Opinion

ပြောင်းလဲခြင်းတို့၏ သဘော
လောကကြီးမှာ အရာဝတ္ထုတိုင်းဟာ ပြောင်းလဲတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲခြင်းမှာ သဘာဝကျကျ ပြောင်းလဲခြင်း (Systematic Change) နဲ့ သဘာဝနဲ့ မကိုက်ညီဘဲ ပြောင်းလဲခြင်း (Chaotic Change) ဆိုတာ ရှိနေပြန်ပါတယ်။ တစ်နည်းပြောရရင်တော့ စနစ်တကျပြောင်းလဲခြင်းနဲ့ စနစ်မကျ ပြောင်းလဲခြင်းလို့လည်း ခေါ်နိုင်ပါတယ်။

(တစ်)
စားလို့ရတာ အကုန်စားဟု စကားရှိသော်လည်း စားလို့ရတာ မှန်သမျှကို မစားဘဲ ကိုယ့်ခံယူချက်နှင့်ကိုယ်၊ ကိုယ့်ခံစားမှုနှင့်ကိုယ် စည်းကမ်းနယ်နိမိတ်သတ်မှတ်ကာ ကိုယ့်ပါးစပ်ကို ထိန်းသိမ်းကြပ်မတ်ပြီး အသက်ရှင်နေထိုင်သွားကြသည့် လူပုဂ္ဂိုလ်အမျိုးမျိုးကို ကျွန်တော်တွေ့ဖူးပါသည်။

ယခုလ အစောပိုင်းရက်တွေ အတွင်းမှာ စိတ်မချမ်းသာစရာသတင်းတွေက နားမဆံ့အောင်ဖြစ်နေသည်။ အင်တာနက်မှာ
တီဗီသတင်းစဉ်တွေမှာ ကြည့်ရမြင်ရ၊ ဖတ်ရသမျှက ရင်ကိုရိုက်ခတ်သည်။ ကြားနေရသည့် ကောလာဟလတွေကလည်း ဟုတ်လေလား၊ မဟုတ်လေလားတော့မသိ။ တိုင်းပြည်ရှေ့ရေး ရင်အေးစရာ မရှိလှ။ မိတ္ထီလာမှာ မြို့လုံးပင်ပြာကျတော့မလို မီးတွေဟုန်းဟုန်း တောက်နေသည်။ တားနိုင်ဆီးနိုင် အခြေအနေတွေကို သဲကွဲစွာမမြင်ရ။ မိတ္ထီလာကို မြို့ပျက်ကြီးလိုမြင် နေရသည်။ သည်လို မြို့ကြီးတစ် မြို့ သည်လိုဖြစ်နေသည် မြင်ရတော့  နှမြောဝမ်းနည်း  ခံစားရသည်။

စက္ကူဖြင့် ဖွဲ့စည်းထားသည့်  စာအုပ်တစ်အုပ်ဖြစ်ခဲ့လျှင် အပိုစာမျက်နှာများကို လျစ်လျူရှုထားလိုက ထားနိုင်သည်။
ဆုတ်ဖြဲချင်က ဆုတ်ဖြဲနိုင်သည်။ ကျော်လွှားချန်ထားခဲ့လို့လည်း ရသည်။ ဒါမှမဟုတ် ပြန်လည်အသုံးချ အသုံးပြုနိုင်သည်။ စာအုပ်တစ်အုပ် မဟုတ်သည့် သမိုင်းမှတ်တမ်းအစဉ်အလာများတွင် ဖြစ်ပေါ်ခဲ့ပြီးသော အပိုစာမျက်နှာ များဆိုလျှင်ရော...။
သမိုင်းအပိုစာမျက်နှာများစွာ ရှိခဲ့သည်ဆိုပါက၊ သမိုင်းအပို စာမျက်နှာများကို ဖန်တီးနေကြသည်ဆိုပါက၊ လာမည့် မျိုးဆက်များအတွက် သမိုင်းအပိုစာမျက်နှာများကိုသာ ချန်ရစ်ထားခဲ့ကြမည်ဆိုပါက...။

ခွန်းဆင့်သူသူ

တော်လှန်ရေးဆိုတာ အကြမ်းပတမ်းတိုက်ခိုက်တဲ့ ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာမဟုတ်ဘူး။ လက်ရှိ စနစ်ဟောင်းကို တော်လှန်ပြီး စနစ်သစ် ဘွားခနဲ ပေါ်ပေါက်လာတာကို ဆိုတာပဲ”

ထည်ဝါခန့်ညားလွန်းသည့် တံတားကြီးက လှပလွန်းသည်။ အဝေးကကြည့်လျှင် မြွေကြီးတစ်ကောင် လဲလျောင်းနေသည့်ပုံဖြစ်၏။ ထိုတံတားကြီးကိုကြည့်ရင်း တံတားပေါ်မှာ ကားမောင်းချင်စိတ်က ဖြစ်ပေါ်သည်။ တံတားကြီးပေါ်မှာ လမ်းလျှောက်ရင်း စိမ်းညို့ညို့ သစ်တောရှိရာ၊ သစ်ပုပ်ပင်ကြီးရှိရာ၊ ကံ့ကော်တို့ပွင့်ရာ တက္ကသိုလ်ကျောင်းကြီးသို့ မျှော်မှန်းချင်သည်။ မကြာမီပြီးတော့မည့် လှည်းတန်းစင်တာကြီးကလည်း သူ့အလှကို လှစ်ပြရတော့မည်ဆိုပြီး လန်းဆန်းတက်ကြွလျက် ထိုတံတားကြီးနှင့် လှည်းတန်းစင်တာကြီးက လိုက်ဖက်လွန်းလှသည်။
ယခင်က လှည်းတန်းမှာ အလှဆုံးဟု ထင်မှတ်ထားသော ပြည်မြန်မာကုန်တိုက်ကြီးက သော့အထပ်ထပ် ခတ်ခံထားရပြီး ရေမချိုးရသေးသော လူမမာတစ်ယောက်ပုံပေါက်နေသည်။ အချိန်ရာသီရွေ့လျားမှုအောက်မှာ မတည်မြဲခြင်း အနိစ္စသံဝေဂယူစရာ။

တစ်လောဆီက ရန်ကုန်မှအပြန် ဒလကားဂိတ်မှာ တပည့်ဟောင်းတစ်ယောက်နှင့် တွေ့သည်။ နယ်က သူ့အိမ်ကို ပစ္စည်းတစ်ခု လူကြုံပါးချင်လို့ လူကြုံလာရှာရင်း ကျွန်တော်နှင့် ဆုံတွေ့ခြင်းဖြစ်၏။ ကားထွက်ဖို့လိုသေးတာနှင့် ကားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာ ဆရာတပည့်နှစ်ယောက်ထိုင်ဖြစ်သည်။

(တစ်)
မြိုင်သို့ ရောက်လျှင် ဆရာမြသန်းတင့်ကို သတိရမြဲ ဖြစ်ပါသည်။ မြိုင်က နာမည်ကျော် စာရေးဆရာကြီး မြသန်းတင့်၏ ဇာတိချက်မြှုပ် မဟုတ်လား။ ဆရာက သူ့မြောက်မြားလှစွာသော ဘာသာပြန်ဆိုချက်များ၏ တစ်နေရာမှာ အာဖရိက၏ ပူပြင်းခြောက်သွေ့လွန်းလှပုံကို ပြန်ဆိုရာ၌ ပူလိုက်တဲ့နေတဲ့၊ နေကြာပန်းတွေ ဘယ်ဘက်ကို လှည့်ပွင့်ရမှန်း မသိ
တော့ဘူးတဲ့။ ကျွန်တော်စွဲငြိသွားမိကြောင်း ၀န်ခံလိုပါသည်။

အောင်အောင် (IR)

ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံတော် သမ္မတကြီးက ဘရက်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့၊ ရွေးကောက်ပွဲတို့၊ နိုင်ငံရေးပါတီ၊ လွှတ်တော်တို့အပေါ်မှာ အာရုံစိုက်ပြောဆိုနေကြတာထက်လမ်းပေါ်က သာမန်ပြည်သူတစ်ယောက်၊ မိသားတစ်စုရဲ့ အခက်အခဲ၊ အကျပ်အတည်းလျော့ပါးလွတ်မြောက်ရေးက ပို၍ပဓာနကျအရေးကြီးပါကြောင်း ပြောကြားသွားပါတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ရော၊ စာရေးသူတစ်ယောက်အနေနဲ့ပါ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ လမ်းပေါ်က သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ တိုးတက်ကောင်းမွန်ဖို့ဆိုတာ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဆိုတာတွေနဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေပါတယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဆိုတာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ရွေးကောက်ပွဲတို့၊ နိုင်ငံရေးပါတီ၊ လွှတ်တော်ဆိုတာတွေနဲ့ ချိတ်ဆက်ပတ်သက်နေတော့ တစ်ခုပြောရင် တစ်ခုကတော့ မလွတ်ပါဘူး။

ကြက်သီးထဖွယ်ကောင်းသော သတင်းတစ်ပုဒ်ကို မတ်လ ၅ ရက်နေ့ထုတ် New Watch (စောင့်ကြည့်သတင်းဂျာနယ်)တွင် ဖတ်လိုက်ရပါသည်။ သတင်းနှင့်အတူ ဓာတ်ပုံတွေပါ ဖော်ပြထားသည့်အတွက် ထိုဒေသ၊ ထိုနေရာ(မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ)တွင် ဖြစ်ပွားခဲ့သော ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပြည်သူများ၏ ပဋိပက္ခကို မြင်တွေ့နိုင်ပါသည်။ ကြောက်တတ်သည့်သူများဆိုလျှင် သတင်းဂျာနယ်ကို မှောက်ပစ်လိုက်မှာ သေချာသည်။ နှလုံးရောဂါရှိသည့်သူများ ကြည့်မိလျှင် ရှော့ခ်ဖြစ်သွားနိုင်လောက်သည်။ သွေးချင်းချင်းနီရဲနေသော အမျိုးသမီးများနှင့် ဒဏ်ရာရနေသော ရဲတပ်ဖွဲ့ဝင်အချို့၏ ပုံများသည် ကျွန်တော့်အတွက် စိတ်မကောင်းစရာပါ။ အေးဆေးတည်ငြိမ်စွာ နေတတ်သော၊ တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားတတ်သော၊ သနားငဲ့ညှာတတ်သော မြန်မာလူမျိုးများဟု ကမ္ဘာက အသိအမှတ်ပြုထားသော ပုံရိပ်တို့သည် ထိုသတင်းဓာတ်ပုံများကြားတွင် ပျောက်ဆုံးသွားပြီး သိက္ခာကျစရာ ဖြစ်ခဲ့ရပြီဆိုတာကို ကျွန်တော် နားလည်လိုက်ပါသည်။ ၀မ်းနည်းစရာလည်း အလွန်ကောင်းပါသည်။

7daynewsjournal.com

Most View