နှစ်သစ်ကူး ဂီတညများ

ကုန်သည်ကြီးများဟိုတယ်၏ နယူးရီးယားညတွင် အဆိုတော်  Ar - T  ၊ ဇမ်နူး၊ ကောင်းမြတ်၊ နီနီခင်ဇော်တို့နှင့်အတူ  Rainbow Band က တီးခတ်ဖျော်ဖြေမည်ဖြစ်သည်။ ယင်းပွဲကို ည၈နာရီခွဲတွင် စတင်မည်ဖြစ်ပြီး ပါဖောမန့်အစီအစဉ်များစွာဖြင့် နယူးရီးယားညကို ကုန်ဆုံးစေမည်ဖြစ်သည်။

ညအိုင်စီအဖွဲ့၏ နယူးရီးယားညဖျော်ဖြေပွဲကို မျှော်စင်ကျွန်းတွင် ပြုလုပ်မည်ဖြစ်ရာ  ယင်းပွဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊  R ဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ခင်ဘုဏ်း၊ ဂျင်းနီတို့က သီဆိုဖျော်ဖြေမည်ဖြစ်ပြီး မော်ဒယ်များ၏ ထူးခြားသည့် ၀တ်စုံများ၊  Dancer များနှင့် ဒီဂျေသော် လေး၏ ဖျော်ဖြေမှုတို့ပါဝင်မည်ဖြစ်သည်။

ဆီဒိုးနား ဟိုတယ်၏ နယူးရီးယားညတွင်  Man in Black  ခေါင်းစဉ်ဖြင့် သရုပ်ဆောင်လူမင်း၏ ပါဖောမန့်များနှင့် အဆိုတော် ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ၀ိုင်းစုခိုင်သိန်းတို့က အင်ပါယာ တီးဝိုင်းနှင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

New Year's eve Celebration with Angles & Butterflies  ပွဲကို နယူးရီးယားညတွင် ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ ယင်း ဖျော်ဖြေပွဲတွင် အဆိုတော် ဇော်ပိုင်၊ L ဆိုင်းဇီနှင့်   Me & Ma Girls  အဖွဲ့မှ ဖျော်ဖြေပြီး မော်ဒယ်များ၏ တင်ဆက်မှုများပါဝင်မည်ဖြစ်သည်။

ချက်ထရီယမ် ဟိုတယ်၏ နယူးရီးယားညပါတီပွဲတွင် အဆိုတော်ချစ်ကောင်း၊ အောင်လ၊ ကောင်းမြတ်၊ ခင်ဘုဏ်း၊  Me & Ma Girls  တို့နှင့်  Ghost Rider  တီးဝိုင်းက သီဆိုဖျော်ဖြေမည်ဖြစ်သည်။ ယင်းပွဲကို ည ၇ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး နိုင်ငံတကာမှ ဖိတ်ခေါ်ထားသော ပညာရှင်များ၏ ပါဖောမန့်များနှင့် မော်ဒယ်လေးများ၏ ကပြတင်ဆက်မှုများပါဝင်မည်ဖြစ်သည်။

အင်းလျားလိတ်ဟိုတယ်၏ နယူးရီးယားညတွင်  Wanted ,  Idiots ,  Reason  ၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျောက်ဂျက်၊ လွှမ်းပိုင်၊  Snare ၊ ကျော်ထွဋ်ဆွေ၊ ကိကိ၊ စနီမြင့်လွင်၊ ၀ိုင်းစုခိုင်သိန်း၊  Bobby  Soxer , ဘန်နီဖြိုး၊ မိစနီတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

7daynewsjournal.com