May 20, 2012

Chevening ပညာသင်ဆု ဖေဖော်ဝါရီ ၁၇ နောက်ဆုံး လျှောက်ထားနိုင်

ရန်ကုန်၊ ဇန်န၀ါရီ-၂၆

ဗြိတိန်နိုင်ငံတွင် ဘွဲ့လွန်ပညာ ဆည်းပူး လေ့လာလိုသော မြန်မာကျောင်းသားများအနေဖြင့်   Cheveningပညာ သင်ဆုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်နောက်ဆုံး လျှောက်ထားနိုင်ကြောင်း ဗြိတိသျှသံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံအ၀န်းရှိ ထူးချွန်မြန်မာ ကျောင်းသားများကို ရွေးချယ်၍ ဗြိတိန်တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းပညာ တက္ကသိုလ်များတွင်  တစ်နှစ်ကြာမြင့်မည့် မဟာဘွဲ့သင်တန်းတက်ရောက်နိုင်ရန်   ယင်းပညာသင်ဆုချီးမြှင့် နေခြင်းဖြစ်သည်။ “ဗြိတိသျှတက္ကသိုလ်တွေ ဟာ ကာလရှည်ကြာစွာ မြင့်မား တဲ့ အသိအမှတ်ပြုမှုတွေ ရရှိထား ပါတယ်။ ယူကေမှာ ပညာသင်ယူ ဖို့ မြန်မာရဲ့ အနာဂတ်ခေါင်းဆောင်တွေကို တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာအရည်အသွေးတွေ ကျွန်တော်တို့ ပံ့ပိုးကူညီနိုင်တဲ့အတွက်ကျေနပ်မိပါတယ်။  ဒီနိုင်ငံ  ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို အပြောင်းအလဲကာ လမှာ ဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားဖို့ ကျွန်တော် အားပေးလိုပါ တယ်”ဟု  ဗြိတိသျှသံအမတ်  Mr Andrew Heyn  က ထုတ်ပြန် ချက်တွင် ပြောကြားထားသည်။

Chenvening ပညာသင် ဆုအစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံတွင်  မြန်မာကျောင်းသား ၃၂ ဦး ပညာသင်ယူခဲ့ပြီး၊  ယခင်နှစ်က မြန်မာကျောင်းသား ၃ဦးသည် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှုပညာရပ်၊ ကူးစက်ရောဂါပြန့်ပွားခြင်း၊  ကာကွယ်ခြင်းဆိုင်ရာပညာရပ်၊  နိုင်ငံတကာပညာရေးနှင့်   ဖွံ့ဖြိုးတိုးတက်မှုပညာရပ်တို့ကိုလေ့လာသင်ယူလျက်ရှိကြ ကြောင်းသိရသည်။ ယခုပညာသင်ဆုအစီအစဉ် အတွက် လူအခွင့်အရေး၊ နိုင်ငံ ရေးသိပ္ပံနှင့် အုပ်ချုပ်မှု၊ စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်၊ ဂျာနယ်လစ်ဇင်နှင့် မီဒီ ယာ၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ပဋိပက္ခဖြေရှင်းရေးဘာ သာ ရပ်များလျှောက်ထားသူများ ကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ရှိ ဗြိတိသျှသံရုံးကထုတ် ပြန်ထားသည်။

ပညာသင်ဆုရွေးချယ်ခံရ ပါက ဗြိတိန်ဗီဇာ၊ ဗြိတိန်နိုင်ငံ သို့အသွားအပြန် လေယာဉ်လက် မှတ်၊ စတာလင်ပေါင် ၁၂၀၀၀ ထက် မပိုသော ကျောင်းစရိတ်နှင့် လစဉ် အသုံးစရိတ်များကို ရရှိ မည်ဖြစ်ပြီး https://www. chevening. fco.gov.uk/ Chevening Applications/CA_Start . aspx မှ တစ်ဆင့်  ပေးပို့လျှောက်ထားရမည် ဖြစ်သည်။