May 20, 2012

၂၀၁၂ ဟာ ဒဏ်ရာကို ကုစားရမယ့်နှစ်တစ်နှစ် ဖြစ်သင့်တယ်

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ ခရစ်စတင်းလာဂတ်နှင့် တွေ့ဆုံခြင်း

ယခု ဇန်န၀ါရီလကုန်မှာပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်လို့ခေါ်တဲ့ ဒါးဗို့စ်အစည်းအဝေးဟာ ဥရောပကြွေးမြီအကျပ်အတည်းပြဿနာ အဓိကနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကမ္ဘာ့ဘဏ္ဍာရေးအတွက် အဓိကကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)ကလည်း ၂၀၁၂ အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို မူလ ၄ ရာခိုင်နှုန်းကနေ ၃ ဒသမ ၃ ရာခိုင်နှုန်းကိုလျှော့ချခန့်မှန်းကြောင်း မကြာသေးမီက ထုတ်ပြန်ထားတာတွေ့ရမှာပါ။
ပြီးခဲ့တဲ့နှစ်ကစလို့ အိုင်အမ်အက်ဖ်ရဲ့ အကြီးအကဲအဖြစ် စတင်တာဝန်ယူလာခဲ့တဲ့ မစ္စခရစ်စတင်းလာဂတ်ဟာ ကမ္ဘာပေါ်က စွမ်းပကားအကြီးဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ အိုင်အမ်အက်ဖ်ရဲ့အကြီးအကဲဖြစ်တာနဲ့အညီ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေကို ကိုင်လှုပ်နိုင်သူပါ။ အခုတော့ သူမဟာ အဖွဲ့ရဲ့ အရေးကြီးဆုံးတာဝန် အဖြစ် ကမ္ဘာ့စီးပွားရေးကိုကယ်တင်ဖို့ ဆနပြင်းပြနေပါတယ်။ သူမဟာ ဒီဇန်န၀ါရီလကုန်ပိုင်းမှာပဲ  ဥရောပကိုရောက်လာခဲ့ရာမှာ ယူရိုသတင်းက တွေ့ဆုံမေးမြန်းထားတာကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေးမြန်းသူကတော့ ယူရိုသတင်းမှ စတီဖင်ဂရုတ်ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအမြင်နဲ့ပဲ စတင်မေးမြန်းပါရစေ။ အခုဆို၂၀၁၂ က စတင်ခဲ့ပါပြီ။ လူကြီးမင်းထုတ်ပြန်ထားတဲ့ နောက်ဆုံးကြေညာချက်တွေမှာလည်း (ဘဏ္ဍာရေးအရ)မရေရာမှုတွေတိုးလာတာနဲ့ စီးပွား ရေးတိုးတက်မှုအလားအလာတွေအပေါ် စိုးရိမ်မိကြောင်းဖော်ပြထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာမကြာသေးမီကပဲ တရုတ်၊ ဂျာမနီနဲ့ အမေ ရိကန်ပြည်ထောင်စုတို့ဆီကနေအတော်လေးအပြုသဘောဆောင်တဲ့ စီးပွားရေးအချက်အလက်တွေ မြင်တွေ့ခဲ့ရပြီးပါပြီ။ လူကြီးမင်းဟာ နည်း နည်းများ အဆိုးမြင်တဲ့သဘောဆန်မနေဘူးလား။
ကျွန်မတို့ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာပဲ တချို့သော အပြုသဘောဆောင်တဲ့ လက္ခဏာတွေကို အသေအချာမြင်တွေ့ခဲ့ရပြီးပါပြီ။ ဒါပေမဲ့အဲဒါဟာ ဖြေရှင်းဖို့လိုအပ်နေတဲ့ကိစ္စတွေအားလုံးကို မဖြေရှင်းနိုင်သေးပါဘူး။ ၂၀၁၂ ဟာ ဒဏ်ရာကိုကုစားရမယ့်နှစ်တစ်နှစ်ဖြစ်သင့်တယ်လို့ ကျွန်မတို့ထင်တယ်။ ဒါကြောင့် အဲဒီအတွက် ပြီးပြည့်စုံတဲ့ဖြေရှင်းချက် တွေကို ပူးပေါင်းလုပ်ဆောင်မှုအသွင်သဏာန်နဲ့ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဥပမာပြရရင် ယူရိုဇုန်ထဲက ယူရိုပါတနာတွေဟာ စီးပွားရေးတိုးတက်မှုအပေါ်၊ ပိုမြင့်မားတဲ့ ကာကွယ်မှုတွေအပေါ်၊ ပိုကောင်းတဲ့ပေါင်းစပ်မှုတွေအပေါ် အာရုံပြုနေပါပြီ။ အခြားတစ်ဖက်မှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်ဟာ သင့်တော်တဲ့ကာလအတိုင်း အတာရှိတဲ့ စိတ်ချရမယ့် ဘဏ္ဍာရေးလမ်းကြောင်းတွေကို သတ်မှတ်လုပ်ဆောင်နေပါတယ်။ အဲဒါတွေက လိုငွေပြမှုကိုလျှော့ချဖို့ ရည်ရွယ်တာ ဖြစ်ပြီး လက်ရှိ သူတို့ကြုံတွေ့နေရတဲ့ ကြွေးမြီပြဿနာဇာတ်လမ်းကိုလည်း ပြေလည်စေနိုင်မှာပါ။

မကြာခင်ကပဲ အိုင်အမ်အက်ဖ်လုပ်လာတဲ့ကိစ္စကိုလည်း မေးပါရစေ။ အိုင်အမ်အက်ဖ်အဖွဲ့ကြီးဟာ ၎င်းင်းရဲ့ငွေထုတ်ချေးနိုင်စွမ်းကို လာမယ့်
နှစ်တွေမှာ ဘဏ္ဍာရေးထောက်ပံ့ဖို့လိုလာနိုင်တဲ့ ဒေါ်လာတစ်ထရီလီယံ ပမာဏကို သတ်မှတ်ပြီးနောက် ဒေါ်လာဘီလီယံ ၅၀၀ ထပ်တိုးဖို့ အဆိုပြု နေခဲ့ပါတယ်။ အဲဒါ တော်တော်ထူးခြားတဲ့ကိန်းဂဏန်းပါ။ ဒီငွေပမာဏနဲ့ လူကြီးမင်းဘာလုပ်ချင်တာပါလဲ။
ဟုတ်ကဲ့။ ဒီကိစ္စက ကိန်းဂဏန်းတွေတိုးမြှင့်တာကို ပီတိဖြစ်သာယာဖို့အတွက် မဟုတ်တာ၊ စာရင်းအင်းအချက်အလက်အကြီးကြီးတွေနဲ့ ကစားတာ မဟုတ်တာတော့ သေချာပါတယ်။ လာမယ့် နှစ်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာအဆင့်အနေနဲ့ဖြစ်လာမယ့်   ဘဏ္ဍာရေးလိုအပ်ချက်တွေကို ကျွန်မတို့ တွက်ချက်ထားပြီး လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရှေ့ဆက်နိုင်အောင်လုပ်ဖို့ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ့စုစုပေါင်းဘဏ္ဍာ ရေးအကူအညီလိုအပ်ချက်ပမာဏကလည်း ဒေါ်လာနှစ်ထရီလီယံ လောက်ရှိမှာပါ။ တိုးတက်မှုတွေရဖို့ လိုအပ်တဲ့ တကယ်ထုတ်ချေးနိုင် စွမ်းကအဲဒါရဲ့ထက်ဝက်လောက်ပေါ့လေ။ အိုင်အမ်အက်ဖ်ဟာ အဲဒီ့ကိစ္စမှာ ပါတနာတစ်ဦးအနေနဲ့ သူ့အပိုင်းကို သူကပြရမယ်လို့ ကျွန်မ တို့ယုံကြည်ပါတယ်။ ဒါကြောင့် နောက်ထပ်အပိုငွေထုတ်ချေးနိုင်စွမ်း ဒေါ်လာ ဘီလီယံ ၅၀၀ ထားတာပါ။ ကျွန်မပြောထားသလိုပါပဲ။ ၂၀၁၂၊ ၂၀၁၃ မှာ လုပ်မှာဖြစ်ပါတယ်။ ထောက်ပံ့ငွေကို မလိုအပ်တော့မယ့်အကောင်းဆုံးအခြေအနေတွေအထိဖြစ်ပါတယ်။

ဒါဆို နောက်ဆက်တွဲမေးခွန်းက အဲဒါကို ဘယ်သူက ရန်ပုံငွေထည့်ဝင်မှာလဲ။ အမေရိကန်ကလည်း မကြာခင်ကပဲ သူတို့မှာ အိုင်အမ်အက်ဖ်အတွက် နောက်ထပ် ရန်ပုံငွေရင်းမြစ်တွေရှာ ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ကြေညာထားပြီးပါပြီ။ ပြီးတော့ မနှစ်က ကိန်းစ်မြို့မှာလုပ်ခဲ့တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ဈေးဆစ်နေခဲ့ကြ တယ်။ ဥရောပနိုင်ငံတွေကလည်း ရန်ပုံငွေအတွက် ဒေါ်လာဘီလီယံ ၂၀၀ လောက်ပဲပေးဖို့ရှိတယ်။ ဒါပေမဲ့ ဒါမလုံလောက်ပါဘူး။ ဒီတော့ ဘယ်သူ က ကျန်တဲ့ရန်ပုံငွေတွေကိုထောက်ပံ့ပေးမှာပါလဲ။
ဥရောပနိုင်ငံတချို့က ကတိပေးထားတာရှိပါတယ်။ ဒီကြိုးပမ်းမှုမှာပါဝင်ဖို့ ပြင်ဆင်ထားတဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေဆီက ညွှန်ပြချက်တွေလည်း လက်ခံရရှိထားပါတယ်။ အထူးသဖြင့်တော့ ယူရိုဇုန်ထဲက ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေးအကာအကွယ်တွေကို ပိုအားကောင်းအောင်လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင်ပေါ့လေ။ ဒါကြောင့် လက်ရှိမှာ ကျွန်မတို့မှာ စေ့စပ်ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေနဲ့ ရွေးချယ်စရာ တွေရှိထားပါတယ်။ အဲဒါတွေ ကျွန်မတို့ ဆက်လုပ်သွားမှာပါ။ ပြီးတော့လည်း အိုင်အမ်အက်ဖ်ဟာ အဖွဲ့ဝင်တွေက မျှော်လင့်ထားတဲ့အတိုင်း သူ့အပိုင်းကို သူတကယ် ကပြနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အဖွဲ့ရဲ့စည်းမျဉ်းတွေက တောင်းဆိုထားတဲ့အချက်တွေအရ ဆက်လုပ်ဆောင် သွားမှာပါ။

လာမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲက ဖေဖော်ဝါရီမှာ မက္ကဆီကိုမှာ ကျင်းပတော့မှာပါ။ အဲဒီ့အချိန်ကျရင် သဘောတူညီမှုစာချုပ်တစ်ရပ် ရလိမ့်မယ်လို့ထင်ပါသလား။
ကိန်းစ်မှာ ဂျီ-၂၀ ခေါင်းဆောင်တွေ နောက်ဆုံး တရားဝင်တွေ့ဆုံမှုက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေကို အိုင်အမ်အက်ဖ်အတွက် အဲဒီ့ငွေထုတ်ချေးနိုင်စွမ်းတိုးမြှင့်ပေးရေးကိစ္စကိုပူးပေါင်းလုပ်ဆောင်ဖို့တိုက်တွန်းခဲ့တယ်။ ကျွန်မပြောထားတဲ့အတိုင်းပါပဲ။ ပူးပေါင်းလုပ်ဆောင်နေကြတယ်။ ပြီးတော့ ရှင်တို့သိတဲ့အတိုင်း မကြာခင် အနာဂတ်မှာပဲ ထူးခြားတဲ့တိုးတက်မှုတွေရဖို့ မျှော်လင့်ချက်တွေရှိနေတယ်။

အမေရိကန်အစိုးရက ထပ်ပြန်တလဲလဲ ပြောထားတာကတော့ ဥရောပဟာယူရိုဇုန်ဟာ သူ့ပြဿနာကို သူ့ဟာသူဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုပါတယ်။
ကျွန်တော့်အတွက်တော့ ဒါဟာဝါရှင်တန်ဘက်က ဥရောပမှာ အိုင်အမ်အက်ဖ်ကို ပိုကြီးမားတဲ့အခန်းကဏ္ဍကနေ ၀င်မပါစေချင်တဲ့သဘောပါပဲ။ လူကြီးမင်းရဲ့ မျှော်မှန်းချက်ကရော ဒီနေရာမှာ ဘယ်လိုရှိပါသလဲ။ ယူရိုဇုန်၊ EFSF (သို့မဟုတ်) ESM တို့ဟာ အိုင်အမ်အက်ဖ်က အပို ထောက်ပံ့မှုမပါဘဲ ဘဏ္ဍာရေးအကာအကွယ်ကို လုပ်နိုင်ပါသလား။
မြင်တဲ့အတိုင်းပဲ ကျွန်မက နိုင်ငံစုံအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အဖွဲ့ရဲ့ တာဝန်ကလည်းကမ္ဘာတစ်ဝန်းမှာစုပေါင်းဆောင်ရွက်မှု၊အားလုံးအရေးယူ ဆောင်ရွက်မှုအပေါ် အခြေခံတဲ့ ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးတည်ငြိမ်မှုရရှိရေးထဲ ပါဝင်ဖို့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ နောက်ဆုံးမှာ သင့်လျော်တဲ့ဆုံးဖြတ်ချက်ကို တကယ်လုပ်နိုင်ဖို့ အတူ တကွဆောင်ရွက်လာကြလိမ့်မယ်လို့ ကျွန်မသေချာပြောရဲတယ်။ ပြီးတော့ ကျွန်မသေချာပြောရဲတာကလည်း အိုင်အမ်အက်ဖ်ဟာ အဲဒီ့
ကိစ္စကို ပူးပေါင်းသွားမှာပါ။ အဖွဲ့ဟာ အဲဒီ့ပြီးပြည့်စုံတဲ့ဖြေရှင်းချက်ကိုရရှိဖို့ စိတ်ပိုင်းဖြတ်မှု၊ စုပေါင်းဖြေရှင်းမှု၊ အားထုတ်မှုတွေရအောင် အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်လာအောင်လုပ်ရတော့မှာပါ။

နောက်ဆုံးမေးခွန်းပါ။ ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လူကြီး မင်းက တက်ရောက်မှာပါ။ အဲဒီမှာ လူကြီးမင်းအနေနဲ့ ဘာကို အောင်မြင် ချင်ပါသလဲ။ ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးချင်ပါသလဲ။ (မှတ်ချက်။ ယခု ဆောင်းပါးပါဝင်ချိန်တွင် ဒါးဗို့စ်စည်းဝေးပွဲပြီးဆုံးပြီဖြစ်သည်)
ဟုတ်ကဲ့။ ပထမဆုံးအနေနဲ့ ကျွန်မတကယ်ပြောချင်တာကတော့ ကျွန်မမှာ ဒီကိစ္စက စိတ်ပျက်စရာသက်သက်မျှမဟုတ်ဘဲ ထွက်ပေါက်လည်းရှိပါတယ်ဆိုတဲ့ သတင်းစကားကိုပေးဖို့ရှိပါတယ်။ အခြေအနေကို ပြန်ကောင်းအောင်လုပ်ဖို့ သင့်လျော်တဲ့မူဝါဒတွေရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မ ဒါးဗို့စ်မှာ လူမျိုးစုံကိုတွေ့နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ လူတိုင်းကို လိုအပ်နေတယ်လို့ အများကြီး တွေးထားမိပါတယ်။ ကျွန်မတို့ဟာ ပုံစံအသစ်၊ အတွေးအခေါ်အသစ်တွေကို ဖွင့်လှစ်သွားရပါမယ်။ ဒါးဗို့စ်က ဒီကိစ္စတွေမှာ ကူညီနေတာပါ။
—Ref: IMF's Lagarde: "2012 a year of healing"Euro news. 25th Jan.2012