May 20, 2012

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ခွင့် ပြန်ရခြင်းမှာ ကြီးမားသောအောင်မြင်မှုဟု ဝေါစထရိဂျာနယ်ဖော်ပြ

ရန်ကုန်၊ နိုဝင်ဘာ - ၉

အနောက်နိုင်ငံများသည်   မြန် မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုများဆက်လက်ထားရှိကာ မကြာ သေးမီက မြန်မာနိုင်ငံအတွင်း ဖြစ် ပေါ်ခဲ့သောပြောင်းလဲမှုများကို မျက်ကွယ်ပြုနေသော်လည်း လာ မည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ စဉ်များသို့ မြန်မာအသင်း ပြန် လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းမှာ ကြီးမားသောအောင်မြင်မှုပင်ဖြစ် ကြောင်း ဝေါစထရိဂျာနယ်က သုံးသပ်ဖော်ပြသည်။

မြန်မာအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအ ဆင့်ပွဲစဉ်အဖြစ် ပြီးခဲ့သည့်ဇူလိုင်  ၂၈ ရက်က သုဝဏ္ဏကွင်းတွင် ယှဉ် ပြိုင်ကစားခဲ့ရာ မြန်မာပရိသတ် များကကွင်းအတွင်းသို့အရာဝတ္ထု မျိုးစုံနှင့် ပစ်ပေါက်ခဲ့မှုကြောင့် ပွဲ ကိုရပ်ဆိုင်းခဲ့ရသည်။

ဖီဖာသည် ထိုပွဲပြီးနောက် အိုမန်အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။ နောက်ဆက်တွဲအဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲ၌ မြန်မာဝင်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပြီး ဆွစ်ဖရန့်ငွေ ၂၅\၀၀၀ (ဒေါ်လာ ၂၇\၇၀၀) ဒဏ်ကြေးပေးဆောင် ရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင် ပွဲဝင်ခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ချက် အပေါ်တွင် ဖီဖာသို့အယူခံဝင်ခဲ့ ရာ အောင်မြင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲကို ပြန်လည်ယှဉ် ပြိုင်ခွင့်ရရှိခဲ့သည်။

သို့သော် မြန်မာအသင်းအ နေဖြင့် ယင်းခြေစစ်ပွဲ အိမ်ကွင်း ပွဲစဉ်များကို ကြားကွင်းများ၌ ယှဉ် ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ  ၀င်ရောက်ခွင့်ပိတ်ပင်ခံရသည့် အရေးယူမှုအပေါ်တွင် အယူခံဝင် ရောက်ခြင်းသည် အနာဂတ်တွင် မြန်မာလူငယ်ကစားသမားများ ကစားနိုင်မည့် လမ်းကြောင်းတစ် ခုကို ပိတ်မသွားရန်ကြိုးစားခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ဆီဒိုးနားဟို တယ်တွင် ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ၌ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားခဲ့သည်။            

—Ref: blogs.wsj.com