May 20, 2012

ITPEC စာမေးပွဲကျင်းပမည်

ရန်ကုန်၊ဇန်န၀ါရီ-၂၆

ပြည်တွင်းသတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ နှစ်စဉ် ကျင်းပ ပေးနေကျဖြစ်သည့်   ITPEC စာမေးပွဲများကို မကြာမီကျင်းပပေး တော့မည်ဖြစ်သည်။

အာရှနိုင်ငံအများစုတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သည့် အဆိုပါ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ   စာမေးပွဲကို အမျိုးအစားနှစ်မျိုးခွဲခြားထားကြောင်း   MCPA   မှသိရသည်။ Fundamental Information Technology Engineering Examination (FE) စာမေးပွဲနှင့်  Information Technology Passport Examination (IT Passport) စာမေးပွဲတို့ ဖြစ်သည်။

သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အခြေခံဗဟုသုတရှိပြီး အိုင်တီလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသူများအနေဖြင့်   IT Passport   စာမေးပွဲကို ဖြေဆိုနိုင်မည်ဖြစ်သည်။ FE စာမေးပွဲမှာမူ ပရိုဂရမ်မာများ၊ ပရိုဂရမ်ဒီဇိုင်းရေးဆွဲသူများနှင့် ဆော့ဖ်ဝဲလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် အိုင်တီကျွမ်း ကျင်သူများဖြေဆိုရမည့် စာမေးပွဲ အမျိုးအစားဖြစ်သည်။

ITPEC    စာမေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာတကသိုလ်မှ ကျောင်းသားများ၊ အိုင်စီတီလုပ် ငန်းခွင်များတွင် လုပ်ကိုင်နေသူများနှင့် ကွန်ပျူဘာသာရပ်ကို စိတ်ဝင်စားသူမည်သူမဆို ၀င်ရောက်ဖြေဆိုနိုင်မည်ဖြစ်သည်။Information Technology Professional Examination Council     အမည်ရှိ  အဖွဲ့အစည်းမှ စစ်ဆေးပေးသည့်  အဆို ပါ စာမေးပွဲသည် အိုင်စီတီဘာသာရပ်ကို လေ့လာလိုက်စားပြီး ကျွမ်းကျင်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်လို သူများ၏ အရည်အချင်းကို စစ် ဆေးအသိအမှတ်ပြုပေးခြင်းဖြစ်သည်။

ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊  ဗီယက်နမ်၊ မွန်ဂိုလီးယား၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့သည်   ITPEC    အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ စာမေးပွဲကိုလာမည့် ဧပြီ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး စာမေးပွဲအမျိုးအစားနှစ်မျိုးကို တစ်ချိန် တည်းတွင်ဖြေဆိုရမည်ဖြစ်သည်။ဖြေဆိုခွင့်လျှောက်လွှာများ ကို ဖြေဆိုရမည့် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာအင်ဖိုတက်ခ်အဆောက်အအုံဝင်းအတွင်းရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းသို့ ၂၀၁၂ ဧပြီး ၂၅ ရက်တွင် နောက်ဆုံးထား၍စာရင်းပေးသွင်းရမည်ဖြစ်သည်။