Technology

မုံရွာ၊ မတ် - ၂၉

မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များနှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ယခုနှစ် မတ်လ ၁၅ ရက်မှစ၍ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ စတင်ရောင်းချခဲ့ရာ ၀ယ်လိုအား သိသိသာသာ မြင့်တက်ခဲ့ကြောင်း မုံရွာဒေသခံ မိုဘိုင်းဖုန်းရောင်းချမှုများ၏ ပြောကြားချက်များအရ သိရှိရသည်။

ရန်ကုန်၊ မတ် - ၂၂

ရွေ့လျားစနစ်ဖြင့် အသုံးပြုနိုင် မည့်   WiMax    အင်တာနက်စနစ် ကို ရောင်းချပေးနေသည့်   Red Link Communications   က လာမည့်ဧပြီလကုန်နှင့် မေလ ဆန်းပိုင်းတွင် အရစ်ကျစနစ်ဖြင့်စတင် ရောင်းချပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ မတ်-၂၀

ဂျီမေးလ်အကောင့် အသစ်ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ်အကောင့်သစ်များပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

လားရှိုး၊ မတ်-၈

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံတကာသို့ ခေါ်ဆိုသည့် ဖုန်းခေါ်ဆိုခများကို လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊မတ်-၉

မကြာမီချထားပေးတော့မည့် ကျပ်နှစ်သိန်းတန်ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့်  အင်တာနက်စနစ်ကို လျှောက်ထားရာတွင်  ၀ယ်ယူသည့် ပုဂ္ဂလိကုမ္ပဏီများထံတွင်ပင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်၊ မတ်-၉

ပြည်တွင်း၏ အင်တာနက်မြန်နှုန်းများကို ၂၀၁၃ တွင် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ ကာလ
အတွင်း လက်ရှိအသုံးပြုနေသည့် မြန်နှုန်း 3.5 G မှ 5 G နှင့်အထက်တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ မတ် - ၃

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် မိုဘိုင်းဖုန်းများလိုင်းကျပ်ခြင်း၊ လိုင်းမကြည်လင်ခြင်း စသည့်အခက်အခဲများပြေလည်ရန်နှင့် နောင်လာ
မည့် ဂျီအက်စ်အမ်သန်း ၃၀ စီမံချက်တွင် ယင်းအခက်အခဲများမရှိစေရန်အတွက် Mobile Network Optimization  စနစ်ဖြင့် ဆောင်ရွက်ရန်စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၂

Apple  ၏ ထုတ်ကုန်များ ဖြစ်သော   iPad, iPod Touch နှင့်   iPhone အစရှိသည့် နည်းပညာပစ္စည်းများ၏ နောက်ဆုံးဗားရှင်းဖြစ်သော iOS 5.0.1 အတွက် မြန်မာစာလက်ကွက်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယင်းစနစ်ကိုတီထွင်ထားသူ၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှတစ်ဆင့် သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၂

နေလင်းအောင်၊ ယုဇနကိုကို
တန်ဖိုးနည်းမိုဘိုင်းဖုန်းစီမံကိန်း၏ ပထမဆုံးအသုတ်အဖြစ် ရောင်းချပေးမည့်  ဂျီအက်စ်အမ်ဖုန်းများကို ကျပ်နှစ်သိန်းတိတိဖြင့် မတ်လအတွင်း သုံးစွဲခွင့်ချထားပေးတော့မည် ဖြစ်ကြောင်း  အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ထားသည့် ပုဂ္ဂလိကကုမ္ပဏီအချို့မှ သတင်းရရှိသည်။

အဆိုပါဖုန်းချထားပေးမည့် အချိန်အား ဖေဖော်ဝါရီလကုန် မတ်လဆန်းတွင်ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက မီဒီယာများသို့ပြောကြားခဲ့သော်လည်းယခုအချိန်အထိ ရက်အတိအကျကို သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း ပုဂ္ဂလိကကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၂

Android   နှင့်   Symbian OS    မိုဘိုင်းဖုန်းများတွင် ရန်ကုန်လမ်းညွှန်နှင့် မန္တလေးလမ်းညွှန် အချက်အလက်များကို အခမဲ့ထည့် သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ လမ်းညွှန်စာအုပ် နှစ်အုပ်တွင်ပါရှိသည့် အဓိကကျသည့် အချက်အလက်ပေါင်း ၆၉၀၀ နီးပါးကို  အထက်ပါ  Android နှင့်  Symbian Operation Sys-tem (OS) တွင်  ထည့်သွင်းနိုင်မည်ဖြစ်သည်။

7daynewsjournal.com

Most View