News

ရန်ကုန်၊ မေ-၁၂

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု များပြားလာသည်နှင့်အမျှ လိင်ခရီးသွားဆိုင်ရာကိစ္စ၊ ကလေးသူငယ်များအား
လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရန် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သည့် The Code မှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၁၁

ကလောရွှေတွင်းပြိုကျမှုတွင် ပျောက်ဆုံးနေသူ  တစ်ရာကျော်နှင့် တွင်းထဲတွင် ပိတ်မိနေသူများ ရှိနေသေးသည်ဟူသော သတင်းများမှာ  ကောလာဟလသာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းဆိုသည်။

မြန်မာ-တရုတ်ရေနံပိုက်လိုင်း ဖြတ်သန်းခအတွက် နိုင်ငံတော်အခွန်အနေဖြင့်  ရေနံတစ်တန်လျှင် အမေရိကန်  တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ ဥက္ကဋ္ဌ မစ္စတာလီကျန်ယွင်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်၊ မေ- ၁၀

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိခဲ့သည်ဟု ပြောဆိုနေကြ
သော်လည်း စီမံကိန်းအကောင် အထည်ဖော်သည့် ကုမ္ပဏီက ကောက်ယူထားသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းအရ ထိခိုက်မှုမရှိသည့်စီမံကိန်းဖြစ်ကြောင်း အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ ဥက္ကဋ္ဌမစ္စတာလီကျန်ယွင်းက ပြောသည်။

ရန်ကုန်၊ မေ-၁၃

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ကောက်ယူသော စစ်တမ်းများအရ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့မှ  ဦးနိုင်ကဆုမွန်ပြောသည်။ မွန် လူ့အခွင့်အရေးဖောင်ဒေးရှင်းက မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှုများမှုကို ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး တစ်နှစ်တစ်ကြိမ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ မေ-၁၃

အောင်သူရ၊ အောင်သစ်လွင်

အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

ရန်ကုန်၊ မေ-၁၁

ထားထားမြင့်၊ မိုးညို

ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံတစ်ခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မီးရထားရုံးချုပ်ဟောင်းကို ပင်နီဆူလာဟိုတယ်အဖြစ် ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံထုတ် Travel Weekly စာစောင်တွင် ရေးသားဖော်ပြသည်။

အေးသူစံ၊ ဗိုလ်ဗိုလ်ဝင်း၊ ဆွေမွန်

သတင်းဂျာနယ်ဈေးကွက်အတွင်း ဦးဆောင်နေသော ဂျာနယ်အများစုမှ ထုတ်ဝေသော ပုဂ္ဂလိကသတင်းစာများ ဈေးကွက်တွင် စုံသလောက်ဖြစ်လာပြီးနောက် ပုဂ္ဂလိက သတင်းစာများ ဈေးကွက်ဝေစုရရှိရန် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်။

ရန်ကုန်၊ မေ-၅

ပြည်သိမ်း၊ အောင်သူရ

အောင်ဇေယျမြို့တော်  စီမံကိန်းအတွက် အောင်ပုဂံစိုက်ပျိုး ထုတ်လုပ်ရေးကုမ္ပဏီက သိမ်းယူထားသည့် လယ်မြေများကို ဧပြီ
၃၀ ရက်မှစ၍တစ်ဧက ကျပ်သိန်းလေးဆယ်နစ်နာကြေးပေးကြောင်းလယ်သမားအရေး ဆောင်ရွက်နေသူများထံမှ သတင်းရရှိသည်။

ရန်ကုန်၊ မေ-၅

တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးလေးဦးကို  လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားသည့် တရားခံအား မေ ၂ ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

7daynewsjournal.com

Most View