၂၀၁၁ တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားလေး သိန်းနီးပါး ၀င်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော စာရင်းဇယားအရ သတင်းရရှိသည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလကုန်အထိ ခရီးသည် ၃၉၁၁၇၆ ဦး ၀င်ရောက်ခဲ့သည်။ ခရီးသွား လုပ်ငန်းကျွမ်းကျင်သူများနှင့်အစိုးရက ၂၀၁၁ တွင်
ကမ္ဘာလှည့်ခရီးသည် ငါးသိန်းခန့်မှန်းထားသည်ထက် တစ်သိန်းကျော် လျော့ကျခဲ့သည်။ သို့သော်၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသည် သုံးသိန်းဝန်း
ကျင်သာလာရောက်၍ကိုးသောင်းကျော် ပိုများခဲ့သည်။ ၂၀၁၂ တွင်မူ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ဆက်လက်မြင့်မားလျက်ရှိပြီး ဇန်န၀ါရီ တစ်လအတွင်း
မှာပင် ၅၀၂၈၀ ဦးထိ ၀င်ရောက်ခဲ့သည်။
၂၀၁၁ တစ်နှစ်လုံး တွင်ကမ္ဘာလှည့် ၃၉၁၁၇၆ ဦး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ရန်ကုန်လေဆိပ်မှ ၃၅၉၃၅၉ ဦး ၀င်ရောက်ခဲ့သည်။ ယခုလပိုင်းအတွင်း ကမ္ဘာ လှည့်ခရီးသွားဝင်ရောက်မှုများ လာ၍ ရန်ကုန်မြို့ရှိ ဟိုတယ်များ အခန်းပြည့်ဧည့်သည်ရရှိကြပြီး ဟိုတယ်အခန်းခများလည်း ဈေးတက်ခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားလေးသိန်းခန့် ၀င်ရောက်ခဲ့ရာတွင် ရန်ကုန်လေဆိပ်မှ ၂၉၅၁၄၇ ဦးဝင်ရောက်ခဲ့သည်။ထို့ကြောင့် ၂၀၁၁ တွင်၂၀၁၀
ထက် ကမ္ဘာလှည့်ဦးရေ ခြောက်သောင်းကျော် ရန်ကုန် လေဆိပ်မှ ၀င်ရောက်မှုပိုများခဲ့သည်။


