Opinion

(တစ်)

လိမ္မော်သီးတွေကိုမြင်တော့ လိမ္မော်သီးနှင့်ပတ်သက်သော သတင်းကလေးတစ်ပုဒ်က ခေါင်းထဲသို့ ၀င်ရောက်လာပါသည်။ ဗြိတိသျှခေါ် အင်္ဂလန်ကျွန်းနိုင်ငံဘက်ဆီက လာသောသတင်း။ လွန်လေပြီးသောလေးနှစ် ခရစ်နှစ် ၂၀၀၈ တုန်းဆီက ထုတ်ပြန်ခဲ့သော သတင်းပဲဖြစ်ပါသည်။ အင်္ဂလန်၌ရုတ်တရက်ဆိုသလို လိမ္မော်သီးစားနှုန်း ကျဆင်းသွားခဲ့သည့်သတင်း။ အင်္ဂလန်တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် လိမ္မော်သီးအလုံးရေ သန်း ၆၀၀ သာ စားသုံးကြတော့သည်ဟု သတင်းကဆိုပါသည်။ သို့ဖြစ်ရာ အင်္ဂလန်လူဦးရေနှင့်နှိုင်းစာကြည့်သော နှစ်ရာခိုင်နှုန်းသာ စားသုံးတော့သကဲ့သို့ အဖြေထွက်လာပါသည်။ လူဦးရေတစ်ရာလျှင် နှစ်ယောက်သာ လိမ္မော်သီးစားတော့သည့်သဘောထား။

၂၀၁၂ ကုန်ခါနီး ဒီဇင်ဘာလသည် ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲဖြင့် မဲပေးရွေးချယ်ရသော ရွေးကောက်တင်မြှောက်ပွဲ
ငယ်ကလေးများ နိုင်ငံနှင့်အ၀န်းကျင်းပခဲ့ကြသည့်လဟု ဆိုရမည်ဖြစ်လေသည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့် ရာစုနှစ်ဝက်လောက် ကင်းကွာခဲ့ရသည့် နိုင်ငံဆိုပေမယ့် သူ့ဟာနှင့် သူတော့ မဆိုးလှဆိုရမည်။

ဟိုင်းတက်(ချ)
ချန်ကျိုးမြို့၏ နောက်ဆုံးနေ့ ဖြစ်သည်။ ဒီနေ့အတွက် အစီစဉ်နှစ်ခုရှိသည်။ မနက်ပိုင်းနှင့် နေ့လယ်ပိုင်း။ ပြီးလျှင်တော့ နန်ကျင်းသို့ ခရီးဆက်ရမည်ဖြစ်သည်။ မနက်ပိုင်းအစီအစဉ်မှာ ချန်ကျိုး၏ High and New-Tech Zan သို့ သွားကြဖို့ဖြစ်သည်။ “ဟိုင်းတက်(ချ)ဇုန်” ဆိုပါတော့။

ဒေါက်တာထွန်းရွှေ(ဒဿန)
(တစ်)

ပြီးခဲ့တဲ့ ခရစ္စမတ်ကာလရက်တွေအတွင်း ကချင်ပြည်နယ်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ KIA, KIO တပ်တွေ တစ်ဖက်နဲ့ တစ်ဖက် ပစ်ကြ၊ ခတ်ကြတဲ့သတင်းတွေကို ဂျာနယ်တွေ၊ နေ့စဉ်ထုတ်သတင်းစာတွေမှာ ခပ်စိပ်စိပ်ဖတ်ရတယ်။ နှစ်ဖက်အပစ်အခတ်တွေကြားမှာ စစ်သည်တွေသာမက အ ရပ်သားတွေထိခိုက်သေကျေဒဏ်ရာရတဲ့သတင်းတွေလည်း ပါလာတယ်။

(တစ်)
ကွယ်လွန်သူ စာရေးဆရာကြီး မြသန်းတင့်၏ ကျေးဇူးဖြင့် ဆရာ့လက်ရာ ဘာသာပြန် စာအုပ်ပေါင်းများစွာကို ဖတ်ရှုရင်း မကြာခဏဆိုသလို စကားပုံထူးထူးဆန်းဆန်း၊ အဆိုအမိန့် ထူးထူးဆန်းဆန်း ကလေးများနှင့် ထိရ၊ တွေ့ရ၊ ရင်းနှီးရတတ်ပါသည်။ ထို ထိရ၊ တွေ့ရ၊ ရင်းနှီးရသော အဆိုအမိန့်များစွာအနက် တစ်ခုမှာ မြင်းတွေကို မြစ်ထဲသို့ ဆွဲခေါ်လာလို့ ရလျှင်ရမည် ရေသောက်ဖို့ ဆိုသည်က သူ့သဘောဟူသည့် အဆိုအမိန့်ပဲ ဖြစ်ပါသည်။

မြင့်မိုရ်ဆွေ

စာရေးသူဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ စင်ကာပူနိုင်ငံကို အလည်အပတ် ခရီးသွားရောက်ခဲ့ပါတယ်။ ၂၆ ရက်မှာ စင်ကာပူက တစ်ဆင့် မလေးရှားနိုင်ငံကိုသုံးရက် ခရီးသွားရောက်ခဲ့ပြီး ၂၉ ရက်မှာ စင်ကာပူကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ နှစ်သစ်ပထမနေ့ဖြစ်တဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှာတော့ ရန်ကုန်မြို့ကို ပြန်လည်
ရောက်ရှိခဲ့ပါတယ်။ စင်ကာပူခရီးစဉ် အတွေ့အကြုံများအနက်မှ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှတဲ့အချက်တွေကို မီးမောင်းထိုးပြပြီး စာဖတ်ပရိသတ်ကြီးထံ နှစ်သစ်လက်ဆောင်မွန်အဖြစ် ရေးဖွဲ့ပေးအပ်လိုက်ပါတယ်။

စစ်နယ်မြေမှ ကော်စမိုပိုလီတန်သို့
ထိုနေ့မနက် အစီအစဉ်မှာ Changhou City Plan Exhibition Hall သို့ သွားကြဖို့ ဖြစ်သည်။ “ချန်ကျိုးမြို့တော်စီမံကိန်း၊ ပြပွဲခန်းမ” ဆိုပါစို့။ “ခန်းမ” ဟု ဆိုသည့်တိုင် “ပြတိုက်” နှင့်လည်း တွဲထားသည်ဖြစ်ရာ နည်းနည်းနောနော အဆောက်အအုံကြီး မဟုတ်။ ၉၀၀၀ စတုရန်းမီတာကျယ်သော မြေကွက်ကြီးပေါ် ဆောက် ထားသည့် ဧရာမ အဆောက်အအုံကြီးဖြစ်သည်။ ပြခန်းဧရိယာသက်သက်သည်ပင် စတုရန်းမီတာ ၆၀၀၀ နီးနီးရှိသည်ဟု ဆိုပါသည်။

အောင်စည်ဟိန်း

၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ် ဂျာနယ်တွင် မြန်မာ့စီးပွားရေးအပေါ် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူအချို့၏ သုံးသပ်ချက်များ ပါရှိသည်။ အရေးကြီးသည့် အချက်များမှာ မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်လွန်ကာလက တစ်ဦးချင်းဝင်ငွေ စံနှုန်းတွင် ထိုင်းနိုင်ငံထက် နှစ်ဆကျော်သာလွန်ခဲ့ပြီး ယခုအခါ အာဆီယံအဆင့် တစ်ဦးချင်းဝင်ငွေတွင် အနိမ့်ဆုံးဖြစ်နေကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အ
တွင်းကျရောက်ခဲ့သော ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်များသည် မြန်မာ့စီးပွားရေးတုံ့နှေး
မှုကို ဖြစ်စေခဲ့ကြောင်း၊ သဘာဝသယံဇာတ ပေါကြွယ်မှု၊ လုပ်သား အင်အားရှိမှုနှင့် အိန္ဒိယနှင့် တရုတ်
အကြား တည်နေရာ အချက်အချာကျမှုတို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အောင်မြင်လျှင် ၂၀၃၀ ပြည့်နှစ်လောက်တွင် လက်ရှိဝင်ငွေထက် သုံးဆတိုးပြီး အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း စသည်တို့ဖြစ်ပါသည်။

ဝိုင်ကေသူ

အခုတလော မြန်မာပြည်သူတွေ ခဏခဏကြားနေကြရတာက ကျေးဇူး၊ ကျေးဇူးဆိုတဲ့ စကားတွေ ဖြစ်နေတယ်။ နိုင်ငံတော်အကြီးအကဲတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေက တရုတ်က မြန်မာပြည်အတွက် ကျေးဇူးတွေရှိတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကြီးကို ဘယ်လို ကာကွယ်ပေးထားတယ်။ အနောက်နိုင်ငံတွေ စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်က ဘယ်လိုကူညီခဲ့တယ် စသည်ဖြင့် ကျေးဇူးတရားတွေကို သီကျူးဖွဲ့ဆိုနေကြတာတွေကို ကြားနေရတာကတော့ နားဝမှာမချမ်းသာပါလားလို့ ပြောချင်တော့တယ်။ အဲဒါနဲ့ ဂျာနယ်တွေ၊ စာစောင်တွေ၊ သတင်းတွေမှာ အဲဒီကျေးဇူးအကြောင်း တုံ့ပြန်တဲ့စကားတွေ မြင်ရကြားရဖတ်ရမလားလို့ စိတ်ဝင်တစားနဲ့ လေ့လာခဲ့ပေမယ့် ဘယ်သူဘယ်ဝါကမှ ချက်ချင်းမတုံ့ပြန်ကြတော့ (ကိုယ်ကမသိလိုက်တာလား ဆိုတာတော့ မပြောတတ်ဘူးလေ)ကို တရုတ်ပြည်ကြီးကို သီတင်းကျွတ်အခါသမယမှာ သွားရောက်ကန်တော့ကြဖို့ စဉ်းစားနေကြတယ်။

(တစ်)
တချို့တလေက Tolstoy ဟု စာလုံးပေါင်းကာ တချို့တလေကမူ Tolstoi ဟု စာလုံးပေါင်းတတ်ကြသော ကမ္ဘာကျော် ရုရှားစာရေးဆရာကြီးကို
မြန်မာတို့က တော်စတွိုင်းဟု မြန်မာအသံထွက်ဖြင့် ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ စင်စစ် သူ့နာမည်အပြည့်အစုံက ကောင့်လီယိုတော်စတွိုင်း (Count Leo Tolstoy)။ ကမ္ဘာ့စာပေကို လေ့လာလိုက်စားသူ မြန်မာစာချစ်သူတို့ ရုရှားစာအုပ်များကို ဘာသာပြန်များမှတစ်ဆင့် ဖတ်ရှုခံစားခဲ့ကြရာ တော်စတွိုင်းသည် မြန်မာကြိုက် ရုရှားစာရေးဆရာများထဲ၌ ထိပ်တန်းပုဂ္ဂိုလ်ပင်ဖြစ်ပါသည်။ ၁၈၂၈ မှာမွေး၍ ၁၉၁၀ ၌ ကွယ်လွန်သူ စာရေးဆရာကြီး။

7daynewsjournal.com

Most View