Opinion

မင်းသန်းထိုက်(ဒေးဒရဲ)
၂၀၁၂ ခု ဇန်န၀ါရီ ၂၆ ရက်ထုတ် 7Day News ဂျာနယ်တွင် မနှစ်မြို့ဖွယ် သတင်းတစ်ပုဒ်ကို စိတ်ဆင်းရဲစွာဖြင့် ဖတ်လိုက်ရသည်။ ကယားပြည်နယ် လွိုင်ကော်မြို့နယ် တွင် ၁၈ နှစ်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို အသက် ၂၀ ကျော်အရွယ် အမျိုးသားငယ်တစ်ဦးက လိမ်ညာခေါ်ဆောင်ပြီးသားမယားပြုကျင့်သည့် သတင်းဖြစ် သည်။ အလားတူ သတင်းမျိုးကို ဂျာနယ်များတွင် မကြာခဏဆိုသလိုဖတ်ရသည်။ ဖတ်ရတိုင်းလည်း ဖခင်တစ်ဦးအနေနှင့် သားသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် စိတ်နှလုံးညှိုးချုံးရပါသည်။

မြန်မာနိုင်ငံမှာမပျက်စီးသေးတဲ့ တန်ဖိုးတွေအများကြီးရှိပါသေးတယ်။ အထူးသဖြင့် မြန်မာလူမျိုးတွေရဲ့ရိုးသားပွင့်လင်းတဲ့အပြုံးတွေဟာ အခြားနေရာတွေမှာတွေ့ဖို့ မလွယ်တဲ့ထူးခြားမှုတွေပါ။
(စီအင်န်အင်န်သတင်းတစ်ပုဒ်မှ ကောက်နုတ်ချက်)

မိုးသားတိမ်တွေနဲ့ မကြည်လင်တဲ့ ဆောင်းရာသီကောင်းကင်ဆောင်းရာသီကာလကို ရာသီဥတု ပညာရှင်တွေက အေးပြီးခြောက်သွေ့တဲ့ကာလလို့ သတ်
မှတ်ခဲ့ကြပါတယ်။ ရာသီဥတုကလည်း ကောင်းကင်ပြာပြာ၊ နှင်းဖွေးဖွေးနဲ့ ရာသီဥတု ကြည်လင်အေးမြနေလေ့ရှိလို့ ပွင့်လင်းရာသီလို့လည်း လူသိများလှပါတယ်။ ဒီ
နှစ်ဆောင်းကတော့ ပြောမယုံ၊ ကြုံဖူးမှသိ ဆိုရမလို မိုးသားတွေတက်၊ ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ မိုးဖွဲလေးတွေက ကျလိုက်သေး။ အအေးပိုတစ်ခါ ပေါ့တစ်လှည့်နဲ့၊
တကယ့်ကို မျက်နှာများတဲ့ မိုးကောင်းကင်လို့ ခေါ်ရမတတ်ပါပဲ။  

“ကျန်းကျန်းမာမာ xxx ချမ်းချမ်းသာသာ xxx ဘေးရန် ကာဆီးပြီ xxx    လူမွဲတွေက မနှေးခေတ်မီ  xxx  သူဌေးဖြစ်တော့မည်”
ဒီစာသားတွေပါတဲ့ နဂါးနီသီချင်းကို မြန်မာတိုင်းမှတ်မိကြပါလိမ့်မယ်။ အမှန်တော့ နဂါးနီသီချင်းဟာ နိုင်ငံရေးနိုးကြထကြွမှုမှာ အလွန်အရေးပါခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အတွက် အားပေးအားမြှောက်ပြုခဲ့တဲ့ သမိုင်းဝင်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာက ဒီသီချင်းကို သိပ်ကြိုက်တယ်။ ဆရာငယ်ဘ၀နဲ့ စီးပွားရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း အနုပညာအသင်းမှာ ပါဝင်လှုပ်ရှားတဲ့အခါ ဒီသီချင်းကို ကျောင်းသူ၊ ကျောင်းသားတွေကို ဆိုစေခဲ့တယ်။ အမှတ်
ရတာတစ်ခုကတော့ ညဘက် အဆောင်မှာ စာသွားပြရင်း လက်ဖက်ရည်ကို လက်တွန်းလှည်းကလေးနဲ့ ရောင်းနေတဲ့အချိန်မှာ လက်ဖက်ရည် ရောင်းတဲ့သူက နဂါးနီသီချင်းကို ဖွင့်ပြီး “လူမွဲတွေက xx မနှေးခေတ်မီ xxx သူဌေးဖြစ်တော့မည်”ဆိုတာကို ကြော်ငြာခဲ့တာ သတိရနေမိပါတယ်။

ဒေါ်ရှယ်လီနန်းဟွမ်လိတ်
ကျွန်မဒီဆောင်းပါးကို ရေးဖို့ကြံရွယ်နေတာ ကြာပါပြီ။ အလုပ်တစ်ပြီးတစ်ခု ပေါ်လာတာရယ် ယာယီခရီးတိုလေးတွေ ပေါ်လာတာရယ်ကြောင့် နေ့ရွှေ့ ညရွှေ့နဲ့ မရေးဖြစ်တာပါ။ ဒီနေ့မှ Voice ဂျာနယ်ထဲမှာ ဆရာဒေါက်တာအောင်ထွန်းသက်ဆောင်းပါးထဲက ကျွန်မရဲ့ ဆန္ဒနဲ့ထပ်တူဖြစ်တဲ့ တက္ကသိုလ်အဆောင်များ ပြန်ပေါ် ပေါက်လာရေးရယ်၊ နိုင်ငံခြား ပညာတော်သင်များများ လွှတ်ဖို့၊ ကျွမ်းကျင်သူများခေါ်လာပြီး ပညာတတ်ဖြစ်စေဖို့စသည်တို့ကို ဖတ်လိုက်ရပါတယ်။ ရာနှုန်းပြည့် လည်း ထောက်ခံပါတယ်။ ဒါပေမဲ့ ဖြည့်စွက်ချင်တာလေးလည်း ရှိတာနဲ့ ဒီဆောင်းပါးကိုရေးဖြစ်သွားပါတယ်။

ယနေ့အချိန်အခါသည် မိမိတို့တိုင်းပြည်၌ ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရသည် အာဏာကို တစ်ဦး
တစ်ယောက်လက်ထဲသို့ ပုံအပ်ထားခြင်းမဟုတ်ဘဲ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ ကဏ္ဍသုံးရပ်ခွဲကာ
အာဏာကိုခွဲဝေပေးထားမှုပဲ ဖြစ်ပါသည်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ဖြင့် မည်သူ့မည်သူမှ အာဏာကို အလွဲသုံးစားမပြုနိုင်ရန် စီမံဖော်ဆောင်ထား
သည့် စနစ်ဖြစ်ပေသည်။ အာဏာသုံးရပ်လုံး၏ အန္တိမရည်မှန်းချက်မှာ ပြည်သူလူထုနစ်နာမှုမရှိစေရန်၊ ပြည်သူလူထုကိုအကာအကွယ် ပေးနိုင်ရန်၊ ပြည်သူ
လူထုအကျိုးစီးပွားတိုးပွားစေရန်ပင်ဖြစ်သည်။ ထိုရည်မှန်းချက်ဖော်ဆောင်ရာတွင် အနည်းစု၏ သဘောဆနကို လေးစားမှုရှိပြီး အများစု၏ သဘောဆန္ဒ
အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ဦးတည်ထားသည်။

(၁)
ပြောရလျှင် ဒီရက်ပိုင်း စာ မရေးဖြစ်ပါ။ ခရီး ယာယီများနေ သောကြောင့်ဖြစ်သည်။ ခါတော်မီ တုပ်ကွေးနှင့် တိုးနေသောကြောင့် လည်းဖြစ်သည်။ ထို့ထက် ဖတ်စရာတွေ မနိုင်မနင်းများနေသော ကြောင့်လည်းဖြစ်ပါသည်။ သတင်း ထူးတွေ တသွင်သွင်စီးနေသော ကာလမို့ ခါတိုင်း ပုံမှန်မဖတ်ဖြစ် သော ပြည်တွင်းဂျာနယ်တွေကို ပင် တကူး တကရှာပြီး တခုတ်တရ ဖတ်နေရသည်။

မင်းသန်းထိုက်(ဒေးဒရဲ)
တောမြို့ကလေးတွေမှာ နေထိုင်ရတဲ့ စာသမားများရဲ့ ဒုက္ခကလည်း မသေးလှပါ။ စာကြည့်တိုက်ကောင်းကောင်းမရှိ။ အငှားဆိုင်တွေမှာကလည်း စာအုပ်ကမစုံ။ လစဉ်ထုတ်မဂဇင်းကို မဆိုထား နှင့်။ ဂျာနယ်တွေတောင် အစုံမရောက်တော့ တချို့မဂ္ဂဇင်းတွေဆို တစ်လ၊ နှစ်လကျော်မှပဲ ဖတ်ရပါတော့တယ်။

ဒေါက်တာကျော်လတ်
မြန်မာပြည်လူနေမြို့ရွာများ နှင့်ပတ်သက်၍ အဓိကကျသော ၀ိသေသနလက္ခဏာများမှာ (၁) ကျေးလက်ဒေသများမှ မြို့ပြ ဒေသများသို့ ပြောင်းရွှေ့နေထိုင် ခြင်းအားဖြင့် မြို့ပြဒေသများတွင် လူဦးရေတိုးနှုန်းမြင့်မားခြင်း၊ (၂) မြန်မာပြည်တွင် လူဦးရေအများဆုံးဖြစ်သော ရန်ကုန်မြို့သည် ဒုတိယအကြီးဆုံးဖြစ်သည့် မန္တလေးမြို့ထက် ငါးဆခန့် ပိုမိုကြီးလျက်ရှိခြင်း၊ (၃) မြန်မာပြည်၏ တောင်ပိုင်းဒေသများတွင် လူဦး ရေသိပ်သည်းမှုမြင့်မား၍ မြောက်ပိုင်းဒေသများတွင် လူဦးရေသိပ်သည်းမှုနည်းပါးခြင်း၊ (၄) မြန်မာပြည်၏တောင်ပိုင်းဒေသများတွင် မြို့ကြီးပြကြီးများနှင့် မြို့ပြဒေသ နေလူဦးရေများပြားခြင်းတို့ ဖြစ်ပါသည်။

ကိုရွှေတောသား
ကျွန်တော်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင်းရှိ မုံရွာမြို့နှင့် မလှမ်းမကမ်းတွင်ရှိသော ကျေးရွာကလေးတစ်ရွာမှဖြစ်ပါသည်။

7daynewsjournal.com

Most View