Technology

ရန်ကုန်၊ဧပြီ- ၂၁

ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများနှင့် ဂျီအက်စ်အမ်အမျိုးအစား 3G Network ဖြစ်သည့် WCDMA ဖုန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း လိုင်းအရေအတွက် စုစုပေါင်းခုနစ်သိန်းကျော် ချထားပေးသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကမိုဘိုင်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် E-Lite Tech Maufacturing မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

နေပြည်တော်၊ ဧပြီ - ၂၃

သီဟ၊ သန်းထူး
မြန်မာနိုင်ငံ၏ အင်တာနက်စနစ် ပိုမိုကောင်းမွန်ရန် ရည်ရွယ်၍ အမျိုးသားအဆင့် အိုင်စီတီဖိုရမ်တစ်ခုကို လာမည့်ဇွန်လတွင် ပြုလုပ်ကျင်းပသွားရန်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ပြောကြားသည်။

ရန်ကုန်၊ ဧပြီ - ၂၂

ပြည်တွင်းရှိ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်မြန်နှုန်းများ ကောင်းမွန်လာစေရန်အတွက် စင်ကာပူအခြေစိုက် ITHL ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ Fiber Cable  ကွန်ရက်များ ထပ်မံတိုးချဲ့ရန် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ရန်ကုန်၊ဧပြီ-၁၉

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကချထားပေးနေသော ကျပ်နှစ် သိန်းတန် ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများကိုငွေလက်ငင်းပေးချေ ၀ယ်ယူလိုသည့်သူများအတွက် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ဧပြီ-၂၁

အင်တာနက်အမြန်နှုန်းများမြှင့်တင်ရေးအတွက် မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်ဖိုက်ဘာ ဆက်ကြောင်းများပေါ်တွင်   10Gbps   အထိထပ်မံတိုးချဲ့ရန် မြန်မာ့ဆက်သွယ်ရေးမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ - ၇

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဘီလ်ဆောင်ရသော(Post Paid) စနစ်ဖြင့် ပေးဆောင်နေရသည့် ဖုန်းဘီလ်အားလုံးကို လာမည့်မေလပထမပတ်မှစတင်ကာ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက် ၍အွန်လိုင်းမှတစ်ဆင့်ပေးဆောင်နိုင်တော့မည်ဟု   သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ - ၆

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလာမည့် ၂၀၁၅ ခုနှစ်တွင် လွှင့်တင်နိုင်ရန် လုပ်ငန်းဆောင် ရွက်မှုများစတင်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
    

ရန်ကုန်၊ မတ် - ၂၂

ရွေ့လျားစနစ်ဖြင့် အသုံးပြုနိုင်မည့်   WiMax   အင်တာနက်စနစ်ကို ရောင်းချပေးနေသည့်   Red Link Communications   က လာမည့်ဧပြီလကုန်နှင့် မေလဆန်းပိုင်းတွင် အရစ်ကျစနစ်ဖြင့် စတင်ရောင်းချပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဧပြီ - ၇

မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားရမည့် ပေး
သွင်းငွေများကို ဒုတိယအကြိမ်အဖြစ် ကျပ်နှစ်သောင်းသို့ ထပ်မံ လျှော့ချပေးလိုက်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊မတ်-၂၉

နေပြည်တော်ခရိုင်အတွင်းလျှပ် စစ်မီတာခများကို ဧပြီလမှစတင်ကာ   အွန်လိုင်းမှတစ်ဆင့်ပေး ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7daynewsjournal.com

Most View