တစ်စုံတစ်ယောက်သည် သူတစ်ပါးတို့၏ အပြစ်ကိုမြင်လွယ်၏။ မိမိ၏အပြစ်ကို မြင်နိုင်ခဲ၏။ သူ တစ်ပါးတို့၏ အပြစ်တို့ကို ဖွဲလွှင့်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏အပြစ်ကိုကား စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည် ငှက်တို့ မမြင်အောင် မိမိကိုယ်ကို သစ်ရွက်သစ်ခက်တို့ဖြင့် ဖုံးသကဲ့သို့ ဖုံးတတ်ကြ၏။ ဓမ္မပဒ(၂၅၂)
အမျက်ထွက်တတ်သော သူကို အမျက်မထွက်ဘဲ မေတ္တာဖြင့်အောင်ရာ၏။မကောင်းသောသူကို ကောင်းသောသဘောဖြင့်အောင်ရာ ၏။ နှမြောဝန်တို သောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန်ပြောဆိုတတ်သောသူကိုမှန်ကန်သောစကားကို ပြောဆိုခြင်းဖြင့် အောင်မြင်ရာ၏။ ဓမ္မပဒ(၂၂၃)