May 20, 2012

မြို့လယ်တွင် ရုပ်ရှင်ဒါရိုက်တာအားသတ်သူ လွတ်မြောက်နေဆဲ

7Day News Journal
ရန်ကုန်၊ နိုဝင်ဘာ- ၁၄

အိဖြူလွင်၊ ဗိုလ်ဗိုလ်ဝင်း 

ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းထောင့်တွင်ဖြစ်ပွားခဲ့သော ရုပ်ရှင်ဒါရိုက်တာအသတ်ခံရမှုမှ ပြစ်မှုကျူးလွန် သူဆိုသူတစ်ဦးအား ဖမ်းဆီးမိထားပြီး အဓိကပြစ်မှုကျူးလွန်သူကျန်တစ်ဦးကို ဖမ်းဆီးနိုင်ရန် အချက်အလက်များရရှိနေပြီဟု သေဆုံးသူ၏ ညီဖြစ်သူပြောကြားချက်အရ သိရသည်။

မြို့လယ်လူအများရှေ့တွင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သော အသက် ၄၃နှစ်ရှိ ဦးဇင်မင်း (ခ) ဦး သန့်စင်လတ် အသတ်ခံရမှုသည် ယခုလ ၂ရက် ည ၁၀နာရီနှင့် ၁၁ နာရီကြားတွင် ဗိုလ်ချုပ်လမ်းပေါ် ၄၅ လမ်းမှ ၄၈လမ်းတစ်လျှောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သိမ်ကြီးဈေး အပေါ်ထပ်ရှိ ၀င်ကြေးပေးဝင်ရသော စားသောက် ဆိုင်တွင် စတင်ခဲ့သော ခိုက်ရန်ဖြစ် ပွားမှုမှတစ်ဆင့် အဆိုပါလူသတ်မှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း ကိုဇင်မင်း၏ ညီတော်စပ်သူကိုဇင်ဝေလတ်က ပြောကြားသည်။ “သူတို့အဲဒီနေ့က ကိုဇင်မင်းနဲ့ ကိုသိန်းထိုက်တို့ နှစ်ယောက် သွားတာ၊ အဲဒီမှာ ကိုသိန်းထိုက် အိမ်သာသွားတဲ့အချိန် လူနှစ် ယောက်နဲ့ တိုက်မိပြီး စကားများ ရန်ဖြစ်ကြတယ်။ အထဲမှာတော့ ဘေးက လူတွေဝိုင်းဖျန်ဖြေတော့ ရန်ပွဲပြီးသွားပြီး ကိုသိန်းထိုက်က ပြန်မယ်ပြောပြီး အပြင်ရောက် တော့ ဟိုလူတွေက အပြင်က စောင့် နေပြီး ကိုသိန်းထိုက်ကို အုတ်ခဲ တွေနဲ့ ၀ိုင်းထုကြသေးတယ်လို့ ဘေးကလူတွေပြောတဲ့အတိုင်း ကျွန် တော်တို့သိရတယ်”ဟု ကိုဇင်ဝေလတ်က ပြောကြားသည်။ ထိုကဲ့သို့ အပြင်တွင်ပါထပ်မံရန်ဖြစ်ခဲ့ကြသဖြင့် ကိုဇင်မင်း က သူငယ်ချင်းဖြစ်သူ ကိုသိန်းထိုက် ကိုထားခဲ့ပြီး အဆိုပါပြစ်မှု ကျူးလွန်သူများ မောင်းနှင်ထွက်ပြေးသွားသော Super Custom ယာဉ်နောက်သို့ အငှားယာဉ်ဖြင့် လိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Super Custom ယာဉ်ကို ဗိုလ်တထောင်မြို့နယ်၊ ၄၅ လမ်းထိပ်တွင် အရှိန်လျှော့လျက်တွေ့ရသဖြင့် ကိုဇင်မင်းက အငှားယာဉ်ကိုရပ်ခိုင်းပြီး Super Custom ၏ ညာဘက်ခြမ်း ကားမောင်းသူနားသို့ ဆင်းသွားစဉ် ထိုသူက ကိုဇင်မင်း၏ လည်ပင်းကို ကားအတွင်းမှ ညှစ်လျက်ကားကို မောင်းထွက်ခဲ့ ခြင်းဖြစ်သည်။ ကိုဇင်မင်းသည် ထိုပုံစံအတိုင်း ၄၅လမ်းထိပ်မှ ၄၈လမ်း ထိပ် အထိပါသွားပြီး Super Custom ယာဉ်သည် လမ်း၏ညာ ဘက်ခြမ်းမှ ဘယ်ဘက်ခြမ်းသို့ရောက်သွားကာ ဘယ်ဘက်ခြမ်းရှိ ကားနှစ်စီးကို တိုက်မိပြီးမှ ကိုဇင်မင်းကို ဖြုတ်ချခဲ့ခြင်းဖြစ် သည်ဟု သိရသည်။ “အဲဒီလိုဖြုတ်ချကျန်ခဲ့တော့ အငှားယာဉ်ပေါ်က ကိုဇင်မင်း ရဲ့ သူငယ်ချင်းကလည်း ကိုဇင်မင်း ပြန်ထလာမှာပဲလို့ အောက် မေ့ပြီး Super Custom နောက်ကိုလိုက်သွားသေးတယ် မမီ တော့မှ ပြန်လှည့်လာတော့ ကိုဇင်မင်းက မထနိုင်တော့ဘူး။ အ သက်ငွေ့ငွေ့လေးတော့ရှိသေးတယ်။ စခန်းကရဲတွေလည်း ရောက်နေပြီး လူနာကိုဆေးရုံကြီးအရင်ပို့တယ်။ ဒါပေမဲ့ ဆေး ရုံရောက်တော့ ဆုံးသွားပြီ” ဟု ကိုဇင်ဝေလတ်က ပြောကြား သည်။ သေဆုံးသူသည် ယင်းနေ့ည ၁၁း၄၅အ ချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်ပြီး နံရိုးများကျိုးကာ အတွင်းကလီစာများကို စိုက်သောဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။ လူသတ်မှုမှ Super Custom ယာဉ်ကို နိုဝင်ဘာ၃ရက်နေ့ တွင် ကမ်းနားလမ်းရှိ MMG တာဝါရှိ ကားပါကင်၌ ရပ်ထား လျက်သားတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ နှစ်ဦးထဲမှ အသက်၂၈နှစ်ရှိ ....ဆိုသူတစ်ဦးကိုလည်း ပန်းဘဲတန်းရဲစခန်းတွင် ခိုက်ရန်ဖြစ်ပွားမှုအပေါ် အမှုလာဖွင့်စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ကိုဇင်မင်းအသတ်ခံရမှုတွင် မျက်မြင်သက်သေလည်းဖြစ် ပြီး အငှားယာဉ်ပေါ်တွင် အတူပါလာသူ ကိုနိုင်မိုးက ပုဇွန် တောင်ရဲစခန်းတွင် အမှုဖွင့်ထားရှိပြီး ပ၂၃၃/၂၀၁၁ ပုဒ်မ ၃၀၂ဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။ လူသတ်မှုတွင် အဓိကပြစ်မှုကျူးလွန်သူသည် တောင်ကြီး မြို့၌ နေထိုင်သူဖြစ်ပြီး ယင်းနေ့တွင်မှ ရန်ကုန်မြို့သို့ရောက် ရှိလာခဲ့ကြောင်း သိရသည်။