Technology

ရန်ကုန်၊ စက်တင်ဘာ - ၁

မြန်မာနိုင်ငံ၏ ဒုတိယမြောက် Web Portal တစ်ခုဖြစ်သည့် မြ၀တီဝက်ဘ်ပေါ်တယ် (www.myawady.net.mm)ကို သြဂုတ် ၃၁ ရက်တွင် စတင်လွှင့်တင်လိုက်သည်။

ရန်ကုန်၊ စက်တင်ဘာ - ၁

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် Developer Conference 2012 အား စက်တင်ဘာ ၁၄ မှ ၁၆ ရက်အထိ MICT Park တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းမှ သိရသည်။

ရန်ကုန်၊ သြဂုတ် - ၂၄

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်တွင်းအသုံးပြုနေသော မိုဘိုင်းဖုန်းများ အားလုံးကို Local Roaming စနစ် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။

ရန်ကုန်၊ သြဂုတ် - ၂၄

ယုဇနကိုကို၊ ခိုင်ချို
နိုင်ငံတကာ Smart ဖုန်းများတွင် ဆမ်ဆောင်းအမှတ်တံဆိပ်၏ ဂလက်စီစီးရီး (Glaxy Series)များက ပြည်တွင်းဈေးကွက်အတွင်း ထိပ်ဆုံးက ဦးဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်၊သြဂုတ်-၁၈

အိုင်တီနှင့် နည်းပညာ နှီးနှောဖလှယ်ပွဲဖြစ်သည့် ဘားကမ့်ပြည် (Barcamp-Pyay) ၂၀၁၂ ပွဲကို ပြည်မြို့တွင် ပထမဦးဆုံးအကြိမ်ဖြစ် သြဂုတ်လ ၂၅၊ ၂၆ ရက်များ၌ ကျင်းပမည်ဖြစ်သည်။

ရန်ကုန်၊ သြဂုတ်-၁၇

အောင်သူရ၊ ယုဇနကိုကို
တရားဝင် ဘဏ်ချလန်တွင် ကျပ်နှစ်သိန်းသာ ပေးသွင်းရသော စီဒီအမ်အေ ၄၅၀ ဖုန်းကတ်များအား နယ်မြို့များရှိ ဆိုင်များတွင် ကျပ်နှစ်သိန်းရှစ်သောင်းအထိ ရောင်းချနေကြကြောင်း သတင်းရရှိသည်။

ရန်ကုန်၊မေ - ၂၃

KMD ကွန်ပျူတာဂရု(ပ်)ကုမ္ပဏီက ၎င်းတို့၏ အရောင်းဆိုင်ခန်းများတွင် ရောင်းချနေသည့် မည်သည့်ကွန်ပျူတာကိုမဆို တစ်လုံးဝယ်ယူသည်နှင့် အလိုအလျောက် တစ်ဒေါ်လာလှူဒါန်းပြီးသား ဖြစ်နေမည့် အစီအစဉ်တစ်ခုကို လာမည့်ဇွန်လမှ စတင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသောင်းတင်က ပြောသည်။

ရန်ကုန်၊ မေ - ၂၃

ပြည်တွင်း အင်တာနက်ဆက်သွယ်မှု မြန်နှုန်းများကို နိုင်ငံတကာအတိုင်းဖြစ်စေရန် မြှင့်တင်မည်ဆိုပါက နောက်ထပ် အင်တာနက်ထောက်ပံ့သည့် ၀န်ဆောင်မှုလုပ်ငန်းများ (Internet Service Provider (ISP)ကို ယခုအချိန်မှစ၍ ထပ်မံတည်ဆောက်ရတော့မည်ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်အချို့က အကြံပြုပြောဆိုကြသည်။

ရန်ကုန်၊ မေ-၂၄

ယခုလက်ရှိအချိန်တွင် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများ တဖြည်းဖြည်းချင်း ကျဆင်းလာခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် လူဦးရေ ၂ ဒသမ ၅ သန်းနီးပါး ရှိလာပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက 7 Day News သို့ ပြောသည်။

နေလင်းအောင်၊ ယုဇနကိုကို
မန္တလေးမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က အီလက်ထရွန်နစ်ပြင်ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့ဖူးသူ ဦးဝင်းသန်းဆိုသူသည် ယနေ့ကမ္ဘာ့စမတ်ဖုန်း ထုတ်လုပ်မှုတွင် ထိပ်တန်းရောက်နေသည့် HTC ဖုန်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်နေပြီး နိုင်ငံတကာစီးပွားရေးဂျာနယ် The Wall Street က သူ့အား The Next Steve Jobs ဟု သုံးနှုန်းခဲ့သည်။ ယခု ပီတာချူးဟု တစ်ကမ္ဘာလုံးတွင် လူသိများနေသည့် ဦးဝင်းသန်းခေါ် Mr. Peter Chou သည် ရန်ကုန်မြို့ရှိ ၎င်း၏ သူငယ်ချင်းမိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခဲ့စဉ် မြန်မာမီဒီယာများနှင့် ခေတ္တတွေ့ဆုံခိုက် 7 Day News က ယနေ့ မြန်မာ့ဆက်သွယ်ရေးနှင့် ပတ်သက်၍ မေးမြန်းထားသည့် အချို့ကို ဖော်ပြပေးလိုက်ပါသည်။

7daynewsjournal.com

Most View