ကွဲ၍ လူပေါင်း ၁၀၀ ကျော်သေဆုံး။ ကမ္ဘောဒီးယားနိုင်ငံတွင် မဲခေါင် မြစ် ရုတ်တရက် ရေကြီး၍ သေ ဆုံးသူ ၂၀၇ ဦးရှိလာ။

အောက်တိုဘာ ၁၈ - အစ္စရေး တပ်သား ဂီလက်ရှာလစ်နှင့် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ အကျဉ်းသား ၂၈၀ အားလဲလှယ်။

အောက်တိုဘာ ၂၀ - လစ်ဗျား ခေါင်းဆောင် မွမ်မာကဒါဖီ ဆာ တီမြို့တွင် ဖမ်းဆီးသတ်ဖြတ်ခံရ။ အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီက နိုင်ငံအား ထိန်းချုပ်။ လစ်ဗျားပြည်တွင်းစစ်ပြီးဆုံး။
အောက်တိုဘာ ၂၃ - တူရကီ နိုင်ငံအရှေ့ပိုင်း ဗန်မြို့တွင် ပြင်း အား ၇ ဒသမ ၂ ရှိ ငလျင်လှုပ် ခတ်၊ လူပေါင်း ၆၀၄ ဦး သေဆုံး၊ အဆောက်အအုံ ၂၂၀၀ ပျက်စီး။
အောက်တိုဘာ ၂၇ - ဥရောပ သမဂ္ဂက ဘရပ်ဆဲလ်မြို့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ၍ ဂရိနိုင်ငံ၏ ချေးငွေ ၅၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးရန်နှင့် ဥရောပဘဏ္ဍာရေးတည်ငြိမ်မှုရန်ပုံငွေအား ယူရိုတစ်ထရီလီယံ အထိ တိုးမြှင့်ရန် သဘောတူ။

အောက်တိုဘာ ၃၁ - ကမ္ဘာ့လူဦးရေသန်း ၇၀၀၀ ပြည့်ပြီဖြစ်ကြောင်း ကုလသမဂကြေညာ။ ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး ( UNESCO )  က ပါလက်စတိုင်းဒေသအား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု။

နိုဝင်ဘာ
နိုဝင်ဘာ ၂၆ - အင်္ဂါဂြိုဟ်သိပံ္ပစမ်း သပ်လေ့လာယာဉ်  Curiosity   အား အမေရိကန်နိုင်ငံ ကနေဒီ အာကာသစင်တာမှ လွှတ်တင်။ ၎င်းင်းယာဉ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့ ရောက်ရှိရန်ခန့်မှန်း။

ဒီဇင်ဘာ
ဒီဇင်ဘာ ၁၅ - ဆယ်စုနှစ်ကြာ မြင့်ခဲ့သော အီရတ်စစ်ပွဲပြီးဆုံးပြီ ဖြစ်ကြောင်း အမေရိကန်ကြေ ညာ။ အမေရိကန်တပ်ဖွဲ့ဝင်အား လုံး အီရတ်မှ အပြီးသတ်ရုပ်သိမ်း။
ဒီဇင်ဘာ ၁၆ - ဖိလစ်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း ၀ါရှီဝင်ရောက် ပြီးနောက် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်လာခဲ့ပြီး လူပေါင်း ၁၀၁၀ ဦးသေဆုံးကာ ၄၆ ဦး ပျောက်ဆုံးနေဟု တရားဝင်ထုတ် ပြန်။
ဒီဇင်ဘာ ၁၉ - မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်သည် စိတ်ပန်း၊ လူပန်း အလွန်အကျွံ အလုပ်လုပ်ရာမှ ဒီဇင်ဘာ ၁၇ ရက်တွင်မြို့တော်ပြုံယမ်းမှ ရထား
ဖြင့်ခရီးသွားလာစဉ်ကွယ်လွန်သွားကြောင်း မြောက်ကိုရီးယား နိုင်ငံတော်ရုပ်သံမှ ကြေညာ။
ဒီဇင်ဘာ ၂၅ - နိုင်ဂျီးရီးယားနိုင်ငံ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၀ ကျော် သေဆုံး။                 
 —Ref: Internet