International

မစ္စတာရက်စ်တီလာဆန်သည် ကမ္ဘာ့အကြီးဆုံး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီကြီး Exxon Mobil၏ လက်ရှိဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ Exxon Mobil မှာ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်တွင် အခြေစိုက်ထားသော နိုင်ငံတကာရေနံကုမ္ပဏီကြီးဖြစ်သည်။

ကမ္ဘာပေါ်၌ အန္တရာယ်အကြီးမားဆုံး နှစ်နိုင်ငံနယ်စပ်တစ်ခုအဖြစ် သတ်မှတ်ခံရ၍ စွန့်စားမှုရှာဖွေသူများ လာရောက်လည်ပတ်ကြသဖြင့် တောင်နှင့်မြောက်ကိုရီးယား နယ်စပ်ဒေသတွင် ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားများမှာ ပြည့်ကျပ်နေသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးတင်းမာမှုများကလည်း နိုင်ငံခြားသားခရီးသွားများကို ကြောက်ရွံ့စေရန် မတတ်နိုင်သည့်ပုံပင်။

အရှေ့ဥရောပရဲ့ ဘော်လ်တစ်နိုင်ငံဖြစ်တဲ့ လတ်ဗီးယားဟာ မကြာမီကာလအတွင်း ဥရောပရဲ့ တစ်ခုတည်းသော ငွေကြေးဖြစ်တဲ့ ယူရိုငွေသုံးစွဲမှု ယူရိုဇုန်ထဲကို ၀င်ရောက်တော့မှာ ဖြစ်ပါတယ်။ ယူရိုဇုန်ထဲ လတ်ဗီးယားဝင်ဖို့ ဦးဆောင်ခဲ့သူကတော့ ၀န်ကြီးချုပ်ဗယ်လ်ဒစ်ဒွန်မ်ဘရော်စကီးပဲ ဖြစ်ပါတယ်။ ယခုအခါ ယူရိုဇုန်ထဲမှာ မူလအနောက်ဥရောပနိုင်ငံများအပြင် လတ်ဗီးယားရဲ့အိမ်နီးချင်း အက်စတိုးနီးယား အပါအ၀င် နိုင်ငံပေါင်း (၁၇)နိုင်ငံ ရှိနေတာပါ။ လတ်ဗီးယားဟာ ၎င်းရဲ့နိုင်ငံသုံးငွေကြေး “လတ်စ်”ကို လာမည့် ၂၀၁၄ ဇန်န၀ါရီမှာ ပယ်ဖျက်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ လတ်ဗီးယားကို ယူရိုဇုန်ထဲ ၀င်ရောက်ခွင့်ပေးဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုလည်း ဥရောပသမဂ္ဂ(အီးယူ)ဟာ ဒီနွေရာသီမှာ ချမှတ်သွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ယူရိုသတင်းဟာ လတ်ဗီးယားဝန်ကြီးချုပ် ဒွန်မ်ဘရော်စကီးနဲ့ တွေ့ဆုံပြီး ဥရောပသမဂ္ဂထဲ နိုင်ငံဝင်ရောက်ရေးကိစ္စများကို မေးမြန်းထားခဲ့ပါတယ်။

မစ္စတာအယ်လ်ဖာကွန်ဒီသည် ဂီနီနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလမှစ၍ ဂီနီနိုင်ငံသမ္မတတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ မစ္စတာကွန်ဒီသည် ဂီနီအစိုးရအဆက်ဆက် အတိုက်အခံဘက်မှသာ ရပ်တည်နေခဲ့ရပြီး ၁၉၉၃ နှင့် ၁၉၉၈ ခုနှစ် ရွေးကောက်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း သမ္မတလန်ဆာနာကွန်တီကို မဖြတ်ကျော်နိုင်ခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌သာ အတိုက်အခံ Rally of Guinean People (RPG)ကို ဦးဆောင်၍
သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ကမ္ဘာကြီး၏ အနာဂတ်စွမ်းအင်လိုအပ်ချက်အတွက် ကာဗွန်ထုတ်လွှတ်မှုနည်းသော စွမ်းအင်ထုတ်လုပ်ပေးရန် လိုအပ်သည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာ မရှိပေ။ ယနေ့ကမ္ဘာတွင် သုံးစွဲနေသော စွမ်းအင် ၈၀ ရာခိုင်နှုန်းမှာ ကာဗွန်အခြေခံ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ လာခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ၂၀၅၀ ပြည့်နှစ်ခန့်တွင် ကာဗွန်ထုတ်လွှတ်မှုမရှိသော (သို့မဟုတ်) ထုတ်လွှတ်မှုနည်းသော စွမ်းအင်ကို ပြောင်းလဲသုံးစွဲရန် လိုအပ်သည်။ ပြဿနာမှာ မည်သည့်အချိန်တွင် မည်သို့ပြောင်းလဲမည်နည်းဆိုသော အချက်ဖြစ်သည်။

နိုင်ငံရေးအကဲခတ်သူ တော်တော်များများက ယုံကြည်ကြတာကတော့ မာလီစစ်ခေါင်းဆောင် အာမဒိုဆန်နိုဂိုဟာ ပြီးခဲ့တဲ့တစ်နှစ်က အာဏာသိမ်းမှု ဆင်နွှဲပြီးနောက် တိုင်းပြည်ကို အကျဉ်းအကျပ်ထဲ ကျရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ သူ့အမြင်အရတော့ မဟုတ်ပါဘူး။ စပိုင်းဂဲလ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ ဆန်နိုဂိုက သူဟာ ပျက်စီးနေတဲ့ တိုင်းပြည်ဟောင်းကို ကယ်တင်ခဲ့ပြီး အသစ်စတင်နိုင်မယ့်လမ်းကို ဖော်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ ဆန်နိုဂိုက သူဟာ ရိုးရိုးသာမန်စစ်သားတစ်ဦးလို့ပဲ ပြောပါတယ်။ ဒါပေမဲ့ ယမန်နှစ် မတ်လက သမ္မတအမာဒူတူမာနီတိုရေးရဲ့ မာလီအစိုးရကို ဖြုတ်ချစဉ် အာဏာသိမ်းမှု ဦးဆောင်ခဲ့တဲ့ ဆန်နိုဂိုဟာ မာလီရဲ့နောက်ကွယ်က အာဏာပိုင်ဖြစ်လာခဲ့ပါတယ်။ ဆန်နိုဂိုဟာ ယခင်သမ္မတလက်ထက် အခြေခံဥပဒေဟောင်းကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတကာဖိအားတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြားဖြတ်အစိုးရလက်ထဲ အာဏာပြန်လွှဲပေးခဲ့ပါတယ်။ သူကတော့ နောက်ကွယ်က ချုပ်ကိုင်ထားတဲ့ တကယ့်ခေါင်းဆောင်အဖြစ် ကြွင်းကျန်ရစ်နေဆဲပါ။ ဒီနောက်ပိုင်းမှာတော့ မာလီရဲ့ နိုင်ငံရေးအချိုးအကွေ့တွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အစ္စလာမ်မစ်ဝါဒီသူပုန်တွေက နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ခဲ့ပြီး ဒီနှစ်အတွင်းမှာပဲ မာလီဟာ မတည်ငြိမ်တဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတစ်ခုကနေ အာဖရိကရဲ့ နောက်ထပ်ဆိုမာလီယာ ဖြစ်လာမယ့်အရေးကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဟိုဆေးအိန်ဂျယ်ဂါရီယာသည် မက္ကဆီကိုစီးပွားရေးပညာရှင် သံတမန်တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၃၄ နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသော နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့(OECD)၏ လက်ရှိ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ယင်းအဖွဲ့၏ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၆ ခုနှစ် ဇွန်လ ၁ ရက်မှ စတင်တာဝန်ယူခဲ့သည်။ OECD အဖွဲ့မှာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။

ပနားမားတူးမြောင်း တူးဖော်ပြီးစီး၍ နှစ်ပေါင်းတစ်ရာတိတိ ရှိလာချိန် ယခုလအတွင်း တရုတ်နိုင်ငံတွင် ကြီးမားကျယ်ပြန့်သော တောင်၊ မြောက် ရေလွှဲပြောင်းပေးပို့ရေး စီမံကိန်းကြီး၏ ပထမအဆင့် ပြီးဆုံးမည်ဟု မျှော်လင့်ထားပါသည်။ တရုတ်ဘာသာစကားအရ ဆိုလျှင်လည်း စီမံကိန်းမှာ တောင်ပိုင်းမှရေကို မြောက်ပိုင်းသို့ လမ်းလွှဲပေးရေးဟု အဓိပ္ပာယ်ရပါသည်။ ယင်းစကားစုမှနေ၍ ဥက္ကဋ္ဌကြီးမော် ပြောခဲ့သည်ဆိုသော အကြံပြုချက်ကို အမှတ်ရစေပါသည်။ ဥက္ကဋ္ဌကြီးမော်က “တောင်ပိုင်းမှာ ရေတွေအများကြီးရှိပြီး မြောက်ပိုင်းမှာ နည်းနည်းပဲရှိတော့ တချို့တစ်ဝက်ကို ကျွန်တော်တို့ ချေးယူသင့်တယ်ထင်တယ်”ဟူ၍ ပြောခြင်းဖြစ်သည်။

အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ၎င်းရဲ့နျူအစီအစဉ်နဲ့ ပတ်သက်လို့ နောက်ထပ်နိုင်ငံတကာဆွေးနွေးမှုတွေ ရှိခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအသစ်မှာလည်း အီရန်လူ့အခွင့်အရေးအခြေအနေကို ဖော်ပြထားမှုတွေကြောင့် ကမ္ဘာ့သတင်းတွေမှာ ပြန်လည်စိုးမိုးလာခဲ့ပြန်ပါတယ်။

မစ္စတာအန်သိုနီ သောမတ်စ်ကာ မိုနာသည် ကာရီဘီယံပင်လယ် တောင်ပိုင်းရှိ ထရီနီဒက်နှင့် တိုဘာဂိုကျွန်းစုနိုင်ငံများ၏ သမ္မတဖြစ်သည်။ ယင်းမတိုင်မီတွင် ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံ၏ တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး (ICC)၏ တရားသူကြီးအဖြစ်လည်း တာဝန်ယူခဲ့သည်။

7daynewsjournal.com

Most View