သင့်ကိုယ်ပိုင် ပထမတန်းစားပုံစံပဲဖြစ်ပါစေ။ တခြားတစ်စုံတစ်ယောက်ရဲ့ ဒုတိယတန်းစားပုံစံဘယ်တော့မှအဖြစ်မခံပါနဲ့။ တနင်္ဂနွေနေ့ရောက်ပြီဆိုတာနဲ့သမီးရဲ့ခန္ဓာ ကိုယ်ထဲမှာ ကြောက်စိတ်တွေက တဖွားဖွားထွက်လာ တော့တယ်။ မျက်ရည်တွေဆိုတာ လည်း သမီးလည်ချောင်းထဲမှာအ စိုင်အခဲနဲ့ အသင့်စောင့်နေသလိုပဲ လေ။ တနင်္ဂနွေညဆိုတာ နောက် တစ်နေ့မှာ ကျောင်းတက်ရတော့ မယ်ဆိုတဲ့ သဘောပဲပေါ့။ တနင်္လာ နေ့ကို မနက်စောစောကျက်သရေ မရှိလှတဲ့ နှိုးစက်သံစူးစူးရှရှနဲ့ စ တင်တယ်။ နေရောင်ခြည်တွေက သမီးအိပ်ခန်းရဲ့ ခန်းဆီးလိုက်ကာ တွေကို ဖောက်ထွင်းဝင်ရောက်မလာသေးခင်မှာပဲ နေ့တစ်နေ့ကို စရတယ်လေ။ အဲဒီနောက်တော့ စိတ် ညစ်ညူးဖွယ်အ၀ါရောင်တောက် တောက်ကျောင်းကားကို လမ်းတစ် လျှောက်မောင်းလာတာကို အိမ် တွေကြားထဲကနေ လှမ်းမြင်နေရ မယ်။ တကယ်တော့ ဒီကျောင်း ကားဝါကြီးဟာ သမီးကို ရန်သူ့ နယ်မြေဆီကို အတင်းအကျပ်သယ်ဆောင်သွားမယ့်မိစာကောင် ကြီးပဲလေ။