May 20, 2012

Mc Will ဖုန်းလျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်

Photo
ရတနာပုံ၊ ဇန်န၀ါရီ - ၈

    မြို့ကြီး သုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်းအမျိုးအစား Mc Will ဖုန်းလျှောက်လွှာများအား ရတနာပုံအိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သော်လည်း လျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာမှ ဖုန်းလိုင်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    ၂၀၀၈ ဘေဂျင်း အိုလံပစ် ပွဲတော်ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော Mc Will(Multi Carrier Wireless Local Loop) Broad Band Data Auess System ဖုန်းကို မြန်မာနိုင်ငံတွင် နေ ပြည်တော် ကျောက်မျက်ရတနာ ပြပွဲသို့လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ဖုန်းများအား ရတ နာပုံအိုင်စီတီပြပွဲတွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရတနာုံတယ်လီပို့ရုံးခွဲများတွင် လျှောက် ထားနိုင်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ထိုဖုန်း များကို ရယူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
    ““လောလောဆယ်တော့သုံး ဖို့ရတဲ့ မြို့တွေကို ရောင်းပေးနေ ပြီး  ဖုန်းလိုင်းတွေကိုတော့ မဖွင့် ပေးရသေးဘူး။ နောက်နှစ်ပတ် လောက်နေမှစပြီး ဖွင့်ပေးမယ်””ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး က ပြောသည်။
    Mc  Will  ဖုန်းများအား စတင်ရောင်းချသည့် နေ့မှာပင် ပြပွဲအတွင်း လျှောက်လွှာ ၃၀၀ ခန့် ရောင်းချခဲ့ရသည်။ အဆိုပါ ဖုန်းလျှောက်ထားသူများမှာ ဖုန်းလျှောက်ပြီးသည်နှင့် သုံးစွဲရမည် ဟု  ထင်ကြသဖြင့်  မန္တလေးမှ ဒေသခံစီးပွားရေးလုပ်ငန်းရှင်အ များအပြား လာရောက်လျှောက် ထားခဲ့ကြသည်။
    ““လျှောက်လွှာတင်ပြီးမှပဲ သိရတယ်။  ကျွန်တော်တို့ ဒီမှာ ရောက်နေတဲ့ လူအကုန်လုံးက ဒီ
ဖုန်းကို ချက်ချင်းသုံးရမယ်ပဲ မှတ်နေကြတာ။ အခုက ဘယ်လောက်နေမှသုံးရမယ်ဆိုတာ သေချာမသိရဘူး””ဟု လာရောက်လျှောက်ထားသူ မန္တလေးမြို့မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးကဆိုသည်။
    ထိုလျှောက်ထားသူများမှာ လျှောက်လွှာစိစစ်ပြီး ငွေတောင်းခံ လွှာရသည့်အချိန်တွင် မိမိနေထိုင် ရာ မြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲ များတွင် စက်ပစ္စည်းထုတ်ယူနိုင် ပြီး ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့် အင်တာနက်အသုံးပြုခ အ တွက် တစ်နှစ်လျှင် ခြောက်သောင်းကျပ် ပေးသွင်းရမည်ဖြစ်သည်။ အင်တာနက်ဖုန်း၏ Data Speed တစ်စက္ကန့်လျှင် အချက်အလက် စီးဆင်းနှုန်းမှာ 512 Kbps မှ 2Mbp အထိ အသုံးပြုနိုင်သည် ဟုဆိုသည်။ သို့သော်  ဖုန်းရရှိ သော ဧရိယာအတွင်း သုံးစွဲသူ အနည်းအများပေါ်မူတည်၍ မြန် နှုန်း ရရှိမည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိတွင် Mc Will ကွန်ရက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပင်လယ်ဘူး၊ ကလေးဝ အစရှိသည့် မြို့များတွင်ပါ ဖြန့်ကြက်နိုင်ပြီဖြစ်သည်။
    ရတနာပုံတယ်လီပို့မှ ရောင်း ချပေးသည့် Mc Will ဖုန်းကို (၉)ကြိမ်မြောက် အိုင်စီတီရက် သတ္တပတ်ပွဲတော်တွင် စတင် ရောင်းချပေးခဲ့ရာ ၀ယ်ယူလိုသူအနေဖြင့် ကိုယ်တိုင် လျှောက်ထားရပြီး မှတ်ပုံတင်(သို့) သက်ဆိုင်သော ကတ်တစ်ခုခု၏မိတ္တူပါမှ ရောင်းချပေးသည်။
    ပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များအတွက်  Mc Will အသုံးပြုခွင့် လျှောက် လွှာများအား တစ်စောင်လျှင် တစ် ထောင်ကျပ်နှုန်းဖြင့် တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ် ထားသည်။ သို့သော်လည်း မှတ်ပုံ တင်မိတ္တူ တောင်းသည့်အတွက် လာရောက်လျှောက်ထားသူများ အခက်အခဲ ကြုံတွေ့ရကြောင်း ဖုန်းလျှောက်ထားသူများက ပြောသည်။