Opinion

(တစ်)

စာရေးဆရာကြီးမြသန်းတင့် စိတ်ရှည်လက်ရှည် ဘာသာပြန်ဆိုပေးသော ကျေးဇူးဖြင့် ကမ္ဘာ့ဂန္ထ၀င်ဝတ္ထုရှည်ကြီး အများအပြားကို ထိတွေ့မြည်းစမ်းခွင့်ရခဲ့ရာ စာရေးဆရာမ M.M. Kaye ၏ The Far Pavilions ၀တ္ထုရှည်ကြီးသည်လည်း တစ်ပုဒ်အပါအ၀င်ဖြစ်သည်။ ဆရာက သည်ဝတ္ထုရှည်ကြီးကို “ရွှေပြည်တော်မျှော်တိုင်းဝေး”အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ထွန်းခိုင်၊ ပြည်သိမ်း၊ မိုးညို၊ အောင်သစ်လွင်

“လေကောင်းလေသန့်တွေရဖို့  ပြတင်းတံခါးဖွင့်လိုက်ပြီဆိုရင် ယင်ကောင်တွေ ၀င်လာမယ်ဆိုတာကိုလည်း ကြိုတွက်ထား ရမယ်” -တိန့်ရှောင်ဖိန်

 မြင့်မိုရ်ဆွေ

ကွက်လပ်မည်သို့ ဖြည့်မည်နည်း။ ကွက်လပ်ဟု ဆိုရာ၌ တက္ကသိုလ်ဝင်စာမေးပွဲ နီးကပ်လာပြီဖြစ်၍ မြန်မာစာ၊ အင်္ဂ
လိပ်စာမေးခွန်းပါ ကွက်လပ်များ ဖြည့်နည်းကို မဆိုလိုပါ။ မြေကွက်လပ်များကို ဆိုလိုပါသည်။ မည်သည့် မြေကွက်လပ်နည်းဟု ဆိုလျှင် စတုရန်းမိုင် ၃၂၀ ခန့်ကျယ်ဝန်းသော ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်မှ မြေကွက်လပ်များကို ဆိုလိုပါသည်။

နန်ကျင်း
ကျွန်တော်တို့ နားယဉ်ပြီး အမည်မှာ နန်ကင်း(Nanking)။ နန်ချင်း(Nanching)ဆိုသော မူကွဲတစ်ခုလည်း ရှိသေးသည်။ “ချင်” နှင့် “ဟန်” မင်းဆက်ခေတ်များကမူ “မော်လင်း”(Moling)ဟု အမည်တွင်ခဲ့ဖူးသည်။ ယခုအသံထွက်နှင့် စာလုံးပေါင်းကား “နန်ကျင်း” (Nanjing)၊ “တောင်ပိုင်းမြို့တော်” ဟု အဓိပ္ပာယ်ရပါသည်။

ငယ်စဉ်က အိပ်ရာဝင်ပုံပြင်တွေထဲ နားထောင်ခဲ့ရဖူးတယ်။ ကာတွန်းဖတ်တတ်တဲ့ အရွယ်ရောက်တော့ ဇာတ်တော်ကြီးဆယ်ဘွဲ့ရဲ့ မဟာဇနကဇာတ်တော် ပုံပြကာတွန်းထဲမှာ ဖတ်ဖူး၊ တွေ့ဖူးတယ်။ အဓိဋ္ဌာန်နဲ့လွှတ်လိုက်တဲ့ “ဖုတ်သွင်းရထား” စက်မပါ မောင်းသူမရှိ၊ ဘယ်ကိုသွားမယ်မရှိ၊ ဘယ်မှာရပ်မယ်မသိ၊ မင်းလောင်းအတွက် မင်းလောင်းရှာတဲ့ “ဖုတ်သွင်းရထား” ကလေးဘ၀က အဲဒီလို မှတ်သားထားခဲ့တယ်။

မျိုးအောင်(အငြိမ်းစား)

“လူငယ်လူရွယ် ကာယဗလနဲ့ အရာရာညီစေကွယ်၊ ခိုင်မာအောင်သာ သူများအကျိုးအတွက် အခါခါ ကူညီမယ်၊ ရိုသေကြင်နာဖွယ်၊ ကမ္ဘာပေါ်ဝယ် ထင်ပေါ်လာစေမယ်၊ နိုင်ငံသားကောင်းပီသဖို့ ရည်ရွယ်၊ မျိုးချစ်စိတ်နဲ့ သစ္စာတွေရယ်၊ ရဲစွမ်းသတ္တိရှိပါပေတယ်၊ အချိန်အခါမရွေးတယ်၊ ၀န်ထမ်းစိတ်ထားတယ်၊ အကျင့်စာရိတ္တကို ပြင်ခါသွန်သင်မယ်” (ကင်းထောက်သီချင်း)

(တစ်)

လိမ္မော်သီးတွေကိုမြင်တော့ လိမ္မော်သီးနှင့်ပတ်သက်သော သတင်းကလေးတစ်ပုဒ်က ခေါင်းထဲသို့ ၀င်ရောက်လာပါသည်။ ဗြိတိသျှခေါ် အင်္ဂလန်ကျွန်းနိုင်ငံဘက်ဆီက လာသောသတင်း။ လွန်လေပြီးသောလေးနှစ် ခရစ်နှစ် ၂၀၀၈ တုန်းဆီက ထုတ်ပြန်ခဲ့သော သတင်းပဲဖြစ်ပါသည်။ အင်္ဂလန်၌ရုတ်တရက်ဆိုသလို လိမ္မော်သီးစားနှုန်း ကျဆင်းသွားခဲ့သည့်သတင်း။ အင်္ဂလန်တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် လိမ္မော်သီးအလုံးရေ သန်း ၆၀၀ သာ စားသုံးကြတော့သည်ဟု သတင်းကဆိုပါသည်။ သို့ဖြစ်ရာ အင်္ဂလန်လူဦးရေနှင့်နှိုင်းစာကြည့်သော နှစ်ရာခိုင်နှုန်းသာ စားသုံးတော့သကဲ့သို့ အဖြေထွက်လာပါသည်။ လူဦးရေတစ်ရာလျှင် နှစ်ယောက်သာ လိမ္မော်သီးစားတော့သည့်သဘောထား။

၂၀၁၂ ကုန်ခါနီး ဒီဇင်ဘာလသည် ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲဖြင့် မဲပေးရွေးချယ်ရသော ရွေးကောက်တင်မြှောက်ပွဲ
ငယ်ကလေးများ နိုင်ငံနှင့်အ၀န်းကျင်းပခဲ့ကြသည့်လဟု ဆိုရမည်ဖြစ်လေသည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့် ရာစုနှစ်ဝက်လောက် ကင်းကွာခဲ့ရသည့် နိုင်ငံဆိုပေမယ့် သူ့ဟာနှင့် သူတော့ မဆိုးလှဆိုရမည်။

ဟိုင်းတက်(ချ)
ချန်ကျိုးမြို့၏ နောက်ဆုံးနေ့ ဖြစ်သည်။ ဒီနေ့အတွက် အစီစဉ်နှစ်ခုရှိသည်။ မနက်ပိုင်းနှင့် နေ့လယ်ပိုင်း။ ပြီးလျှင်တော့ နန်ကျင်းသို့ ခရီးဆက်ရမည်ဖြစ်သည်။ မနက်ပိုင်းအစီအစဉ်မှာ ချန်ကျိုး၏ High and New-Tech Zan သို့ သွားကြဖို့ဖြစ်သည်။ “ဟိုင်းတက်(ချ)ဇုန်” ဆိုပါတော့။

ဒေါက်တာထွန်းရွှေ(ဒဿန)
(တစ်)

ပြီးခဲ့တဲ့ ခရစ္စမတ်ကာလရက်တွေအတွင်း ကချင်ပြည်နယ်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ KIA, KIO တပ်တွေ တစ်ဖက်နဲ့ တစ်ဖက် ပစ်ကြ၊ ခတ်ကြတဲ့သတင်းတွေကို ဂျာနယ်တွေ၊ နေ့စဉ်ထုတ်သတင်းစာတွေမှာ ခပ်စိပ်စိပ်ဖတ်ရတယ်။ နှစ်ဖက်အပစ်အခတ်တွေကြားမှာ စစ်သည်တွေသာမက အ ရပ်သားတွေထိခိုက်သေကျေဒဏ်ရာရတဲ့သတင်းတွေလည်း ပါလာတယ်။

7daynewsjournal.com

Most View