Technology

ရန်ကုန်၊ မေ - ၈

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုလက်ရှိ မိုဘိုင်းဖုန်းများတွင် အသုံးပြုသော ကြိုတင်ငွေဖြည့်ကတ်စနစ်အပြင် e-Topup ဟူသော အီလက်ထရွန်နစ် နည်းပညာသုံး ဖုန်းအသုံးပြုခ ထည့်သွင်းသည့် ၀န်ဆောင်မှုတစ်ခုကို လအနည်းငယ်အတွင်း ပေးသွားမည်ဟု ယင်းလုပ်ငန်း၏ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

ရန်ကုန်၊ မေ - ၅

ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့တည်ဆောက်ရန်အတွက် အစိုးရအနေဖြင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီကြီးတစ်ခုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ မေ-၃

မိုဘိုင်းဖုန်းများ ဆင်းမ်ကတ် ပျောက်ဆုံး ပျက်စီးခြင်းများအား မူလက ငွေကျပ်နှစ်သောင်းဖြင့် ပြန်လည်လဲလှယ်ရန် ကြေညာခဲ့ပြီး ယခုအခါ ဆင်းမ်ကတ် ပျက်စီးခြင်းအား အခမဲ့ပြန်လည် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ မေ-၅

ယခင်က ကျပ်ငါးသိန်းဖြင့် လျှောက်ထားခဲ့ကြရသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ EDGE အင်တာနက်စနစ်သည် ကွန်ပျူတာများနှင့် ချိတ်ဆက်ကာ အသုံးပြု၍ မရတော့ကြောင်း အသုံးပြုသူအချို့က ပြောသည်။

ရန်ကုန်၊ မေ - ၅

ကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းငါးသောင်းတန် မိုဘိုင်းဖုန်းများကို အင်တာနက်အသုံးပြုခွင့် လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖွင့်လှစ်ထားသည့် နေ့ချင်းပြီး ၀န်ဆောင်မှု နေရာများတွင်သာ လျှောက်ထားနိုင်ဦးမည်ဖြစ်ကြောင်း မိုဘိုင်းဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက 7 Day News သို့ပြောသည်။

ရန်ကုန်၊ ဧပြီ - ၃၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြီးခဲ့သည့် မတ်လအတွင်း စတင်ရောင်းချပေးခဲ့သော ဂျီအက်စ်အမ်နှင့် သရီးဂျီနက်ဝါ့ခ်စနစ် ဒဗလျူစီဒီအမ်အေဖုန်းများသည် ၂၀၁၂ မေလ ၃ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးအနှံ့ သယ်ဆောင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ-၂၈

အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် အခြေစိုက်ဖွင့်လှစ်ထားသော Internet Society  အ ဖွဲ့၏  ကူညီထောက်ပံ့မှုများဖြင့် Internet Society Myanmar Chapter ဟူသော အဖွဲ့အစည်းတစ်ခုကို လာမည့်မေလအတွင်း ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ဧပြီ- ၂၁

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများနှင့် ဂျီအက်စ်အမ်အမျိုးအစား 3G Network ဖြစ်သည့် WCDMA ဖုန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း လိုင်းအရေအတွက် စုစုပေါင်းခုနစ်သိန်းကျော် ချထားပေးသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကမိုဘိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် E-Lite Tech Maufacturing မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

နေပြည်တော်၊ ဧပြီ - ၂၃

သီဟ၊ သန်းထူး
မြန်မာနိုင်ငံ၏ အင်တာနက်စနစ် ပိုမိုကောင်းမွန်ရန် ရည်ရွယ်၍ အမျိုးသားအဆင့် အိုင်စီတီဖိုရမ်တစ်ခုကို လာမည့်ဇွန်လတွင် ပြုလုပ်ကျင်းပသွားရန်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ပြောကြားသည်။

ရန်ကုန်၊ ဧပြီ - ၂၂

ပြည်တွင်းရှိ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်မြန်နှုန်းများ ကောင်းမွန်လာစေရန်အတွက် စင်ကာပူအခြေစိုက် ITHL ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ Fiber Cable  ကွန်ရက်များ ထပ်မံတိုးချဲ့ရန် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

7daynewsjournal.com

Most View