မှန်ဆိုလျှင် ကလေးငယ်များ၏ အော်ဟစ်သံ၊ ငြင်းခုံသံ၊ဆော့ကစားသံတို့ဖြင့် ဆူညံနေသောဂွတ်ရွတ်ယန်ကျေးရွာတွင် ကြမ်းပြင်ပေါ်သို့ အပ်တစ်ချာင်းကျသံကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်နေသည်။အိမ်တိုင်းလိုလို တံခါးပိတ်ထားသည်။ ကျေးရွာအနီးရှိ ဘုရားကျောင်းအတွင်းနှင့် လမ်းမထက်တွင်သစ်လွင်တောက်ပစွာ ၀တ်ဆင်ထားသောအရွယ်စုံလူစုကို တွေ့ရသည်။ တစ်နှစ်မှတစ်ခါကြုံရသော ပွဲတော်နေ့(ခရစ်တော်မွေးနေ့၊ ခရစ္စမတ်)ဖြစ်သောကြောင့် အရွယ်စုံ လူတို့သည်ဘုရားကျောင်းရှိရာသို့ တူရှုသွားလာနေကြသည်။