Feb 23, 2012 Syndicate content

Interview

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီနာရတ်ဘန်နီခါ ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဇူလိုင်ကစလို့ ရာထူးတာဝန်ထမ်း ဆောင်ခဲ့သူပါ။ သူမဟာ ရာထူးတာဝန်စတင်ယူချိန်ကစလို့ ၂၀၁၁ မေလအတွင်း ဘင်လာဒင်ကို ပါကစ္စတန်ပိုက်နက်အတွင်း အမေရိကန်တို့ အသိမပေးဘဲ တိတ်တဆိတ်ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့မှု၊ အာဖဂန်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးယိုယွင်းလာမှု၊ ပြီးခဲ့ တဲ့နိုဝင်ဘာမှာ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ မှားယွင်းသတ်ဖြတ်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦးကျဆုံးမှု စတဲ့ သံတမန်ရေးရာအကျပ်အတည်းတွေကို ရင်ဆိုင်လာခဲ့ရသူလည်းဖြစ်ပါတယ်။ သူမဟာ ပါကစ္စတန်ရဲ့ အသက်အငယ်ဆုံးနဲ့ ပထမဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူပါ။ ဒါကြောင့် တိုင်းမ်မဂဇင်းဟာ အာဖဂန်မြို့တော် ကဘူးလ်သို့သွားရောက်ဖို့ရှိနေတဲ့ မစ္စဟီနာရတ်ဘန်နီခါနဲ့ အာဖဂန်-ပါကစ္စတန်ဆက်ဆံရေးအကြောင်း၊ အမေရိကန်နဲ့ ဆက်ဆံရေးအကြောင်း၊ ပါကစ္စတန်နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍအကြောင်းတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ ယခု ဖော်ပြလိုက်တာက ယင်းတွေ့ဆုံမှုမှ ကောက် နုတ်ချက်တချို့ပါပဲ။

ယခု ဇန်န၀ါရီလကုန်မှာပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်လို့ခေါ်တဲ့ ဒါးဗို့စ်အစည်းအဝေးဟာ ဥရောပကြွေးမြီအကျပ်အတည်းပြဿနာ အဓိကနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကမ္ဘာ့ဘဏ္ဍာရေးအတွက် အဓိကကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)ကလည်း ၂၀၁၂ အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို မူလ ၄ ရာခိုင်နှုန်းကနေ ၃ ဒသမ ၃ ရာခိုင်နှုန်းကိုလျှော့ချခန့်မှန်းကြောင်း မကြာသေးမီက ထုတ်ပြန်ထားတာတွေ့ရမှာပါ။
ပြီးခဲ့တဲ့နှစ်ကစလို့ အိုင်အမ်အက်ဖ်ရဲ့ အကြီးအကဲအဖြစ် စတင်တာဝန်ယူလာခဲ့တဲ့ မစ္စခရစ်စတင်းလာဂတ်ဟာ ကမ္ဘာပေါ်က စွမ်းပကားအကြီးဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ အိုင်အမ်အက်ဖ်ရဲ့အကြီးအကဲဖြစ်တာနဲ့အညီ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေကို ကိုင်လှုပ်နိုင်သူပါ။ အခုတော့ သူမဟာ အဖွဲ့ရဲ့ အရေးကြီးဆုံးတာဝန် အဖြစ် ကမ္ဘာ့စီးပွားရေးကိုကယ်တင်ဖို့ ဆနပြင်းပြနေပါတယ်။ သူမဟာ ဒီဇန်န၀ါရီလကုန်ပိုင်းမှာပဲ  ဥရောပကိုရောက်လာခဲ့ရာမှာ ယူရိုသတင်းက တွေ့ဆုံမေးမြန်းထားတာကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မေးမြန်းသူကတော့ ယူရိုသတင်းမှ စတီဖင်ဂရုတ်ဖြစ်ပါတယ်။

အာရပ်နွေဦးပေါ်ပေါက်ရာ နိုင်ငံတွေထဲက တစ်နိုင်ငံ အပါအ၀င်ဖြစ်တဲ့ တူနီးရှားဟာ ယခုအခါ စံပယ်တော်လှန်ရေး( Jasmine Revolution )  ပြီးနောက် တစ်ပါတီအာဏာ ရှင်စနစ်ကိုဖျက်သိမ်းကာ နိုင်ငံရဲ့ ဒီမိုကရေ စီရွေးကောက်ပွဲကိုကျင်းပပြီးစီးခဲ့ပါပြီ။ ယင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တာကတော့ အင်နာဒါပါတီဖြစ်ပါတယ်။  အင်နာဒါ ပါတီဟာ လတ်တလောမှာတော့ တူနီးရှားရဲ့ အကြီးမားဆုံးပါတီကြီးတစ်ရပ်ဖြစ်ကာ ဒီပါတီ ကိုတည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ရာရှစ်အယ်ဂန်နော်ချီကို ပါတီ
ရဲ့ တတ်သိပညာရှင်ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ကြပါတယ်။ မစ္စတာရာရှစ်ဟာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်တက္ကသိုလ်မှာ ဒဿန ဗေဒပညာသင်ကြားနေစဉ် ၁၉၆၈ ခုနှစ်ခန့်က ဆိုရှယ်လစ်ပါတီဝင်ဖူးသူ တစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘာသာရေးအခြေခံအမြင်နဲ့ပြုပြင်ပြောင်းလဲရေးသမားအစ္စလာမ်ဝါဒီတစ်ဦးဖြစ်လာပါ တယ်။ ၎င်းဟာ တစ်ပါတီတည်း ကြီးစိုးတဲ့ နိုင်ငံရေးစနစ်အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီထွန်းကားဖို့ ကြိုးပမ်းခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ် တစ်ကြိမ်၊ တစ်သက် တစ်ကျွန်း တစ်ကြိမ် ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ ၎င်းင်းဟာ ပထမ ပြစ်ဒဏ်ကို ၁၉၈၁ ကနေ၁၉၈၄ ခုနှစ်အထိ သုံးနှစ်ခံခဲ့ရပြီး နိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့တွေရဲ့တောင်းဆိုမှု ကြောင့် လွှတ်ပေးခံခဲ့ရတယ်။ ဒုတိယပြစ်ဒဏ်ကို ၁၉၈၇ မှာရခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ လွှတ်ပေးခံခဲ့ရပါ တယ်။ အဲဒီ့နောက်ပိုင်းတော့ ၎င်းင်းဟာ လန်ဒန်မှာပဲ ပြည်ပြေးတစ်ဦး အနေနဲ့ ဆယ်စုနှစ်နှစ်ခုကြာနေထိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရုပ်ပုံလွှာ အကျဉ်းမျှပါပဲ။ ယခု တင်ဆက်မှာကတော့သူနဲ့ယူရိုသတင်းဌာနရဲ့အင်တာဗျူးကောက်နုတ်ချက်များ ဖြစ်ပြီး ဒီကောက် နုတ်ချက်များမှာ လက်ရှိတူနီးရှားရဲ့တော်လှန်ရေးအလွန် နိုင်ငံရေး ကိုလည်းမြင်တွေ့နိုင်ပါမယ်။

ဘရာဇီးနိုင်ငံသား ဟိုဆေး ဂရာဇီယာနိုဒါဆေးလ်ဗား (၆၂ နှစ်)ဟာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( FAO )ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တာမကြာ သေးပါဘူး။ ၎င်းဟာ ပြီးခဲ့တဲ့ဇန်န၀ါရီ ၁ ရက်ကစလို့ အဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူးတာဝန်ကို လာမယ့် ၂၀၁၅ ဇူလိုင်အထိ ထမ်းဆောင်ရမှာပါ။ ၎င်းဟာ အမေရိကန်မှာ မွေးဖွားသူ ဘရာဇီးပညာရှင်ဖြစ်ကာ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားလက်ထက်မှာလည်း စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အခုလို အက်ဖ်အေအိုရဲ့ ပူပူနွေးနွေးအကြီးအကဲသစ်နဲ့ အင်တာဗျူးကို ပြန်လည်ကောက်နုတ်တင်ဆက်လိုက်ပါတယ်။

တရုတ်တိုင်ပေ သမ္မတရွေးကောက်ပွဲကို ဇန်န၀ါရီ ၁၄ မှာ ပြုလုပ်မှာဖြစ်တာကြောင့် ဆောင်းပါးရေးချိန်မှာ မလုပ်ရသေးပေမယ့် ဒီဂျာနယ်ထွက်ချိန်မှာ အဖြေ ပေါ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒီရွေးကောက် ပွဲဟာ လက်ရှိသမ္မတ မာယင်ဂျောင်းနဲ့ ၎င်းင်းကို အဓိကစိန်ခေါ်သူ မစ္စဆိုင်အင်း ၀မ်တို့ကြားကအားပြိုင်ပွဲတစ်ရပ်လို့ လည်းပြောကြပါတယ်။ တရုတ်တိုင်ပေဟာ အမေရိကန်နဲ့ စစ်ရေးအရ ဆက်ဆံမှုအနီးကပ်ဆုံးဖြစ်တာကြောင့် တရုတ်နဲ့ တရုတ်တိုင်ပေအကြား ရေလက်ကြားဖြတ် ကျော်ဆက်ဆံရေးဟာ အာရှလုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာလည်း ကြားဖြတ်ရွေး ကောက်ပွဲတစ်ခုကျင်းပဖို့ လအနည်းငယ် အလိုမှာ   တိုက်ဆိုင်စွာပဲ   တရုတ်တိုင်ပေသမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပြိုင်ဘက်နှစ်ဦးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာရေးအမြင်တွေကို တိုင်းမ်မဂ္ဂဇင်းက အပြိုင်အင်တာဗျူးလုပ် တင်ပြထားတာတစ်ခုကို ချိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။

ပါလက်စတိုင်းဟာ နိုင်ငံတည်ထောင်ဖို့ ကြိုးစားနေခဲ့ပေမယ့် ကုလသမဂမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပိတ်ပင်ထားမှုကြောင့် အရာမထင်သေးဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ ကုလသမဂလက်အောက်ခံအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကိုအဖွဲ့ကြီးကတော့ ပါလက်စတိုင်းကို မကြာမီက အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တဲ့အတွက် အမေရိကန်နဲ့ အစ္စရေး ရဲ့ ရန်ပုံငွေထည့်ဝင်မှုရပ်တန့်ကာ ဒဏ်ခတ်အရေးယူမှုတွေကို ခံခဲ့ရပါတယ်။ ဒါကြောင့် ယူရိုသတင်းဝက်ဘ်ဆိုက်ဟာ ပါလက်သမ္မတ မာမွတ်အဘတ်စ်နဲ့ တွေ့ဆုံကာ ဒီ အကြောင်းတွေကို မေးမြန်းထားပါတယ်။ ယခုအဲဒီမေးမြန်းမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ် တဲ့ ယူနက်စကို( UNESCO )  ခေါ် ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးဟာ  ပါလက်စတိုင်း နိုင်ငံကို အဖွဲ့ရဲ့ ၁၉၅ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မကြာသေးမီကပဲ လက်ခံခဲ့ပြီဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပေမယ့် ယခုတော့ ကုလရဲ့ အရေးပါတဲ့အဖွဲ့တစ်ခုမှာတော့ အမေရိကန်နဲ့ အစ္စ ရေးတို့ရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေကြားကပဲ ပါလက်စတိုင်းတို့
နေရာရသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယူနက်စကိုအဖွဲ့ကြီးအတွက် တော့ ယခုလို ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် သမိုင်းဝင် အငြင်းပွားဖွယ်သတ်မှတ်လိုက်တာဟာ တန်ဖိုးတော့ကြီးမားခဲ့ပါတယ်။ အကြောင်းက အမေရိကန်နဲ့ အစ္စရေးဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ မည်သည့် အဖွဲ့အစည်းကိုမဆို ရန်ပုံငွေခွဲဝေ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ဥပဒေချမှတ်အရေးယူပိတ်ဆို့ထားတာမို့ ဒီအချက်ကြောင့်ပဲ ကုလသမဂရဲ့ ယူနက်စကိုအဖွဲ့ကြီးဟာ အဓိကထောက်ပံ့သူ အမေရိကန် ရဲ့ ရန်ပုံငွေမရနိုင်တော့ဘဲ ဘဏ္ဍာရေးအရ အခက်ကြုံရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော ရက်ပိုင်းအတွင်းမှာပဲ ယူရိုသတင်း ၀က်ဘ်ဆိုက်က ယူနက်စကိုရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် အီရီနာ ဘော့ကိုဗာနဲ့ ယူနက်စကိုအဖွဲ့ကြီးရဲ့ အနာဂတ်အကြောင်း မေးမြန်းထား ခဲ့တာတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ရုရှားအောက်လွှတ်တော် ရွေးကောက်ပွဲတွေဟာ အတိုက်အခံတို့ဘက်က ကန့်ကွက်မှုတွေကိုပါ ဆူညံစေခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ယူနိုက်တက် ရုရှားကပဲ အမတ်နေရာ ထက်ဝက်ကျော်နဲ့ အသာစီးရခဲ့တာကြောင့် ယခင်သမ္မတဟောင်းဘ၀ကနေလက်ရှိဝန်ကြီးချုပ်တာဝန်ယူထားပြီး သမ္မတတစ်ကြိမ် ပြန်ဖြစ်ဖို့တာစူလာနေတဲ့ ကေဂျီဘီအေးဂျင့်ဟောင်း ပူတင်ရဲ့ အနေအထားကိုပါ သံသယဖြစ်စရာတွေပေါ်လာနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲရလဒ် တွေမှာ မဲခိုးမှုတွေရှိခဲ့တယ်လို့ ယူဆခဲ့ရတဲ့ သန့် ရှင်းတဲ့ဒီမိုကရေစီစနစ်ကို ထောက်ခံသူ ရုရှားပြည်သူထောင်ပေါင်းများစွာဟာ မြို့ကြီးများမှာငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမှု တွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်က ယူနိုက်တက်ရုရှားပါတီဟာ အောက်လွှတ်တော်သစ်အတွက် အမတ်နေရာ ၄၅၀ မှာ ၂၃၈နေရာ အနိုင်ရထားကြောင်း ဒီဇင်ဘာ ၉ ရက်က ကြေညာ ထားသလို လက်ရှိသမ္မတ မက်ဗီဒက်ကလည်း ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုစွဲချက်တွေကို စုံစမ်းစစ်ဆေးသွားဖို့ အမိန့် ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အမည်ခံကွန်မြူနစ်စနစ်နဲ့ တစ်ပါတီနောက် ကြောင်း လှည့်သွားတော့မလား စောင့်ကြည့်ရပါတော့မယ်။ ဒါကြောင့်ပဲ
ဒီလိုအချိန်မှာ ဂျာမန်စပိုင်းဂဲလ်မီဒီယာက ယခင် သမ္မတဘောရစ်ယဲ့လ် ဆင်လက်ထက်မှာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိမှာ ရုရှားရဲ့ ထိပ်တန်းအတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ်နဲ့ မျက်မှောက် ရုရှားနိုင်ငံရေးမြင်ကွင်းအကျဉ်းကို သိရအောင် ရုပ်လုံးဖော်မေးမြန်းထားတာလေးကို ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

ဥရောပဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်းမှာ ဥရောပ စီးပွားရေးကိုကယ်တင်ဖို့ ဂျာမနီက ဇာတ်လိုက်လုပ်မယ်ဆိုရင် လူကြမ်းတွေက ဂရိ၊ ပေါ်တူဂီ၊ အီတလီတို့ဖြစ်ဖို့များပါတယ်။ ပေါ်တူဂီဟာ ယခုနှစ်အတွင်းမှာပဲ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ ဘဏ္ဍာရေးကယ်ဆယ်မှုနဲ့ ရပ်တည်ခဲ့ရပြီး လာမယ့်နှစ်မှာလည်း ဒဏ်ရာမ ကျက်သေးတဲ့ ၎င်းရဲ့ စီးပွားရေး ဟာ တိုးတက်မှုနှုန်း ၂ ဒသမ ၈ ရာခိုင်နှုန်းပဲရှိနိုင်မယ်လို့ ခန့်မှန်းနေရပါတယ်။ ဒါပေမဲ့ပေါ်တူဂီသမ္မတအန်နီဘယ်ကာဗာကို ဆေးလ်ဗား ကတော့ ပေါ်တူဂီနဲ့ ဂရိကိုနှိုင်းယှဉ်လို့မရဘူးလို့ ဆိုထားပြီး ယူရိုငွေအပေါ် ယုံကြည်မှုကလည်း ခိုင်မြဲနေတာတွေ့ရပါတယ်။  ဒါ့ကြောင့် တိုင်းမ်မဂ္ဂဇင်းနဲ့ သမ္မတဆေးလ်ဗားတို့ရဲ့ အမေးအဖြေတွေကို တင်ဆက်ပေးလိုက် ရပါတယ်။

Most View