Feb 23, 2012 Syndicate content

Health

ကမ္ဘာကြီးပေါ်တွင် အမျိုးမျိုးသော ပိုးမွှားအသစ်များကြောင့် ရောဂါအသစ်အဆန်းအမျိုးမျိုးပေါ်ပေါက် လာပြီး ထိုရောဂါများက လူသားတို့၏အသက်အန္တရာယ်ကို  ခြိမ်းခြောက်လာသဖြင့် တစ်ကမ္ဘာလုံးအထိတ်တလန့်ဖြစ်လာရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၈

အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးသည် ပြတ်လပ်နေခြင်းမဟုတ်ဘဲ ထောက်ပံ့သည့်စီမံချက် ပြီးဆုံးသွားခြင်းသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှသိရသည်။

ဒေါက်တာစိုးသိမ်း
မကြာသေးမီက စာရေးသူ၏ အဒေါ်အရင်း အသက် ၈၀အရွယ်ရှိ အိမ်ထောင်မရှိ အပျိုကြီးသည် ရုတ်တရက် မူးလဲသတိလစ် ၍ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့ကြောင့်အိမ်နှင့်နီးသည့်ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံတွင်တင်၍ကုသခဲ့ရပါသည်။ အဒေါ်သည် သတိလစ်နေရာမှ ရှစ်ရက်မြောက်တွင်သတိပြန်လည် လာပါသည်။ သို့သော်လည်း တစ် ပိုင်းတစ်စ သတိရခြင်း ( Semiconscious )သာဖြစ်ပြီး စကား မပြောနိုင်၊ အစာမစားနိုင်၊ မလှုပ်ရှားနိုင်သည့် အခြေအနေပါ။ လူနာ အတွက် အစွမ်းကုန်ကုသပြုစုခြင်း ( Intensive Care ) လိုအပ် နေသေးချိန်ဖြစ်ပါသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၉

စောရန်နိုင်၊ သန်းဌေး
နွားများတွင် ပေါင်ပုပ်လက်ပုပ်နာ ရောဂါ ဖြစ်ပွားနေသောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း နွား ၁၁ ကောင် သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၈

တစ်ကြိမ်ထိုးရုံဖြင့်  ကာကွယ်ဆေးငါးမျိုးပါဝင်သော Penta Valent Vaccine အား ယခု  နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက်မှ သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၀

အချိန်အခါမဟုတ်သော်လည်း လူအချို့တွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ အဖြစ်များနေကြကြောင်း မြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်အချို့ထံမှသိရသည်။

နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလများတွင် အဖြစ်များလေ့ရှိသော တစ်ဦးမှတစ်ဦးသို့ ကူးစက်မှုမြန်ဆန်သည့် ၀က်သက်ရောဂါသည် ယခုအချိန်တွင် လူထုအကြား၌ ဖြစ်ပွားမှုများပြားနေကြောင်းသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၂

ဖြစ်ပွားလျှင် သေဆုံးနိုင်ဖွယ်ရာခိုင်နှုန်းများပြားသည့် ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါများ ဖြစ်ပွားမှုပြန်လည်တွေ့ရှိလာကြောင်း သုတေသနပညာရှင်များနှင့် ဆေးဝါးကုသနေသူများထံမှသတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၁

ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီး ပညာသင်ကြား ရေးကျောင်းများ အပါအ၀င် မိဘမဲ့ ပရဟိတဂေဟာများရှိ ရှင်သာမဏေများနှင့် မိဘမဲ့ကလေးတစ်သောင်းကျော်အား ရှင်သာမဏေကျန်းမာရေးဝန်ဆောင်မှုအထောက်အကူအဖွဲ့ မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၃

အလှကုန်ပစ္စည်းများ အသုံးပြုစဉ် အရေပြားနှင့် ဓာတ်မတည့်ခြင်းကြောင့် အရေပြားပြဿနာများဖြင့် ဆေးကုသမှုခံယူရသည့် လူနာများ တဖြည်းဖြည်းများပြားလာကြောင်း အရေပြားအထူး ကုဆရာဝန်များကပြောသည်။

Most View