ဝေးလံသီခေါင်သော အရပ်ဒေသများမှ နိုင်ငံ့ဝန်ထမ်း ၃၇၈၁၇ ဦးဒေသစရိတ်နှုန်းထားများတိုးမြင့် ပေးရန်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အစိုးရ၀န်ထမ်းများ
အားလုံး၏လစာ တိုးမြှင့်ရေးအတွက်ကိုမူ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်မှ စတင်တိုးမြှင့်ပေးနိုင်ရန်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟုဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကပြောသည်။ဖေဖော်ဝါရီ ၁၆တွင်ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်းက နိုင်ငံတော် သမ္မတကြီးကိုယ်စားပြောကြားသွားခြင်းဖြစ်ကြောင်းသိရသည်။