May 20, 2012

၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး အလားအလာ

Photo

ယူရိုဇုန်ကြွေးမြီ အကျပ်အတည်းအား ဖြေရှင်းနိုင်လုနီး ပြီဟူ၍ ဥရောပခေါင်းဆောင် များက ဈေးကွက်များအား အယုံသွင်းရန် ပျက်ကွက်မှုနှင့်မကြာသေးမီကပေါ်ထွက်လာ ခဲ့သည့် နိုင်ငံများနှင့် ကော်ပိုရေးရှင်း ကြီးများအပေါ် မှုန်မှိုင်းသော အစီရင်ခံစာများကြောင့် ရှေ့လာမည့် နှစ်အတွက်ကမ္ဘာ့ စီးပွားရေး အလားအလာမှာ စိတ်ပျက်ဖွယ် ရာအခြေအနေနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF)နှင့် အခြားထိပ်သီးဘဏ်များ၏ ရှေ့အလားအလာခန့်မှန်းချက်များမှာလည်း လစဉ်လိုလိုပင် အဆိုးဘက်သို့ လျှော့ချ လာခဲ့သည်။ လွန်ခဲ့သောတစ်နှစ်က ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့စီးပွား ရေးသည် ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းခဲ့သောအိုင်အမ်ဖက်ဖ်က ၎င်း၏ ကမ္ဘာ့စီးပွားရေးအပေါ် ဇွန်လခန့်မှန်းချက်အား ၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိမည်ဟု ပြင်ဆင်ခဲ့သည်။ မကြာခင်က ထုတ်ပြန်ခဲ့သည့်ခန့်မှန်းချက်မှာ ပိုဆိုးပါသည်။

“လတ်တလော ကမ္ဘာ့စီးပွား ရေးအခြေအနေဟာ ထူးထူးခြား ခြား မြင်မကောင်းပါဘူး။ တော်တော်လေးမှုန်မှိုင်းနေပါတယ်”ဟု အိုင်အမ်အက်ဖ်အကြီးအကဲ မစ္စ ခရစ္စတင်းလားဂါ့ဒ်က ယခင်ရက် သတ္တပတ်အတွင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနတွင် ပြောကြားခဲ့သည်။ဝင်ငွေနည်းပါးသောနိုင်ငံများဖြစ်စေ၊ ထွန်းသစ်စစီးပွားရေး နိုင်ငံများဖြစ်စေ၊ အလယ်အလတ် နိုင်ငံများဖြစ်စေ၊ စီးပွားရေးအလွန်ရှေ့ရောက်နေသောနိုင်ငံများဖြစ် စေမည်သည့်နိုင်ငံမျှယခုအကျပ်အတည်းမှ မလွတ်မြောက်ကြောင်း နှင့် အခြေအနေပင် ပိုဆိုးလာကြောင်းမစ္စလားဂါ့ဒ်ကဆက်ပြောပါသည်။

ယခင် ကမ္ဘာ့ဘဏ် ထိပ် တန်းအရာရှိနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ၊ ချီလီစီးပွားရေးပညာရှင် ဆဘက်စတီယန်အက်ဒ်ဝပ်က ကမ္ဘာ့စီးပွားရေးကို ဆလင်ဒါအများအပြား ဖြင့် မောင်းနှင်နေသည့်ကားဟု တင်စားပြောဆိုပြီး လက်ရှိတွင် ယင်းဆလင်ဒါများအားလုံး ပုံမှန်အလုပ်လုပ်ပုံမရကြောင်း ပြောပါသည်။    ကမ္ဘာ့အကြီးဆုံး စီးပွားရေး အုပ်စုဖြစ်သော အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂမှာ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကျကပ်မှ အပြည့်အ၀နာလန်မထူနိုင်သေးခင်မှာ ပင် ဒုတိယစီးပွားကျကပ်အတွင်း သက်ဆင်းနေပြီဖြစ်သည်။ ဂျာမနီနှင့် ဆွီဒင်နှစ်နိုင်ငံသာ ရှေ့နှစ်တွင် စီးပွားရေးအနည်းငယ်တိုးတက်နိုင်သည့် အလားအလာရှိသည်။

“အခုလက်ရှိအခြေအနေမှာ ယူရို ဇုန်စီးပွားရေးကျဆင်းမှာ သေချာနေပါတယ်”ဟုနယူးယောက် တက္ကသိုလ် ပါမောက္ခနျူရီရယ်ရူဘီနီကဆိုပါသည်။ မစ္စတာနျူရီ ရယ်ရူဘီနီမှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့ စီးပွားရေးကျကပ်အား မှန်မှန်ကန် ကန် ဟောကိန်းထုတ်နိုင်ခဲ့ခြင်းအ တွက်   “Doctor Doom”   ဟု နာမည် ထွက်ခဲ့သူဖြစ်သည်။ လောလော ဆယ်တွင် စီးပွားရေးကျကပ် မည်မျှပြင်းထန်လေးနက်မည်ဆိုသည့် အတိုင်းအတာကို မခန့်မှန်းနိုင် သေးသော်လည်း ငွေကြေး ဆက်လက်ကျပ်တည်းနေခြင်း၊ အစိုးရကြွေးမြီပြဿနာများ၊ ယှဉ်ပြိုင်မှုနည်းပါးခြင်းနှင့် ဘဏ္ဍာရေး ခြိုးခြံချွေတာမှုအစီအစဉ်များ ဆက် လက်ရှိနေခြင်းကြောင့် စီးပွားရေးကျဆင်းမှုမှာဆိုးရွားလာမည့်အ ခြေ အနေရှိကြောင်း ၎င်းက ဆိုပါသည်။

ဥရောပ၏ စီးပွားရေးအင် အား အတောင့်တင်းဆုံးဖြစ်သော ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့၏ ကြွေးမြီယုံကြည်စိတ်ချရမှုအဆင့်မှာ အကောင်းဆုံး   AAA   မှ အဆင့် လျှော့ချခံရဖွယ်ရှိကြောင်း သတိပေးခံထားရသည်။ အစိုးရ ကြွေးမြီအကျပ်အတည်းအပြင် ဥရောပ တစ်ဝန်းမှ နိုင်ငံများသည် အစိုးရအသုံးစရိတ်လျှော့ချရေးအစီအစဉ်များ အပြိုင်အဆိုင်ကြေညာ နေကြရာ ယင်းသို့ လျှော့ချမှုများက လာမည့်နှစ်တွင် ဥရောပ စီးပွားရေးမှ ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့် နုတ်ယူသွားဖွယ်ရှိသည်။

ယခုနှစ်အတွင်း ကမ္ဘာ့စီးပွား ရေးအား ၄၀ ရာခိုင်နှုန်းထက် မနည်းတိုးတက်စေခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း အိမ်ခြံမြေပူဖောင်းလေလျော့လာမှုနှင့် အတူ ဒုက္ခတွေ့နေသော ဥရောပ နိုင်ငံများသို့ တင်ပို့မှုများလည်း ပြိုလဲလာခဲ့ရာ အလျင်အမြန် စီးပွားရေးနှေးကွေးလာခဲ့သည်။ နိုင်ငံခြားတင်ပို့မှုအလွန်နှေးကွေးလာခဲ့၍ သြဂုတ်လ ၃၁ ရက်နေ့မှစ၍ ကွန်တိန်နာသင်္ဘောတင်ခများ ၃၉ ရာခိုင်နှုန်းကျဆင်းလာသည်။

အ၀ယ်တော် မန်နေဂျာများ၏ ညွှန်းကိန်းမှာလည်း   ၅၀ အောက်သို့ကျဆင်းလာခဲ့ရာ ၀ယ်လိုအားလျော့နည်းလာခြင်း နှင့်ကုန်ထုတ်လုပ်မှုလျော့ကျလာ ခြင်းကို သိသိသာသာ ထင်ဟပ် နေသည်။ တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၈ လအတွင်း ပထမဦးဆုံးအကြိမ်ကျဆင်းလာခဲ့ပြီး ရှန်ဟိုင်းစတော့ အိတ်ချိန်းမှ တရုတ်စတော့ရှယ် ယာဈေးနှုန်းများမှာလည်း ၃၃ လ အတွင်း အနိမ့်ဆုံးသို့ကျဆင်းလာသည်။

တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ် နောက်ဆုံး သုံးလပတ်တွင် ၇ ရာခိုင်နှုန်းအောက်ကျဆင်းလာနိုင်သည်ဟု လေ့လာသူအများစုက ယူဆပြီး နောက်ဆုံးထွက်ပေါ်လာသော ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံ၏ ဂျီဒီပီမှာလည်း ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်။ အိန္ဒိယနိုင်ငံသုံးငွေ ရူပီး၏ တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံးတန်ဖိုးသို့ ကျဆင်းလာခဲ့သည်။

ဘရာဇီးနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို ကာမိစေရန် အတိုးနှုန်းကိုပြင်ဆင်လိုက်ပြီးနောက် ဘရာဇီးနိုင်ငံ၏   စီးပွားရေးမှာ ယခုနှစ် တတိယသုံးလပတ်တွင် မသိမသာကျဆင်းလာခဲ့သည်။    တရုတ်၊ ဘရာဇီးနှင့် အိနိယနိုင်ငံတို့မှာ ပြီးခဲ့သည့်နှစ်အတွင်းကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ကို အဓိကမောင်းနှင်ပေးခဲ့သည့် အားကောင်းသောဆလင်ဒါများဖြစ်ပြီး ယင်းဆလင်ဒါသုံးလုံး တစ် ပြိုင်နက်တည်းလိုလိုနှေးကွေးလာ ခြင်းမှာ ၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွား ရေးအင်ဂျင်အတွက် အတိတ်နိမိတ်မကောင်းလှပေ။

ရှေ့လာမည့်နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည့် အရှေ့အာရှစီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံကိုကြည့်ပါဦး။ ယန်းငွေတန်ဖိုး စံချိန်တင်မြင့်တက်မှုနှင့် တရုတ်နှင့် ဥရောပဈေးကွက်များ ကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံ၏ နိုင်ငံခြားကုန်ပစ္စည်း တင်ပို့မှုများ ခြိမ်းခြောက်ခံနေရသည်။ ဥရောပ၊ ဂျပန်၊ တရုတ်၊ အိနိယနှင့် ဘရာဇီးဆလင်ဒါများ ပုံမှန်အလုပ်မလုပ်တော့သည့်အ ချိန်တွင် အင်အားအကောင်းဆုံးအမေရိကန်ဆလင်ဒါကရော ကမ္ဘာ့စီးပွားရေးအင်ဂျင်ကို ပုံမှန်
လည်ပတ်စေမည်လား။ အလုပ်လက်မဲ့နှုန်း စားသုံးသူသုံးစွဲမှုနှင့် စီးပွားရေးအချက်ပြ ကိန်းဂဏန်းများအားလုံးက ရှေ့နှစ်တွင် အမေရိကန်၏ စီးပွားရေးအတန်အသင့် ၂ ရာခိုင်နှုန်းတိုးတက်လာနိုင်သည်ဟု ညွှန်းဆိုနေသော်လည်း ကွန်ဂရက်နှင့် အိမ်ဖြူတော်တို့က နိုင်ငံ၏ဘတ်ဂျက် အကျပ်အတည်းအား ဖြေရှင်းရန် လုံလောက်သော နိုင်ငံရေးစိတ် ဓာတ်အင်အားရှိပါ့မလားဆိုသည်မှာ အကြီးအကျယ်မေးခွန်းထုတ် ရမည့်အခြေအနေဖြစ်သည်။

အားလုံးကို ခြုံကြည့်ပါက ၂၀၁၂ခုနှစ်အတွက် ကမ္ဘာ့စီးပွား ရေးအလားအလာမှာအလွန်ဆုံး လေးကန်သောဖွံ့ဖြိုးတိုးတက်မှု(သို့ မဟုတ်)ဖြစ်နိုင်ခြေပိုရှိသည်မှာ နူး ညံ့အားပျော့သော စီးပွားရေးကျဆင်းမှုဖြစ်နိုင်သည်။   သို့သော်ထို့ထက်မက ဆိုးရွားသွားနိုင်သော အနေအထားများလည်းရှိသည်။ ဥပမာ-ဥရောပဘဏ်များပြိုလဲမှု (သို့မဟုတ်)   အီတလီက၎င်း၏ကြွေးမြီများအတွက် ဘဏ္ဍာရေးအရမဖြည့်ဆည်းခြင်းအခြေအနေ မျိုးဖြစ်သည်။ ဤနေရာတွင် အိမ်ရာတန်ဖိုးများ လေးနှစ်ဆက်တိုက် ကျဆင်းလာပြီး အလုပ်လက်မဲ့နှုန်း ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသော စပိန်ကဲ့သို့ နိုင်ငံများ၏ အခြေအနေကို ထည့်မတွက်ရသေးပေ။

သို့သော် ကမ္ဘာပေါ်တွင် သဘာဝရင်းမြစ်ကြွယ်ဝသောနိုင်ငံများ ဥပမာ-အမေရိကန်၊ ရုရှား၊ အာရပ်နိုင်ငံများနှင့် အခြား သဘာဝသယံဇာတကြွယ်ဝသော နိုင်ငံများက ကမ္ဘာ့စီးပွားရေးကို ထောက်ကန်ပေးထားနိုင်ခဲ့မည်ဆိုလျှင်၊ ယင်းနိုင်ငံများတွင်လည်း နိုင်ငံရေးတည်ငြိမ်နေမည်ဆိုလျှင် စာဖတ်သူများ  နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

—Ref: 2012 Looks grimBy Martin Walker