May 20, 2012

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၄၇ နေရာအတွက် ကိုယ်စားလှယ်လောင်းစာရင်း အတည်ပြုပြီး

7Day News Journal
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာတွင် ဖေဖော်ဝါရီ ၂၁ရက် အထိ မဲဆနနယ် ၄၇နေရာ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကိုအတည်ပြုလိုက်ပြီဖြစ်ကြောင်း ကော်မရှင်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကျန်ရှိနေသော မဲဆန္ဒနယ်တစ်နေရာမှာ ကော့မှူးမဲဆန္ဒနယ်ဖြစ်ပြီး၊ ထိုမဲဆန္ဒနယ်၌ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို သက်ဆိုင်ရာ
ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပေ။ ကော့မှူးမဲဆန္ဒနယ်တွင် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ထားသည်။

ယခင်အပတ်က ကိုယ်စားလှယ်လောင်းစာရင်းအတည်မပြုနိုင်သေးသော က၀ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာမူ ယခုအခါ အတည်ပြုနိုင်ပြီဖြစ် သည်။ ထိုမဲဆန္ဒနယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးယှဉ်ပြိုင်မည်ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၄၈နေရာ၌ ယှဉ်ပြိုင်ရွေးချယ်ခံမည့်လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀ ကျော်ရှိသည်။