Regional

ရန်ကုန်၊ မတ်-၂၁

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ ခေါင်းပုံဖြတ်ခံနေရမှုများကို ရပ်တန့်ပေးရန် ထိုင်းအခြေစိုက်
အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့ကြီးနှစ်ဖွဲ့က မတ်လ ၂၀ ရက်စွဲဖြင့် ကြေညာချက်ထုတ်
ပြန်တောင်းဆိုလိုက်သည်။

လွိုင်ကော်၊ မတ်-၂၀

ကယားပြည်နယ်အတွင်းရှိ မြေမြှုပ်မိုင်းများ၏ အန္တရာယ် ရှောင်လွဲနိုင်ရန်နှင့် မြေမြှုပ်မိုင်း အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပြုလုပ်သွားနိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများက သဘောတူညီခဲ့ကြသည်။

မန္တလေး၊ မတ်-၂၃

ညီညီဇော်၊ မောင်တာ

မန္တလေးမြို့တွင် ဖေဖော်ဝါရီလကုန်ပိုင်းက မြန်မာအမျိုးသမီး နှစ်ဦးအား တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် စည်းရုံးခေါ်ဆောင်သူကို မန္တလေးလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး(အထူး)အဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

မုံရွာ၊ မတ်-၂၃

မုံရွာမြို့ မြ၀တီရပ်ကွက် ကံဦးကျောင်းအနီး ကျောက္ကာလမ်းမ ကြီးပေါ်တွင် မတ်လ ၂၀ ရက် နံနက်ပိုင်း၌ ဆိုင်ကယ်မောင်းနှင်လာသူအား အမည်မသိလူ တစ်ဦးက တားဆီးကာတုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် ဆေးဝါးကုသမှုခံယူရင်း
သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ၁၉ ရက်ည ၁၂ နာရီခွဲအချိန် မုံရွာစီးပွားရေး တက္ကသိုလ်မှ တရားလို မယဉ်မော် မြင့်သည် ၎င်းနေအိမ်တွင်ရှိနေစဉ် အစ်ကိုအရင်းဖြစ်သူ ကိုနေလင်းရဲမှာ ကျောက္ကာလမ်းမကြီးတွင် အရိုက်ခံရ၍ မုံရွာဆေးရုံကြီး သို့ရောက်ရှိနေကြောင်း သိရသည်။

ဘူးသီးတောင်၊ မတ် - ၂၂

စစ်တွေမှ ဘူးသီးတောင်မြို့သို့ ထွက်ခွာမည့် အမြန်ရေယာဉ်ဆိပ်ကမ်းမှ ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

မုံရွာ၊ မတ်-၂၃

မုံရွာ-အမြင့်ကျေးလက် ကျောက်ချောကတ္တရာလမ်းတွင် တန်ပိုဂိတ်အား ရှောင်ကွင်းသော ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်ခြင်းကြောင့် မုံရွာ-အမြင့်လမ်းပေါ်ရှိ ပေါက်ပင်သစ်သားတံတား ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း အဆိုပါ ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

မန္တလေး၊ မတ်-၂၃

မန္တလေးမြို့တွင် ကမ္ဘာလှည့်ခရီး သွားများအတွက် ခရီးသွားဝန်ဆောင်မှု လုံခြုံရေး (Tourism Security Police) များ စတင် တာ ၀န်ထမ်းဆောင်နေပြီဟု သတင်းရရှိသည်။

ကျောက်ဖြူ၊ မတ် - ၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာနှင့် သီးနှံများအတွက်
လျော်ကြေးငွေ သိန်း ၂၀၀၀ ခန့်ကို တောင်သူ ၅၅ ဦး၏ စိုက်ပျိုးမြေဧက ၅၄ ဒသမ ၁၄ အတွက် လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနက ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဘို၊ မတ်-၂၃

ရွှေဘိုမြို့ အမှတ်(၄) ရပ်ကွက်ရှိ ငါးရှဥ့်အ၀ယ်ဒိုင်တစ်ဒိုင်တွင် မတ်လ ၁၉ ရက် ညနေပိုင်း၌ သက်ဆိုင်ရာက သတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ မြွေများ ဖမ်းဆီးရမိခဲ့ကြောင်း  သတင်းရရှိသည်။

ပဲခူး၊ မတ် - ၂၁

ဖိုးကျော်မြင့် (ရွှေလယ်ဝေး)

စီမံကိန်းမြေနေရာများတွင် ကျူးကျော်နေထိုင်လာကြသည့် အိမ်ထောင်စုအလိုက် ပြောင်းရွှေ့လာသူများအား မြေနေရာ ချထားပေးမှုကို မတ်လ ၁ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့မြေနေရာချထားရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7daynewsjournal.com

Most View