Feb 23, 2012 Syndicate content

Technology

ရတနာပုံ၊ ဇန်န၀ါရီ - ၉

န၀မအကြိမ်မြောက် မြန်မာအိုင်စီ တီရက်သတ္တပတ်ပွဲတော်သည် ပြည်တွင်းထုတ် နည်းပညာ၊ ထုတ် ကုန်များနှင့် ပြည်တွင်းမှာပင် ပြု လုပ်သည့်ဝန်ဆောင်မှုများအား ပြည်သူများထံသို့ တိုက်ရိုက်ဝန် ဆောင်ပေးသောပြပွဲဖြစ်ခြင်း ကြောင့် ယခင်ပြပွဲများထက် ထူး ခြားသောနှစ်တစ်နှစ်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီးဌာန ၀န်ကြီးဦးသိန်း ဇော်ကပြောကြားသွားခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၁

နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးစီမံချက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာကဏ္ဍမှပါဝင်ဆောင်ရွက်ရန်အတွက် အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကို နေပြည်တော်ရှိ မြန်မာကွန် ဗင်းရှင်းဗဟိုဌာနတွင် ဖေဖော်ဝါ ရီလ ၂၇၊ ၂၈ တွင်ကျင်းပတော့မည်ဖြစ်ကြောင်း   သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၁

နည်းပညာနှင့်ပတ်သက်ဆက်နွှယ်နေသည့် အကြောင်းအရာများကို မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သော  ဘားကမ့် ရန်ကုန်၏ နှစ်ရက်ပေါင်း တက် ရောက်သူစုစုပေါင်းဦးရေမှာ  ငါးထောင်ကျော်ဖြင့်  ယခင်နှစ်များတွင်ကျင်းပခဲ့သည့် စုစုပေါင်းတက်ရောက်ခဲ့သူ အရေအတွက်ထက် ကျော်လွန်ကာ  စံချိန်တင်သွားကြောင်း စီစဉ်သူအဖွဲ့မှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၁

အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများက မကြာမီရောင်းချမည့် ကျပ်သုံး သိန်းအောက်တန်ဖိုးရှိ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝါတိုင်
ပေါင်း ခုနစ်ရာကျော်ကို စိုက်ထူထားပြီးဖြစ်ကြောင်း ယင်းလုပ်ငန်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၁၁

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်တွင်းအင်တာနက် ဆက်သွယ်မှုများအတွက်   ရေအောက်ကေဘယ်လ်ဆက်ကြောင်းအသစ်ဖြစ်သော   SE-ME-WE 4 ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်းချိတ်ဆက်သွယ်တန်းသွား မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ-၂၉

မိုဘိုင်းဖုန်းများထက်  ပြည်ပခေါ်ဆိုခ မြင့်မားလျက်ရှိသည့် အော်တိုတယ်လီဖုန်းများ၏ ပြည်ပအတွက်ခေါ်ဆိုခများအား  လျှော့ချပေးသွားတော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှကပြောကြားသည်။

ရန်ကုန်၊ ဇန်န၀ါရီ-၂၉

အသစ်ပြန်လည်ပြဋ္ဌာန်းမည့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေမူ ကြမ်းအားယခုကာလတွင်ဝန်ကြီး ဌာနမှ ဒုတိယအကြိမ် ပြင်ဆင် ဖြည့်စွက်ထားပြီး ရှေ့နေချုပ်ရုံးသို့ စိစစ်အတည်ပြုရန် ထပ်မံတင် ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၎

အချိန်ကြာမြင့်စွာဖြစ်ပေါ်နေသည့်   ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းကျပ်တောက်မှုပြဿနာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက   ဆက်သွယ်ရေးဝန် ဆောင်မှုအသစ်များကို တိုးချဲ့နေချိန်ကာလအတွင်း  ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်ကို သုံးစွဲသူများက မျှော်လင့်နေကြောင်း ပြည်တွင်းဖုန်းအသုံးပြုသူများကပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ- ၃

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည်နည်းပညာ ဆိုင်ရာလက်တွေ့ စမ်းသပ်မှုများကို ပြုလုပ်လိုသူများအတွက် ၄င်းတို့၏လက်တွေ့စမ်းသပ်ခန်းဖြစ်သည့်   ICT LAB (Laboratory) ကို နေ့စဉ်အသုံးပြုနိုင်ရန် တိုးချဲ့ ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ဇန်န၀ါရီ-၂၆

ပြည်တွင်းသတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ နှစ်စဉ် ကျင်းပ ပေးနေကျဖြစ်သည့်   ITPEC စာမေးပွဲများကို မကြာမီကျင်းပပေး တော့မည်ဖြစ်သည်။

Most View