ခရမ်းလွန်ရောင်ခြည်ဆိုတာ
ခရမ်းလွန်ရောင်ခြည် (UVR) ဆိုတာ နေမင်းကြီးမှ ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း(ရောင်ခြည်) တွေထဲမှာ ရောနှောပါလာတဲ့ စွမ်းအင်မြင့်မားတဲ့ လျှပ်စစ်သံလိုက်လှိုင်းများကို ခေါ်ခြင်းဖြစ်ပါတယ်။ ဒီခရမ်းလွန် UVR(Ultra violet Rays) ရောင်ခြည်တွေထဲမှာ UVA(315-400nm),UVB(280-315nm) and UVC(100-280 nm) rays ဆိုပြီး လှိုင်း(၃)မျိုးပါရှိ
ပါတယ်။ လှိုင်းအလျားအတိုဆုံးဖြစ်တဲ့ UVC ရောင်ခြည်တွေဟာ စွမ်းအားအမြင့်မားဆုံးဖြစ်ပြီး သူတို့အားလုံးကို ကမ္ဘာ့လေထုအတွင်းရှိ အိုဇုန်းအလွှာက ကမ္ဘာမြေဆီမရောက်လာအောင် အကာအကွယ်ပေးထားပါတယ်။ UVA ရောင်ခြည်အားလုံးနဲ့ UVB ရောင်ခြည်တွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ကမ္ဘာမြေပြင်ကိုရောက်ရှိလာနိုင်ကြပါတယ်။ ဒါကြောင့်လူ သားများအားလုံးအတွက် အရေးအကြီးဆုံး UVR အမျိုးအစားများကတော့ UVA အုပ်စုနဲ့ UVB အုပ်စုတို့ဖြစ်ကြပါတယ်။ UVR တွေဟာ လူ့ခန္ဓာကိုယ်အတွက် Vitamin D ကို ထုတ်လုပ်ပေးနိုင်တဲ့ အာနိသင်အကျိုး ရရှိစေနိုင်သလို လွန်လွန်ကဲကဲ ကျရောက်မယ်ဆိုရင်လည်း ခန္ဓာကိုယ်အတွက် အရေပြား၊ မျက်စိနဲ့ ခုခံအားကျဆင်းမှုစတဲ့ ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။