May 20, 2012

City Mart တွင် ပထမဆုံးအကြိမ် ပန်းချီပြပွဲကျင်းပ

Photo
ရန်ကုန်၊ ဇန်န၀ါရီ-၂၈

ရန်ကုန်မြို့ ဓမ္မစေတီလမ်းပေါ်ရှိ  City  Mart တွင် ပထမအကြိမ် အဖြစ်  Art  Exhibition ပန်းချီ ပြပွဲကို ဇန်န၀ါရီ ၂၇ မှ ၃၁ ရက် ထိ ပြုလုပ်ကျင်းပခဲ့ပြီး ပန်းချီကား ပေါင်း ၂၀ ကျော်  ပါဝင်ပြသခဲ့ကြောင်း  City Mart Holding Co., Ltd  မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပန်းချီပြပွဲတွင် ပန်း ချီဆရာ ၈ ဦး၏ ပန်းချီကား ၂၀ ကျော် ပါဝင်ပြသပြီး ပန်းချီကား ရောင်းချငွေ ၃၀ ရာခိုင်နှုန်းကို ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ပေးအပ် လှူဒါန်းမည်ဖြစ်သည်။ “အစ်မတို့ဆီမှာ ပြပွဲလေး လုပ်လိုက်တဲ့အတွက်  Customer တွေအတွက် အမြင်ဆန်းအောင်လိုပေါ့။  သူတို့အတွက်လည်း အ တွေ့အကြုံအသစ် လေးရအောင် ကိုယ့်ဈေးဝယ်သူတွေ  Art Gallery  တွေ၊  Showroom  တွေ သက်သက်ချည်းမသွားရအောင်ဈေးဝယ်လာရင်း ပွဲလေးတွေ ကြည့် သွားမယ်။  လေ့လာ ၀ယ်ယူလို့လည်းရမယ်”ဟု City Mart  မှ တာဝန်ရှိသူတစ်ဦးကပြောသည်။