Environment

ရန်ကုန်၊ ဖေဖော်ဝါရီ-၂

သဘာဝတောများနှင့် တောရိုင်းတိရစ္ဆာန်များ၏ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်သည့်နေရာများကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ထပ်မံတည်ထောင်သွားမည်ဟု သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၁

တောဆင်ရိုင်းများ တရားမ၀င်သတ်ဖြတ်ခြင်းနှင့် လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှု လျော့နည်းစေရန် ပဲခူးရိုးမတွင် ဆင်ထိန်းသိမ်းရေး သဘာဝနယ်မြေတစ်ခု သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ဖေဖော်ဝါရီ-၂

မြန်မာနိုင်ငံတွင် Ramsar Site အဖွဲ့၏ အသိအမှတ်ပြု ဒုတိယမြောက်ရေတိမ်ဒေသ (RamsarSite)အဖြစ် သတ်မှတ်ရန် လျာထားသော မုတ္တမပင်လယ်ကွေ့၏ နယ်မြေဧရိယာ အကျယ်အ၀န်းသတ်မှတ်ရန် နယ်မြေဧရိယာသတ်မှတ်ရေးအဖွဲ့ကို နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရုံးတွင် ယနေ့ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဇန်န၀ါရီ-၂၅

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ကန်ဒေါ်လာ သုံးသိန်းထောက်ပံ့မည်ဖြစ်ကြောင်း UNDP (ရန်ကုန်) ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ - ၂၁

အိဖြူမွန်၊ ခိုင်ခိုင်စိုး

အင်းလေးကန်ဟိုတယ်ဇုန် ဆောက်လုပ်ရန် မြေယာသိမ်းယူခဲ့ရသော ကျေးရွာများက လျော်ကြေးငွေထက် အခြားမြေနေရာတွင် ဟိုတယ်ဇုန်ကို ပြောင်းရွှေ့တည်ဆောက်ရန်ကို လိုလားလျက်ရှိကြောင်း၊ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home ခန်းမတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တောင်းဆိုလိုက်သည်။

ရန်ကုန်၊ ဇန်န၀ါရီ - ၁၉

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အဓိကထားရေးဆွဲထားသည့် ကာတွန်းလိုင်လှုဏ်၏ တစ်ကိုယ်တော်ကာတွန်းပြပွဲကို အလံပြ ဘုရားလမ်းရှိ Myanmar Ink Art Gallery တွင် ကျင်းပခဲ့သည်။ အဆိုပါ ကာတွန်းပြပွဲတွင် မျက်မှောက်ခတ်နိုင်ငံရေး အခြေအနေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအကြောင်းအရာများကို ဒစ်ဂျစ်တယ်ပန်းချီဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း ကာတွန်းဆရာ လိုင်လှုဏ်က ပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ - ၁၉

မြန်မာနိုင်ငံတွင် အမြင့်ဆုံးရေခဲတောင်ဖြစ်သော ခါကာဘိုရာဇီတောင်သို့ ၁၆ နှစ်ကြာမှ ပထမဆုံး အနေဖြင့် ရှေ့ပြေးခရီးစဉ်အဖြစ် ယင်းတောင်ခြေသို့ တတ်ရောက်နိုင်ခဲ့ကြောင်း တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ-၁၉

တရုတ်ကုမ္ပဏီ တစ်ခုက ထားဝယ် မြစ်ကြမ်းပြင်ရှိ သဲနှုန်းများတွင် ခဲမဖြူအဖြိုက်နက် ပါဝင်မှုနှုန်း စမ်းသပ်တိုင်းတာသည့် လုပ်ငန်းကို သုံးနှစ်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်၊ဇန်န၀ါရီ-၁၇

မြန်မာ-တရုတ် ပိုက်လိုင်းဖြတ်သန်းမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်စေကြောင်း၊ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ထုတ်ပြန်သော စစ်တမ်းမှာ အဖြစ်မှန်နှင့် ကိုက်ညီမှု မရှိကြောင်း ထိုပိုက်လိုင်း တည်ဆောက်သော SEAGP SEAGP ကုမ္ပဏီမှ ငြင်းဆိုသည်။

ရန်ကုန်၊ ဇန်န၀ါရီ - ၇

အိဖြူမွန်၊ ခိုင်ခိုင်စိုး

မျိုးသုဉ်း ပျောက်ကွက်လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဒီရေတောမျိုးစိတ် Brugiera Hainesil                      (မြိုင်ကြီးပင်)ကို ရခိုင်ပြည်နယ်ရှိ ၀မ်ပိုက်ကြိုးဝိုင်းနှင့် ဗျိုင်းကျွန်းတို့တွင် တွေ့ရှိခဲ့ပြီး အပင်အရေအတွက် ၂၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း ရခိုင်ကမ်းရိုးတန်း လူမှုဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများ ပြန်လည်တည်
ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးဝင်းမောင်က ပြောသည်။

7daynewsjournal.com

Most View