Environment

မုံရွာ၊အောက်တိုဘာ-၂၆

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်နှင့် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်များအတွင်း ပြည်တွင်း ပြည်ပ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် တက္ကသိုလ်အသီးသီးမှ ပညာရှင်များ လာရောက်လေ့လာ ဆွေးနွေးခြင်းအား ကြိုဆိုကြောင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတာဝန်ခံ ဦးမြင့်အောင်ကပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ-၂၆

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် ပြုလုပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှရသော ရလာဒ်ပေါ်မူတည်၍ တနင်္သာရီတိုင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် မည်သည့်လုပ်ငန်းဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA)ဥက္ကဋ္ဌ ဒေါက်တာထင်လှကပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ-၂၅

တစ်နိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ပါဝင်မည့် မြန်မာအစိမ်းရောင်ကွန်ရက်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို ပုပ္ပားတွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကွန်ရက်မှ ဥက္ကဋ္ဌဒေါ်ဒေ၀ီသန့်ဇင်က ပြောသည်။

ရန်ကုန်၊ အောက်တိုဘာ-၂၀

ဆောင်းခိုငှက်များ လာရောက်ကျက်စားသော ပလိပ်အင်း၏ ဂေဟစနစ်အား အဓိက ခြိမ်းခြောက်နေသောပြဿနာမှာ အင်းရေများဖောက်ထုတ်ပြီး လယ်ယာမြေများ ချဲ့ထွင်လာသောကြောင့်ဖြစ်ကြောင်း ပလိပ်အင်းကို သုံးနှစ်လေ့လာသုတေသနပြုလုပ်ခဲ့သူ မြန်မာ့ငှက်ဝါသနာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။

ကမ္ဘာပေါ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျှော့ချရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် ခွင့်ပြုလာခြင်းအပေါ် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက ဝေဖန်ကန့်ကွက်ပြောဆိုမှုများ ရှိလာသည်။

ရန်ကုန်၊ အောက်တိုဘာ-၃

အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့သော ဧရာဝတီမြစ်ကယ်တင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပွဲတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို သမ္မတဦးသိန်းစိန် သမ္မတသက်တမ်းတွင်သာမဟုတ်ဘဲ ထာဝရရပ်ဆိုင်းပေးရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ရန်ကုန်၊ စက်တင်ဘာ-၂၉

စံပယ်တောင် ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ရှိ မြေအောက်ရေများ သောက်သုံးမရခြင်းမှာ မြန်မာယမ်စီကုမ္ပဏီနှင့် သက်ဆိုင်မူမရှိကြောင်း ယင်းကုမ္ပဏီ လူထုဆက်ဆံရေးအရာရှိ ဦးအောင်ဇော်လင်းက ဂရင်းမီးရထားဟိုတယ်တွင် တွေ့ဆုံသော စာနယ်ဇင်းရှင်းလင်းပွဲ၌ ငြင်းဆိုလိုက်သည်။

ရန်ကုန်၊ စက်တင်ဘာ - ၂၁

မြိုင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ချောင်းများ၏ ရေဝေရေလဲဒေသများတွင် ငါးနှစ်စီမံကိန်းချမှ၍ သစ်ပင်များ စိုက်ပျိုးမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်ကပြောကြားသည်။

ရန်ကုန်၊စက်တင်ဘာ-၂၄

အိဖြူမွန်၊ သိမ့်သိမ့်စိုး
ဟုမ္မလင်းမြို့နယ်တွင် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ပျက်စီးနေသော လယ်မြေဧက ၃၀၀ ကျော်အတွက် နစ်နာဆုံးရှုံးမှုများကို တရားစွဲဆိုနေစဉ်အတွင်း တူးဖော်ရေးလုပ်ငန်းများ ယာယီရပ်နားပေးရန် တောင်းဆိုရာ တရားရုံးမှ ပယ်ချလိုက်သဖြင့် တောင်သူများ အဆင်မပြေဖြစ်နေကြောင်း ဒေသခံလယ်သမားများက ပြောကြားသည်။

ရန်ကုန်၊ စက်တင်ဘာ - ၁၉

ဂျပန်တက္ကသိုလ်သုံးခုက ကမ်းရိုးတန်းဒေသများရှိ တက္ကသိုလ်များတွင် ဒီရေတော ဘာသာရပ်အသစ် ထည့်သွင်းသင်ကြားပါက ကူညီဆောင်ရွက်ပေးရန် စိတ်ဝင်စားလျက်ရှိကြောင်း သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းကပြောသည်။

7daynewsjournal.com

Most View